သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမြင်အာရုံချို့တဲ့သူတွေ ကုသဖို့ အကူအညီလိုအပ်


မှတ်တမ်းဓာတ်ပုံ - မျက်မမြင် တဦးကို လမ်းပြ နေတဲ့ ကလေးငယ်။ Liberia စက်တင်ဘာ ၄ ၁၉၉၅။
မှတ်တမ်းဓာတ်ပုံ - မျက်မမြင် တဦးကို လမ်းပြ နေတဲ့ ကလေးငယ်။ Liberia စက်တင်ဘာ ၄ ၁၉၉၅။

ကမ္ဘာပေါ်မှာ အမြင်အာရုံ ချို့ယွင်းသူ ဒါမှမဟုတ် မျက်လုံးကွယ်နေသူ လူပေါင်း ၂ ဒသမ၂ ဘီလီယံ ထက်မနည်း ရှိတယ်လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO ကထုတ်ပြန်တဲ့ အစီရင်ခံစာ အသစ်တခုမှာ ဖော်ပြထားပါတယ်။ အဲဒီထဲမှာ ကြိုတင် ကာကွယ်နိုင်ခဲ့ခြေ ရှိတဲ့ ဒါမှမဟုတ် ခုချိန်ထိ ဘာမှ လုပ်မပေးနိုင်သေးတဲ့ အမြင်အာရုံချို့တဲ့နေသူ လူပေါင်းက ၁ ဘီလီယံထက် မနည်းရှိတယ်လို့ WHO ကပြောပါတယ်။

ကမ္ဘာတဝန်းက လူပေါင်း ၁ ဘီလီယံကျော်ဟာ အနီးမှုန် အဝေးမှုန်လိုမျိုး၊ ရေတိမ်စွဲတာလိုမျိုး၊ မျက်လုံးသူငယ်အိမ် အားနည်းတာ လိုမျိုး အခြေအနေတွေ အတွက် သူတို့လိုအပ်တဲ့ ကုသမှု မရကြတာကြောင့် အမြင်အာရုံချို့တဲ့ပြီး နေထိုင်နေကြရတယ်လို့ WHO က ပထမဆုံးထုတ်ပြန်တဲ့ အမြင်အာရုံဆိုင်ရာ နိုင်ငံတကာ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ဒီကနေ့ အောက်တိုဘာလ ၁၀ ရက်နေ့မှာ ကျရောက်နေတဲ့ နိုင်ငံတကာ အမြင်အာရုံဆိုင်ရာနေ့ World Sight Day မတိုင်ခင်မှာပဲ WHO က ဒီအစီရင်ခံစာကို ထုတ်ပြန်တာပါ။ သက်ကြီးရွယ်အို လူဦးရေ များလာတာ၊ ဘဝနေထိုင်မှုပုံစံ ပြောင်းလဲလာတာနဲ့ အထူး သဖြင့်တော့ ဝင်ငွေနိမ့်နိုင်ငံတွေ၊ အလယ်အလတ်အဆင့် ဝင်ငွေရှိ နိုင်ငံတွေမှာ မျက်လုံးကျန်းမာရေး စော့င်ရှောက်မှု မရှိလှတာ တွေဟာ အမြင်အာရုံချို့တဲ့သူ အရေအတွက် ပိုများလာနေတာရဲ့ အဓိကအကြောင်းရင်းတွေ ဖြစ်တယ်လို့ WHO အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

သာမန် မျက်မှန်တပ်ဖို့တောင် အလွယ်တကူ မရသူတွေ ဒါမှမဟုတ် မျက်လုံးသူငယ်အိမ် ခွဲစိတ်ကုသမှု ခံယူခွင့်မရသူတွေ စတဲ့ လူပေါင်း ၁ ဘီလီယံရဲ့ လိုအပ်ချက်ကို ကူညီဖြည့်ဆည်းပေးဖို့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံ လိုအပ်တယ်လို့ WHO ကပြောပါတယ်။

(Unicode)






အမြင်အာရုံချို့တဲ့သူတွေ ကုသဖို့ အကူအညီလိုအပ်
please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG