သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေတာ႐ုိင္းတိရစၦာန္ စီးပြားျဖစ္ ေမြးျမဴခြင့္ေၾကာင့္ တ႐ုတ္ကို ေမွာင္ခိုေရာက္မယ့္အေရး သတိေပး


တ႐ုတ္ႏုိင္ငံမွာ သိ္းဆည္းရမိတဲ့ တရားမဝင္ ဆင္စြယ္ေတြ ဖ်က္ဆီးဖုိ႔ ျပင္ဆင္ေနတဲ့ျမင္ကြင္း။ (ဇန္နဝါရီ ၆၊ ၂၀၁၄)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ ေတာ႐ုိင္းတိရစၧာန္ေတြျဖစ္တဲ့ က်ားနဲ႔ သင္းေခြခ်ပ္ အပါအဝင္ တျခား မ်ိဳးတုံးလုအႏၲရာယ္ရွိတဲ့ တိရစၧာန္ေတြကို သားေဖာက္ေမြးျမဴ ေရာင္းဝယ္ႏုိင္တယ္ဆိုၿပီး ေတာ႐ုိင္းတိရစၧာန္ဆိုင္ရာ ဥပေဒကို ျပင္ဆင္ထုတ္ျပန္လိုက္တာက အိမ္နီးခ်င္း တ႐ုတ္ႏုိင္ငံက ေစ်းကြက္ဝယ္လိုအားကို ပိုၿပီး ျမင့္တက္သြားေစႏုိင္တယ္လို႔ သဘာဝပတ္ဝန္းက်င္အေရး လႈပ္ရွားသူေတြက သတိေပးလိုက္ပါတယ္။

အေရွ႕ေတာင္အာရွမွာ ျမန္မာႏုိင္ငံဟာ တရားမဝင္ ေတာ႐ုိင္းတိရစၧာန္ ေရာင္းဝယ္ေဖာက္ကားတဲ့ အဓိကေနရာတခု ျဖစ္သလို ကမၻာ့ေစ်းကြက္မွာ ခန္႔မွန္းေခ် အေမရိကန္ေဒၚလာ ဘီလီယံ ၂၀ ေလာက္ရွိတဲ့ တ႐ုတ္ႏုိင္ငံရဲ႕ ေစ်းကြက္လိုအပ္ခ်က္နဲ႔ အေရာင္းအဝယ္ေတြလည္း ရွိေနတာပါ။

ၿပီးခဲ့တဲ့ ဇြန္လတုန္းက မ်ိဳးတုံးလုအႏၲရာယ္ရွိတဲ့ တိရစၧာန္ အမ်ိဳး ၂၀ ေက်ာ္ အပါအဝင္ မ်ိဳးစိတ္ေပါင္း ၉၀ ေလာက္ကို ပုဂၢလိက တိရစၧာန္႐ုံေတြမွာ သားေဖာက္ေမြးျမဴခြင့္လိုင္စင္ ေလၽွာက္ထားဖို႔ ျမန္မာႏုိင္ငံ သစ္ေတာဦးစီးဌာနက ခြင့္ျပဳလိုက္တာပါ။ ေတာ႐ုိင္းတိရစၧာန္ေတြ တရားမဝင္ ခိုးဖမ္းတာနဲ႔ တရားမဝင္ ေမြးျမဴတာေတြကို ေလၽွာ့ခ်ႏုိင္ဖို႔ အခုလို ခြင့္ျပဳရတာျဖစ္ေၾကာင္း သစ္ေတာဦးစီးဌာနက ရွင္းလင္းေျပာၾကားခဲ့ေပမယ့္ အခုလို ခြင့္ျပဳလိုက္တဲ့အေပၚ သဘာဝပတ္ဝန္းက်င္အေရး လႈပ္ရွားသူေတြ အံ့အားသင့္ခဲ့ၾကပါတယ္။

စီးပြားေရးအရ ေတာ႐ုိင္းတိရစၧာန္ေတြကို သားေဖာက္ေရာင္းဝယ္ခြင့္ ျပဳတာက ေရရွည္မွာ မ်ိဳးတုံးလုအႏၲရာယ္ရွိေနတဲ့ တိရစၧာန္မ်ိဳးစိတ္ေတြကို တရားဝင္ အသုံးျပဳခြင့္ ေပးလိုက္သလို ျဖစ္သြားမွာကို သဘာဝထိန္းသိမ္းေရးသမားေတြက စိုးရိမ္ေနတာလည္း ျဖစ္ပါတယ္။

ျမန္မာႏုိင္ငံမွာ က်ား၊ သင္းေခြခ်ပ္၊ ဆင္နဲ႔ လင္းတ ငွက္မ်ိဳးစိတ္ေတြအျပင္ ဧရာဝတီလင္းပိုင္ စတဲ့ ေတာ႐ုိင္းတိရစၧာန္ေတြ ရွားပါးလာေနၿပီ ျဖစ္ပါတယ္။

အရင္က ရွားပါးတိရစၧန္ျဖစ္တဲ့ ထိုင္းႏုိင္ငံက မိေက်ာင္းေတြ အခုအခါ စီးပြားျဖစ္ ေမြးျမဴႏုိင္တဲ့သာဓက ရွိေပမယ့္ အခုလို သဘာဝ ေတာ႐ုိင္းတိရစၧာန္ေတြကို စီးပြားျဖစ္ ေမြးျမဴေနတာက ေရရွည္မွာ ေတာ႐ုိင္းတိရစၧာန္ေစ်းကြက္ကို တရားဝင္ျဖစ္ေအာင္ တြန္းပို႔ေနရာ ေရာက္တယ္လို႔ ပတ္ဝန္းက်င္အေရး လႈပ္ရွားသူေတြက ေျပာပါတယ္။

ေတာ႐ုိင္းတိရစၧာန္ စီးပြားျဖစ္ ေမြးျမဴတာက တရားမဝင္ ေရာင္းဝယ္ေဖာက္ကားမႈ အၿပိဳင္ေစ်းကြက္ေတြ ပိုတိုးလာႏုိင္ေၾကာင္းနဲ႔ ေတာ႐ုိင္းတိရစၧာန္နဲ႔ ပတ္သက္တဲ့ ကုန္ပစၥည္း ထုတ္လုပ္ေရာင္းခ်တဲ့ ေစ်းကြက္ကို အားေပးရာေရာက္ေၾကာင္း ကမၻာ့ ပတ္ဝန္းက်င္ထိန္းသိမ္းေရးအဖြဲ႔ (WWF) နဲ႔ ႏုိင္ငံတကာ သဘာဝ ေတာ႐ုိင္းတိရစၧာန္နဲ႔ သစ္ပင္ပန္းမန္ ေစာင့္ေရွာက္ေရးအဖြဲ႔ (FFI) တို႔ရဲ႕ ပူးတြဲေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ ေတာ႐ုိင္းတိရစၧာန္ အေရာင္းအဝယ္ကို စည္းမ်ဥ္းစည္းကမ္းနဲ႔အညီ လိုက္နာေအာင္ လုပ္ႏုိင္ဖို႔ အားနည္းတဲ့ ျမန္မာႏုိင္ငံအတြက္လည္း COVID-19 အလြန္ ေနာက္ထပ္ တိရစၧာန္ကတဆင့္ လူကိုကူးစက္တဲ့ ေရာဂါေတြ ျဖစ္လာမွာကိုလည္း ကၽြမ္းက်င္သူေတြက စိုးရိမ္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

တောရိုင်းတိရစ္ဆာန် စီးပွားဖြစ် မွေးမြူခွင့်ကြောင့် တရုတ်ကို မှောင်ခိုရောက်မယ့်အရေး သတိပေး

မြန်မာနိုင်ငံမှာ တောရိုင်းတိရစ္ဆာန်တွေဖြစ်တဲ့ ကျားနဲ့ သင်းခွေချပ် အပါအဝင် တခြား မျိုးတုံးလုအန္တရာယ်ရှိတဲ့ တိရစ္ဆာန်တွေကို သားဖောက်မွေးမြူ ရောင်းဝယ်နိုင်တယ်ဆိုပြီး တောရိုင်းတိရစ္ဆာန်ဆိုင်ရာ ဥပဒေကို ပြင်ဆင်ထုတ်ပြန်လိုက်တာက အိမ်နီးချင်း တရုတ်နိုင်ငံက ဈေးကွက်ဝယ်လိုအားကို ပိုပြီး မြင့်တက်သွားစေနိုင်တယ်လို့ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေက သတိပေးလိုက်ပါတယ်။

အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံဟာ တရားမဝင် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ဖောက်ကားတဲ့ အဓိကနေရာတခု ဖြစ်သလို ကမ္ဘာ့ဈေးကွက်မှာ ခန့်မှန်းချေ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ လောက်ရှိတဲ့ တရုတ်နိုင်ငံရဲ့ ဈေးကွက်လိုအပ်ချက်နဲ့ အရောင်းအဝယ်တွေလည်း ရှိနေတာပါ။

ပြီးခဲ့တဲ့ ဇွန်လတုန်းက မျိုးတုံးလုအန္တရာယ်ရှိတဲ့ တိရစ္ဆာန် အမျိုး ၂၀ ကျော် အပါအဝင် မျိုးစိတ်ပေါင်း ၉၀ လောက်ကို ပုဂ္ဂလိက တိရစ္ဆာန်ရုံတွေမှာ သားဖောက်မွေးမြူခွင့်လိုင်စင် လျှောက်ထားဖို့ မြန်မာနိုင်ငံ သစ်တောဦးစီးဌာနက ခွင့်ပြုလိုက်တာပါ။ တောရိုင်းတိရစ္ဆာန်တွေ တရားမဝင် ခိုးဖမ်းတာနဲ့ တရားမဝင် မွေးမြူတာတွေကို လျှော့ချနိုင်ဖို့ အခုလို ခွင့်ပြုရတာဖြစ်ကြောင်း သစ်တောဦးစီးဌာနက ရှင်းလင်းပြောကြားခဲ့ပေမယ့် အခုလို ခွင့်ပြုလိုက်တဲ့အပေါ် သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေ အံ့အားသင့်ခဲ့ကြပါတယ်။

စီးပွားရေးအရ တောရိုင်းတိရစ္ဆာန်တွေကို သားဖောက်ရောင်းဝယ်ခွင့် ပြုတာက ရေရှည်မှာ မျိုးတုံးလုအန္တရာယ်ရှိနေတဲ့ တိရစ္ဆာန်မျိုးစိတ်တွေကို တရားဝင် အသုံးပြုခွင့် ပေးလိုက်သလို ဖြစ်သွားမှာကို သဘာဝထိန်းသိမ်းရေးသမားတွေက စိုးရိမ်နေတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကျား၊ သင်းခွေချပ်၊ ဆင်နဲ့ လင်းတ ငှက်မျိုးစိတ်တွေအပြင် ဧရာဝတီလင်းပိုင် စတဲ့ တောရိုင်းတိရစ္ဆာန်တွေ ရှားပါးလာနေပြီ ဖြစ်ပါတယ်။

အရင်က ရှားပါးတိရစ္ဆန်ဖြစ်တဲ့ ထိုင်းနိုင်ငံက မိကျောင်းတွေ အခုအခါ စီးပွားဖြစ် မွေးမြူနိုင်တဲ့သာဓက ရှိပေမယ့် အခုလို သဘာဝ တောရိုင်းတိရစ္ဆာန်တွေကို စီးပွားဖြစ် မွေးမြူနေတာက ရေရှည်မှာ တောရိုင်းတိရစ္ဆာန်ဈေးကွက်ကို တရားဝင်ဖြစ်အောင် တွန်းပို့နေရာ ရောက်တယ်လို့ ပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

တောရိုင်းတိရစ္ဆာန် စီးပွားဖြစ် မွေးမြူတာက တရားမဝင် ရောင်းဝယ်ဖောက်ကားမှု အပြိုင်ဈေးကွက်တွေ ပိုတိုးလာနိုင်ကြောင်းနဲ့ တောရိုင်းတိရစ္ဆာန်နဲ့ ပတ်သက်တဲ့ ကုန်ပစ္စည်း ထုတ်လုပ်ရောင်းချတဲ့ ဈေးကွက်ကို အားပေးရာရောက်ကြောင်း ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ (WWF) နဲ့ နိုင်ငံတကာ သဘာဝ တောရိုင်းတိရစ္ဆာန်နဲ့ သစ်ပင်ပန်းမန် စောင့်ရှောက်ရေးအဖွဲ့ (FFI) တို့ရဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် တောရိုင်းတိရစ္ဆာန် အရောင်းအဝယ်ကို စည်းမျဉ်းစည်းကမ်းနဲ့အညီ လိုက်နာအောင် လုပ်နိုင်ဖို့ အားနည်းတဲ့ မြန်မာနိုင်ငံအတွက်လည်း COVID-19 အလွန် နောက်ထပ် တိရစ္ဆာန်ကတဆင့် လူကိုကူးစက်တဲ့ ရောဂါတွေ ဖြစ်လာမှာကိုလည်း ကျွမ်းကျင်သူတွေက စိုးရိမ်နေကြပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG