သုံးရလွယ်ကူစေသည့် Link များ

မြန်မာနိုင်ငံသားပိုင် ဘဏ်စာရင်းတွေ တရုတ်က ဘာကြောင့် ပိတ်ခဲ့တာလဲ


တရုတ်-မြန်မာ နယ်စပ် စစ်ဆေးရေးဂိတ်

လောင်းကစား၊ ငွေကြေးခဝါချမှုအပါအဝင် လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်စပ်တယ်ဆိုတဲ့ သံသယတွေနဲ့ တရုတ်နိုင်ငံမှာ ဖွင့်ထားတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဘဏ်စာရင်းတွေကို တရုတ်အစိုးရက ဇွန်လလယ်ပိုင်းမှာ ပိတ်ပစ်ခဲ့ပြီးတဲ့နောက် ဇွန်လ ၂၃ ရက်နေ့မှာ အများစုကို ပြန်ဖွင့်ပေးလိုက်ပြီလို့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာရှိတဲ့ ကုန်သည်တွေက ပြောပါတယ်။ တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံသားပိုင် ဘဏ်စာရင်းတွေကို တရုတ် အစိုးရက ပိတ်ပစ်ခြင်း နောက်ဆက်တွဲ အခြေအနေတွေကို မူဆယ်မြို့ ဆန်ကုန်သည်ကြီးများအသင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးမင်းသိန်းကို ဆက်သွယ် မေးမြန်းပြီး အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုဇော်ဝင်းလှိုင်က တင်ပြ ပေးထားပါတယ်။

XS
SM
MD
LG