သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စြန္႔ပစ္ ပလတ္စတစ္ေတြနဲ႔ အႏုပညာလက္ရာတခ်ိဳ႕ ဖန္တီးသူ


ယူေကႏိုင္ငံ Bringhton ျမိဳ႕က သူနာျပဳဆရာမ Sammie Aplin ဟာ ကမ္းေျခတေလ ွ်ာက္ စြန္႔ပစ္ ပလတ္စတစ္ပစၥည္းေတြကို လုိက္လံ ေကာက္ယူျပီး အႏုပညာပစၥည္းေလးေတြ ဖန္တီးပါတယ္။ ဘာေၾကာင့္ ခုလို လုပ္ျဖစ္တာပါလဲ။ သမုဒၵရာေတြထဲ စြန္႔ပစ္ပလတ္စတစ္ေတြ ဘယ္ေလာက္ေတာင္ ရွိေနပါလဲ။ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက စုစည္းတင္ျပထားပါတယ္။

(Zawgyi/Unicode)

ကမၻာတ၀ွမ္း ရာသီဥတု ေဖာက္ျပန္ေျပာင္းလဲမႈေတြကို စုေပါင္း ကာကြယ္ဟန္႔တားႏုိင္ဖို႔ ရည္ရြယ္ၿပီး ကုလသမဂၢ ဦးေဆာင္က်င္းပတဲ့ ထိပ္သီးေဆြးေႏြးပြဲ COP26 ကို ယူေကႏုိင္ငံ Glasgow ျမိဳ႕မွာ ႏို၀င္ဘာလထဲ က်င္းပခဲ့သလို၊ ကမၻာၾကီး ပူေႏြးလာမႈနဲ႔ သဘာ၀ ပတ္၀န္းက်င္ ေရရွည္ စိမ္းလန္းေရးအတြက္ လူတဦးခ်င္းစီကေရာ ကိုယ့္တႏုိင္တပိုင္ ဘယ္လို အေျပာင္းအလဲေတြ လုပ္ႏုိင္မလဲ ဆိုတာကို လူေတြ အမ်ားအျပား စဥ္းစား လုပ္ေဆာင္ လာေနၾကပါတယ္။ ယူေကႏိုင္ငံ Bringhton ျမိဳ႕က သူနာျပဳတဦးကေတာ့ သူ႔ေဒသက ကမ္းေျခတေလ ွ်ာက္ စြန္႔ပစ္ ပလတ္စတစ္ပစၥည္းေတြကို လုိက္လံ ေကာက္ယူ စုေဆာင္းျပီး အႏုပညာပစၥည္းေလးေတြ ဖန္တီးေနပါတယ္။ ဘာေၾကာင့္ သူ ခုလို လုပ္ျဖစ္တာပါလဲ။ ပင္လယ္ သမုဒၵရာႀကီးေတြထဲ ပလတ္စတစ္ အမႈိက္စြန္႔ပစ္မႈေတြ ဘယ္ေလာက္ေတာင္မ်ား ရွိေနလဲ။ ဒါေတြက သဘာ၀ပတ္၀န္းက်င္အတြက္ ဘယ္လိုဆိုးက်ိဳးေတြ ျဖစ္ေစသလဲ ဆိုတာေတြကို ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက စုစည္းတင္ျပထားပါတယ္။

ကမၻာတ၀ွမ္း ပလတ္စတစ္ပစၥည္း သံုးစြဲမႈေတြ တိုးလာတာနဲ႔အမ ွ် အလြယ္တကူ ပ်က္စီး ေပ်ာက္ပ်က္မသြားႏိုင္တဲ့ ပလတ္စတစ္ စြန္႔ပစ္ပစၥည္းေတြဟာ ႏွစ္စဥ္ တန္ခ်ိန္ သန္း ၃၀၀ ေလာက္အထိ ရွိလာေနျပီး သဘာ၀ပတ္၀န္းက်င္ကို အၾကီးအက်ယ္ ထိခိုက္ပ်က္စီးလာေစတဲ့အေၾကာင္း သဘာ၀ပတ္၀န္းက်င္ဆိုင္ရာ ကုလသမဂၢ အစီအစဥ္ UNEP က သတိေပးထားပါတယ္။

ႏွစ္စဥ္ ပင္လယ္သမုဒၵရာေတြထဲ ေရာက္လာတဲ့ ပလတ္စတစ္ စြန္႔ပစ္ပစၥည္းေပါင္းက တန္ခ်ိန္ ၈ သန္းေလာက္ရွိျပီး ေရသတၱ၀ါေတြနဲ႔ သူတို႔ရွင္သန္ ေနထိုင္တဲ့ သမုဒၵရာေတြရဲ႕ ဂဟစနစ္ေတြ ပ်က္စီး တိမ္ေကာလာတဲ့အထိ ျခိမ္းေျခာက္မႈေတြ ရွိလာေနတာပါ။ ဒါေၾကာင့္လဲ ဒီလို ပလတ္စတစ္အမႈိက္ေတြကို ဘယ္လို ထိန္းခ်ဳပ္ၾကမလဲ။ ဘယ္လို ျပန္လည္ အသံုးျပဳျပီး သဘာ၀ပတ္၀န္းက်င္အတြက္ ထိခိုက္မႈနည္းေအာင္ လုပ္ၾကမလဲ ဆုိတာေတြကို သဘာ၀ပတ္၀န္းက်င္အေရး တက္ၾကြ လႈပ္ရွားသူေတြက ၾကိဳးပမ္းလာၾကပါတယ္။

UK ႏုိင္ငံ Brighton ျမိဳ႕က သူနာျပဳဆရာမ Sammie Aplin ကေတာ့ မနက္ခင္းတိုင္း သူေနထိုင္တဲ့ေနရာအနီး ကမ္းေျခတေလ ွ်ာက္ ေရထဲ ေမ ်ာပါလာတဲ့ ပလတ္စတစ္အမိႈက္ေတြကို လိုက္လံ ေကာက္ယူ စုေဆာင္းပါတယ္။ အဂၤလန္ေတာင္ပိုင္း ကမ္းရိုးတန္းမွာ တည္ရွိတဲ့ Brighton ျမိဳ႕ဟာ ခရီးသြားေတြ အမ်ားအျပား လာေရာက္ေလ့ရွိတဲ့ေနရာျဖစ္သလို၊ စြန္႔ပစ္အမိႈက္ေတြ ကလည္း ေပါပါတယ္။ ဒါေၾကာင့္ သူနာျပဳဆရာမ Aplin အတြက္ တေန႔ တေန႔ကမ္းေျခမွာ ရွိေနတဲ့ အမႈိက္ေတြက ေကာက္လို႔ မကုန္ႏိုင္ေအာင္ ျဖစ္ေနတာပါ။ သူ ေကာက္ယူလာတဲ့ စြန္႔ပစ္ ပလတ္စတစ္အမိႈက္ေတြကို အေကာင္းဆံုး ျပန္လည္ အသံုးျပဳႏုိင္မယ့္ နည္းတခုကိုလည္း သူနာျပဳ Aplin က ရွာေတြ႕ခဲ့ပါတယ္။

ေဆး႐ံုမွာ ပင္ပင္ပန္းပန္း အလုပ္ လုပ္ျပီး ျပန္လာတဲ့အခါတိုင္း အႏုပညာလက္ရာတခ်ိဳ႕ ဖန္တီးျပီး စိတ္အပန္းေျဖေလ့ရွိတဲ့ Aplin ဟာ ကိုဗစ္ကာလ အသြားအလာ ကန္႔သတ္မႈေတြ ရွိေနတဲ့အခ်ိန္ သူ စုေဆာင္းေကာက္ယူထားတဲ့ ပလတ္စတစ္ စြန္႔ပစ္ပစၥည္းေတြနဲ႔ အႏုပညာလက္ရာေတြကို စတင္ ဖန္တီးလာခဲ့ပါတယ္။ ဒီလုိ ဖန္တီးရတာက သူ႔အတြက္ အေကာင္းဆံုး စိတ္အပန္းေျဖနည္း ျဖစ္သလို၊ စြန္႔ပစ္ပလတ္စတစ္ေတြကို ျပန္လည္ အသံုးျပဳတဲ့အတြက္ သဘာ၀ပတ္၀န္းက်င္ ထိခိုက္မႈ နည္းေစဖို႔လည္း သူက အဓိက ရည္ရြယ္ပါတယ္။

အႏုပညာဖန္တီးသူ တေယာက္အေနနဲ႔ အေရာင္အေသြး စံုတဲ့ ပစၥည္းေလးေတြ ေတြ႔တဲ့အခါ ၀မ္းသာရေပမဲ့၊ ဒါက ပလတ္စတစ္ စြန္႔ပစ္အမႈိက္ေတြ ျဖစ္ေနတဲ့အခါ၊ ဒီလိုပလတ္စတစ္ေတြရဲ႕ သက္ေရာက္မႈကို ေတြးမိၿပီး စိတ္မေကာင္း ျဖစ္ရတယ္လို႔ သူနာျပဳဆရာမ Sammie Aplin က ေျပာပါတယ္။

"အေရာင္အေသြးရွိတဲ့ ဘာ ပစၥည္းေလးပဲေတြ႔ေတြ႔ က်မ ေပ်ာ္ပါတယ္။ အဲ့ဒါေလးေတြက အႏုပညာဖန္တီးဖို႔ အတြက္ေတာ့ အင္မတန္ ေကာင္းတာမို႔ တဘက္မွာ အဲ့ဒါေလးေတြ ေတြ႔ရင္ က်မ စိတ္ထဲမွာ ေပ်ာ္မိေပမဲ့ တဘက္မွက်ေတာ့လည္း ဒီပစၥည္းေတြက ဘာလို႔ကမ္းေျခမွာ ရွိေနရတာလဲဆုိတဲ့ အေတြးနဲ႔ စိတ္မေကာင္းျဖစ္ရပါတယ္။ ဒီပလတ္စတစ္အမႈိက္ေတြက ဒီလိုေနရာမွာ မရွိသင့္ဘူးေလ။ ျပီးခဲ့တဲ့ႏွစ္အတြင္း က်မ တေယာက္တည္း ရွာေတြ႔တဲ့ ပစၥည္းေတြတင္ အေတာ္ကိုမ်ားပါတယ္။”

သူတေယာက္တည္း ရွာေဖြေတြ႔ရွိတဲ့ ပလတ္စတစ္ စြန္႔ပစ္ပစၥည္းေတြေတာင္ မေရမတြက္ႏုိင္ ျဖစ္ေနရင္၊ ေန႔စဥ္ ဒီလို စြန္႔ပစ္ပစၥည္းေတြ ဘယ္ေလာက္ေတာင္ ရွိေနမလဲ ေတြးျပီး Aplin ကေတာ့ စိတ္မေကာင္း ျဖစ္ေနသူပါ။ ဒါေၾကာင့္လည္း ဒီလို စြန္႔ပစ္ပစၥည္းေတြကို တတ္ႏိုင္သေလာက္ ျပန္လည္ အသံုးျပဳတယ္လို႔ ေျပာပါတယ္။

သူ႔အေနနဲ႔ အေရာင္အေသြးစံု ပစၥည္းေတြနဲ႔ အႏုပညာလက္ရာေတြ ဖန္တီးျဖစ္တာ ကေတာ့ Brighton ျမိဳ႕က လိင္တူစံုမက္သူ အသိုင္းအ၀ိုင္းကို ထင္ဟပ္ေစတဲ့ သက္တံေရာင္စံု သေကၤတကို ေဖာ္ျပရာ ေရာက္ေစဖို႔ျဖစ္သလို၊ ၿဗိတိန္ အမ်ိဳးသားက်န္းမာေရးဌာန NHS က်န္းမာေရး ၀န္ထမ္းတေယာက္ အေနနဲ႔လည္း သက္တံေရာင္ဟာ ကပ္ေဘးကာလအတြင္း NHS က်န္းမာေရး ၀န္ထမ္းေတြကို ေထာက္ခံအားေပးေၾကာင္း ျပသတဲ့ သေကၤတ ျဖစ္ေနတာေၾကာင့္ပါ။ ဘယ္လို ပံုစံနဲ႔ပဲျဖစ္ျဖစ္ သူ႔အတြက္ကေတာ့ ခလို ပလတ္စတစ္ စြန္႔ပစ္ ပစၥည္းေတြကို ျပန္လည္ အသံုးျပဳႏိုင္ဖို႔က သိပ္ကို အေရးၾကီးပါတယ္။

"စြန္႔ပစ္အမိႈက္ေတြကို တေနရာရာမွာ အသံုးျပဳႏုိင္တဲ့ ပစၥည္းတခုအျဖစ္ ျမင္ဖို႔ အင္မတန္႔…အင္မတန္ကို အေရးၾကီးပါတယ္။ မဟုတ္ရင္ ဒီပစၥည္းေတြဟာ ေျမၾကီး ဒါမွမဟုတ္ အမိႈက္ပံုေတြထဲမွာ ရွိေနမွာပါ။ ခုလို ျပန္သံုးလိုက္ေတာ့ တေယာက္ေယာက္ရဲ႕ အိမ္နံရံမွာ အနည္းဆံုး ႏွစ္ အနည္းအက်ဥ္းေလာက္ပဲျဖစ္ျဖစ္၊ တေယာက္ေယာက္အတြက္ ႏွစ္လိုဖြယ္ရာ အရာတခုအျဖစ္ ရွိေနႏုိင္ပါတယ္။”

အေစာပိုင္းမွာေတာ့ သူ႔ရဲ႕ အႏုပညာ ဖန္တီးမႈေတြကို မိသားစုေတြနဲ႔ မိတ္ေဆြေတြအတြက္ လက္ေဆာင္ပစၥည္းေလးေတြ အျဖစ္ ဖန္တီးျဖစ္ခဲ့တာပါ။ ဒါေပမဲ့ ေနာက္ပိုင္းမွာေတာ့ သူ႔ရဲ႕ လက္ရာေတြ တစ တစ လူသိမ်ားလာခဲ့ျပီး လန္ဒန္ျမိဳ႕ေတာ္ကေနပါ မွာယူသူေတြ ရွိလာပါတယ္။

အလြယ္တကူ ပ်က္စီး ေပ်ာက္ျပယ္မသြားနုိင္တဲ့ ပလတ္စတစ္အမႈိုက္ေတြ ကမာၻေပၚက သမုဒၵရာႀကီးေတြထဲမွာ ဘယ္ေလာက္ၾကာၾကာ ကတည္းက ဘယ္ေလာက္ေတာင္မ်ားမ်ား ရွိေနမလဲ ဆုိတာကေတာ့ သူနာျပဳဆရာမ Alpin ရွာေဖြ စုေဆာင္းရရွိတဲ့ စြန္႔ပစ္ပစၥည္းေတြကို ၾကည့္ရံုနဲ႔တင္ သိႏိုင္ပါတယ္။

"ဟိုး ႏွစ္အေတာ္ၾကာက ပစၥည္းတခ်ိဳ႕ကိုေတာင္ ကမ္းေျခမွာ က်မ ရွာေတြ႔ဖူးပါတယ္။ သိပ္မၾကာခင္ လအနည္းငယ္ကပဲ Fairy တံဆိပ္ အရည္ဘူးေလးတခု က်မ ေတြ႕ခဲ့တယ္။ အဲ့ဒါေလးဆိုရင္ ၁၉၇၀ ျပည့္လြန္ႏွစ္ေတြေလာက္ကလို႔ ဘူးေလး ထင္ပါတယ္။ Rowntree's Smarties ေခ်ာကလက္ဘူးဖံုးေလးလည္း ရွာေတြ႔ဖူးတယ္။ အဲ့ဒါကလည္း ၁၉၆၀-၇၀ ကာလေတြက ပစၥည္းေတြပါ။ ခုထိ အေကာင္းအတိုင္း ရွိေနၾကတုန္းပဲ။ ဒီမွာၾကည့္ေလ။”

ပလတ္စတစ္အမႈိုက္ေတြဟာ ႏွစ္ေပါင္းရာနဲ႔ခ်ီတဲ့အထိ ပ်က္ျပယ္မသြားႏုိင္ပါဘူး။ ဒီလို အလြယ္တကူ မပ်က္စီးတဲ့ ပလတ္စတစ္အမိႈက္ေတြ ပင္လယ္ထဲ စြန္႔ပစ္ၾကတဲ့အခါ ေရသတၱဝါေတြ အမ်ားအျပား ထိခိုက္ပ်က္စီးၾကရပါတယ္။ ဒီအထဲမွာ ရွားပါး ပင္လယ္လိပ္ႀကီးေတြလည္း ပါ ပါတယ္။ ပလတ္စတစ္ေတြကို မထိန္းခ်ဳပ္ႏိုင္တာက တခ်ိဳ႕ ေရသတၱဝါေတြကို မ်ိဳးတံုးတဲ့အထိ အႏၲရာယ္ ျဖစ္ႏိုင္တယ္ဆိုတာကို သဘာ၀ ပတ္၀န္းက်င္အေရး ေဆာင္ရြက္ေနသူေတြကေတာ့ သတိေပးေနၾကပါတယ္။

Brighton ၿမိဳ႕မွာရွိတဲ့ ကမာၻ႔ေရွးအက်ဆံုး အဏၰဝါျပတိုက္ SEA LIFE Brighton မွာ စီမံကြပ္ကဲေရးမွဴး လုပ္ေနတဲ့ Joe Williams ကေတာ့ ပလတ္စတစ္စြန္႔ပစ္ ပစၥည္းေတြေၾကာင့္ ပင္လယ္လိပ္ေတြ ရွင္သန္ေရး အႏၲရာယ္ ျဖစ္လာေစတယ္လို႔ ေျပာပါတယ္။

"ပလတ္စတစ္ေတြေၾကာင့္ လိပ္ေတြ အႏၱရာယ္ျဖစ္ေစပါတယ္။ လိပ္ေတြဟာ သဘာ၀အတုိင္း ေနထိုင္သြားလာခ်ိန္မွာ ဂ်ယ္လီငါးေလးေတြကို စားၾကပါတယ္။ စြန္႔ပစ္ ပလတ္စတစ္အိတ္ေတြက ဂ်ယ္လီငါးနဲ႔ အေတာ္ေလး တူၾကပါတယ္။ ဆိုေတာ့ လိပ္ေတြအတြက္က ပလတ္စတစ္ ေတြ႔ရင္ အိုး..ဒါ ငါတို႔အစာပဲ စားမယ္ ဆိုတာမ်ိဳးနဲ႔ စားၾကတာပါပဲ။ ပလတ္စတစ္ေတြ သူတို႔အူထဲ ေရာက္တဲ့အခါမွာေတာ့ အႏၱရာယ္ျဖစ္ျပီး ေသၾကရပါတယ္။”

သမုဒၵရာထဲ ေရာက္လာတဲ့ ပလတ္စတစ္ အစိတ္အပိုင္း အစအန ေန႔စဥ္ ၈ သန္း ေလာက္ရွိတယ္ ဆိုတာသိရင္ လူေတြ အံ့အားသင့္ႏိုင္တယ္ လို႔လည္း Williams က ေျပာပါတယ္။ အခုေနာက္ပိုင္းကာလေတြမွာ အေျခအေနက ပိုၿပီးေတာ့ေတာင္ ဆိုးလာတယ္လို႔လည္း သူက ေျပာပါတယ္။

"ဒီက ပင္လယ္ကမ္းေျခေတြ သန္႔ရွင္းေနေစဖို႔ က်ေနာ္ ၾကိဳးပမ္း လုပ္ေဆာင္ေနတာ ၇ ႏွစ္ ရွိေနပါျပီ။ ဒီကာလတေလ ွ်ာက္လံုးမွာ ဒီႏွစ္ကေတာ့ အရင္ႏွစ္ေတြကထက္ အမ်ားၾကီး ပိုဆိုးလာပါတယ္။”

ပင္လယ္ေရဟာ တခ်ိန္လံုး စီးေနသလို၊ ေရစီးေၾကာင္းေတြကလည္း ေျပာင္းလဲ ေနတာေၾကာင့္ ပလတ္စတစ္အမႈိက္ေတြ ဟာလည္း ဒီေရစီးနဲ႔အတူ ေရ နယ္နိမိတ္ အကန္႔အသတ္မရွိ ေရြ႕လ်ား ေမ်ာပါေနတာပါ။ ဒါေၾကာင့္ တေနရာတည္းမွာ သန္႔ရွင္းေနေအာင္ လုပ္ေန႐ံုနဲ႔ မလံုေလာက္ဘဲ ေနရာတိုင္းမွာ အားလံုးက ဝိုင္း၀န္း ေဆာင္ရြက္ၾကဖို႔ လိုအပ္တယ္လို႔ Williams က ေျပာပါတယ္။

"Brington ကမ္းေျခမွာ ပလတ္စတစ္အိတ္တလံုး ပစ္ခ်ထားခဲ့လိုက္တာက ဂရိႏိုင္ငံမွာရွိတဲ့ ရွားပါး ပင္လယ္လိပ္ေတြကို ထိခိုက္ေစ လိမ့္မယ္လို႔ ေတြးဖို႔က ခက္ေကာင္း ခက္ပါလိမ့္မယ္။ ဒါေပမဲ့ ဒါက တကယ္ကို ျဖစ္ေနတာပါ။ သမုဒၵရာ ေရစီးေၾကာင္းေတြရဲ႕ အေျပာင္းအလဲ၊ ေရြ႕လ်ား ေမ်ာပါဖို႔လြယ္တဲ့ သဘာ၀ေတြအရ ပလတ္စတစ္အမႈိက္ေတြဟာ ကမၻာတ၀ွမ္း ဘယ္ေနရာကိုမဆို ေရာက္သြား ႏုိင္ပါတယ္။”

ဒါေၾကာင့္လည္း သူနာျပဳဆရာမေလး Aplin ကေတာ့ အႏုပညာပစၥည္းေတြ ဖန္တီးဖို႔အတြက္ လိုအပ္တာပဲျဖစ္ျဖစ္၊ မလိုအပ္တဲ့ အရာပဲျဖစ္ျဖစ္ ကမ္းေျခကိုေရာက္လာတဲ့ ပလတ္စတစ္အမႈိက္ မ်ိဳးစံုကို ေကာက္ယူ ဖယ္ရွားေပးပါတယ္။

ဒီကေန႔ ကမ႓ာႀကီး ၾကံဳေနရတဲ့ သဘာ၀ပတ္၀န္းက်င္ဆိုင္ရာ ျပႆနာေတြထဲမွာ အႀကီးမားဆံုး ျပႆနာႀကီး ၂ ခုက ဥတုရာသီ ေဖာက္ျပန္မႈနဲ႔ ပလတ္စတစ္ညစ္ညမ္းမႈ ျပႆနာ ျဖစ္တယ္ဆိုၿပီး ကၽြမ္းက်င္ ပညာရွင္ေတြက ေျပာဆိုထားပါတယ္။ ကမ႓ာႀကီးပူေႏြးမႈ ျဖစ္ေစတဲ့ ဖန္လံုအိမ္ဓာတ္ေငြ႕ ထုတ္လႊတ္မႈကို ျဖစ္ေစတဲ့ အေၾကာင္းရင္းေတြထဲမွာ ပလတ္စတစ္ပစၥည္းနဲ႔ အမိႈက္ေတြ ပါ ေနတာပါ။

ရာသီဥတု ေဖာက္ျပန္ ေျပာင္းလဲမႈ ဟန္႔တားေရး အစိုးရေတြနဲ႔ ပူးေပါင္းဖြဲ႔စည္းထားတဲ့ Intergovernmental Panel on Climate Change အဖြဲ႔က သုေတသီေတြရဲ႕ေလ့လာခ်က္အရဆိုရင္ - ပလတ္စတစ္ထုတ္ကုန္ေတြနဲ႔ စြန္႔ပစ္ပစၥည္းေတြေၾကာင့္ ၂၀၁၉ ခုႏွစ္အတြင္း ဖန္လံုအိမ္ ဓာတ္ေငြ႕ ထုတ္လုပ္မႈပမာဏ တန္ခ်ိန္ သန္း ၈၅၀ အထိ ရွိခဲ့ၿပီး ဒါကို မထိန္းခ်ဳပ္ႏိုင္ရင္ လာမယ့္ ၂၀၅၀ ခုႏွစ္က်ရင္ ပလတ္စတစ္ေၾကာင့္ ျဖစ္လာတဲ့ ဖန္လံုအိမ္ဓာတ္ေငြ႕ ထုတ္လႊတ္မႈဟာ တန္ခ်ိန္ ၂.၈ ဘီလ်ံအထိ ျဖစ္လာလိမ့္မယ္လို႔ သတိေပးထားပါတယ္။ ကမ႓ာႀကီး ပိုမို ပူေႏြးလာတာနဲ႔အမွ် ရာသီဥတု ေဖာက္ျပန္မႈေတြရဲ႕ဒဏ္ကို လူသားေတြ တိုးၿပီး ခံစားလာၾကရပါတယ္။ ဒါကိုဟန္႔တားဖို႔ ကမာၻႀကီး ပူေႏြးမႈကိုျဖစ္ေစတဲ့ ဖန္လံုအိမ္ဓာတ္ေငြ႔ ထုတ္လႊတ္မႈကို ေလ်ာ့ခ်ဖို႔ဆိုတာမွာ ပလတ္စတစ္ျပႆနာကို ခ်န္ထားလို႔ မရႏိုင္ပါဘူး။

ကမ႓ာႀကီးပူေႏြးမႈနဲ႔ ကမၻာတ၀ွမ္းၾကံဳေနရတဲ့ ရာသီဥတု ေဖာက္ျပန္ ေျပာင္းလဲမႈေတြကို စုေပါင္း ကာကြယ္ဟန္႔တားဖို႔ ဆိုတာမွာေတာ့ - ႏိုင္ငံေတြ အစိုးရေတြ ပူးေပါင္းေဆာင္ရြက္မႈက အေရးႀကီးသလို၊ ထိေရာက္တဲ့ ပူးေပါင္းေဆာင္ရြက္မႈေတြ ရွိလာေအာင္ လူတဦး တေယာက္ခ်င္းစီကလည္း တာ၀န္သိစိတ္နဲ႔ ကိုယ္တတ္ႏိုင္တဲ့ဘက္က ပူးေပါင္း ပါ၀င္ ေဆာင္ရြက္ဖို႔ အေရးႀကီးပါတယ္။ ဒါေၾကာင့္ Bringhton ျမိဳ႕က သူနာျပဳဆရာမ Alpin လို တာ၀န္သိႏိုင္ငံသားေတြ အမ်ားအျပား လိုအပ္တယ္ဆိုတာ တင္ျပရင္း ဒီသီတင္းပတ္ အမ်ိဳးသမီးက႑ကို ဒီမွာပဲ ရပ္နားခြင့္ျပဳပါ။ က်မ ခင္ျဖဴေထြးပါရွင့္။
========================
[Unicode]
စွန့်ပစ် ပလတ်စတစ်တွေနဲ့ အနုပညာလက်ရာတချို့ ဖန်တီးသူ (အမျိုးသမီးကဏ္ဍ)

ကမ္ဘာတဝှမ်း ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုတွေကို စုပေါင်း ကာကွယ်ဟန့်တားနိုင်ဖို့ ရည်ရွယ်ပြီး ကုလသမဂ္ဂ ဦးဆောင်ကျင်းပတဲ့ ထိပ်သီးဆွေးနွေးပွဲ COP26 ကို ယူကေနိုင်ငံ Glasgow မြို့မှာ နိုဝင်ဘာလထဲ ကျင်းပခဲ့သလို၊ ကမ္ဘာကြီး ပူနွေးလာမှုနဲ့ သဘာ၀ ပတ်ဝန်းကျင် ရေရှည် စိမ်းလန်းရေးအတွက် လူတဦးချင်းစီကရော ကိုယ့်တနိုင်တပိုင် ဘယ်လို အပြောင်းအလဲတွေ လုပ်နိုင်မလဲ ဆိုတာကို လူတွေ အများအပြား စဉ်းစား လုပ်ဆောင် လာနေကြပါတယ်။ ယူကေနိုင်ငံ Bringhton မြို့က သူနာပြုတဦးကတော့ သူ့ဒေသက ကမ်းခြေတလေ ျှာက် စွန့်ပစ် ပလတ်စတစ်ပစ္စည်းတွေကို လိုက်လံ ကောက်ယူ စုဆောင်းပြီး အနုပညာပစ္စည်းလေးတွေ ဖန်တီးနေပါတယ်။ ဘာကြောင့် သူ ခုလို လုပ်ဖြစ်တာပါလဲ။ ပင်လယ် သမုဒ္ဒရာကြီးတွေထဲ ပလတ်စတစ် အမှိုက်စွန့်ပစ်မှုတွေ ဘယ်လောက်တောင်များ ရှိနေလဲ။ ဒါတွေက သဘာဝပတ်ဝန်းကျင်အတွက် ဘယ်လိုဆိုးကျိုးတွေ ဖြစ်စေသလဲ ဆိုတာတွေကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်းတင်ပြထားပါတယ်။

ကမ္ဘာတဝှမ်း ပလတ်စတစ်ပစ္စည်း သုံးစွဲမှုတွေ တိုးလာတာနဲ့အမ ျှ အလွယ်တကူ ပျက်စီး ပျောက်ပျက်မသွားနိုင်တဲ့ ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေဟာ နှစ်စဉ် တန်ချိန် သန်း ၃၀၀ လောက်အထိ ရှိလာနေပြီး သဘာဝပတ်ဝန်းကျင်ကို အကြီးအကျယ် ထိခိုက်ပျက်စီးလာစေတဲ့အကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကုလသမဂ္ဂ အစီအစဉ် UNEP က သတိပေးထားပါတယ်။

နှစ်စဉ် ပင်လယ်သမုဒ္ဒရာတွေထဲ ရောက်လာတဲ့ ပလတ်စတစ် စွန့်ပစ်ပစ္စည်းပေါင်းက တန်ချိန် ၈ သန်းလောက်ရှိပြီး ရေသတ္တဝါတွေနဲ့ သူတို့ရှင်သန် နေထိုင်တဲ့ သမုဒ္ဒရာတွေရဲ့ ဂဟစနစ်တွေ ပျက်စီး တိမ်ကောလာတဲ့အထိ ခြိမ်းခြောက်မှုတွေ ရှိလာနေတာပါ။ ဒါကြောင့်လဲ ဒီလို ပလတ်စတစ်အမှိုက်တွေကို ဘယ်လို ထိန်းချုပ်ကြမလဲ။ ဘယ်လို ပြန်လည် အသုံးပြုပြီး သဘာဝပတ်ဝန်းကျင်အတွက် ထိခိုက်မှုနည်းအောင် လုပ်ကြမလဲ ဆိုတာတွေကို သဘာဝပတ်ဝန်းကျင်အရေး တက်ကြွ လှုပ်ရှားသူတွေက ကြိုးပမ်းလာကြပါတယ်။

UK နိုင်ငံ Brighton မြို့က သူနာပြုဆရာမ Sammie Aplin ကတော့ မနက်ခင်းတိုင်း သူနေထိုင်တဲ့နေရာအနီး ကမ်းခြေတလေ ျှာက် ရေထဲ မေ ျာပါလာတဲ့ ပလတ်စတစ်အမှိုက်တွေကို လိုက်လံ ကောက်ယူ စုဆောင်းပါတယ်။ အင်္ဂလန်တောင်ပိုင်း ကမ်းရိုးတန်းမှာ တည်ရှိတဲ့ Brighton မြို့ဟာ ခရီးသွားတွေ အများအပြား လာရောက်လေ့ရှိတဲ့နေရာဖြစ်သလို၊ စွန့်ပစ်အမှိုက်တွေ ကလည်း ပေါပါတယ်။ ဒါကြောင့် သူနာပြုဆရာမ Aplin အတွက် တနေ့ တနေ့ကမ်းခြေမှာ ရှိနေတဲ့ အမှိုက်တွေက ကောက်လို့ မကုန်နိုင်အောင် ဖြစ်နေတာပါ။ သူ ကောက်ယူလာတဲ့ စွန့်ပစ် ပလတ်စတစ်အမှိုက်တွေကို အကောင်းဆုံး ပြန်လည် အသုံးပြုနိုင်မယ့် နည်းတခုကိုလည်း သူနာပြု Aplin က ရှာတွေ့ခဲ့ပါတယ်။

ဆေးရုံမှာ ပင်ပင်ပန်းပန်း အလုပ် လုပ်ပြီး ပြန်လာတဲ့အခါတိုင်း အနုပညာလက်ရာတချို့ ဖန်တီးပြီး စိတ်အပန်းဖြေလေ့ရှိတဲ့ Aplin ဟာ ကိုဗစ်ကာလ အသွားအလာ ကန့်သတ်မှုတွေ ရှိနေတဲ့အချိန် သူ စုဆောင်းကောက်ယူထားတဲ့ ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေနဲ့ အနုပညာလက်ရာတွေကို စတင် ဖန်တီးလာခဲ့ပါတယ်။ ဒီလို ဖန်တီးရတာက သူ့အတွက် အကောင်းဆုံး စိတ်အပန်းဖြေနည်း ဖြစ်သလို၊ စွန့်ပစ်ပလတ်စတစ်တွေကို ပြန်လည် အသုံးပြုတဲ့အတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု နည်းစေဖို့လည်း သူက အဓိက ရည်ရွယ်ပါတယ်။

အနုပညာဖန်တီးသူ တယောက်အနေနဲ့ အရောင်အသွေး စုံတဲ့ ပစ္စည်းလေးတွေ တွေ့တဲ့အခါ ဝမ်းသာရပေမဲ့၊ ဒါက ပလတ်စတစ် စွန့်ပစ်အမှိုက်တွေ ဖြစ်နေတဲ့အခါ၊ ဒီလိုပလတ်စတစ်တွေရဲ့ သက်ရောက်မှုကို တွေးမိပြီး စိတ်မကောင်း ဖြစ်ရတယ်လို့ သူနာပြုဆရာမ Sammie Aplin က ပြောပါတယ်။

"အရောင်အသွေးရှိတဲ့ ဘာ ပစ္စည်းလေးပဲတွေ့တွေ့ ကျမ ပျော်ပါတယ်။ အဲ့ဒါလေးတွေက အနုပညာဖန်တီးဖို့ အတွက်တော့ အင်မတန် ကောင်းတာမို့ တဘက်မှာ အဲ့ဒါလေးတွေ တွေ့ရင် ကျမ စိတ်ထဲမှာ ပျော်မိပေမဲ့ တဘက်မှကျတော့လည်း ဒီပစ္စည်းတွေက ဘာလို့ကမ်းခြေမှာ ရှိနေရတာလဲဆိုတဲ့ အတွေးနဲ့ စိတ်မကောင်းဖြစ်ရပါတယ်။ ဒီပလတ်စတစ်အမှိုက်တွေက ဒီလိုနေရာမှာ မရှိသင့်ဘူးလေ။ ပြီးခဲ့တဲ့နှစ်အတွင်း ကျမ တယောက်တည်း ရှာတွေ့တဲ့ ပစ္စည်းတွေတင် အတော်ကိုများပါတယ်။”

သူတယောက်တည်း ရှာဖွေတွေ့ရှိတဲ့ ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေတောင် မရေမတွက်နိုင် ဖြစ်နေရင်၊ နေ့စဉ် ဒီလို စွန့်ပစ်ပစ္စည်းတွေ ဘယ်လောက်တောင် ရှိနေမလဲ တွေးပြီး Aplin ကတော့ စိတ်မကောင်း ဖြစ်နေသူပါ။ ဒါကြောင့်လည်း ဒီလို စွန့်ပစ်ပစ္စည်းတွေကို တတ်နိုင်သလောက် ပြန်လည် အသုံးပြုတယ်လို့ ပြောပါတယ်။

သူ့အနေနဲ့ အရောင်အသွေးစုံ ပစ္စည်းတွေနဲ့ အနုပညာလက်ရာတွေ ဖန်တီးဖြစ်တာ ကတော့ Brighton မြို့က လိင်တူစုံမက်သူ အသိုင်းအဝိုင်းကို ထင်ဟပ်စေတဲ့ သက်တံရောင်စုံ သင်္ကေတကို ဖော်ပြရာ ရောက်စေဖို့ဖြစ်သလို၊ ဗြိတိန် အမျိုးသားကျန်းမာရေးဌာန NHS ကျန်းမာရေး ဝန်ထမ်းတယောက် အနေနဲ့လည်း သက်တံရောင်ဟာ ကပ်ဘေးကာလအတွင်း NHS ကျန်းမာရေး ဝန်ထမ်းတွေကို ထောက်ခံအားပေးကြောင်း ပြသတဲ့ သင်္ကေတ ဖြစ်နေတာကြောင့်ပါ။ ဘယ်လို ပုံစံနဲ့ပဲဖြစ်ဖြစ် သူ့အတွက်ကတော့ ခလို ပလတ်စတစ် စွန့်ပစ် ပစ္စည်းတွေကို ပြန်လည် အသုံးပြုနိုင်ဖို့က သိပ်ကို အရေးကြီးပါတယ်။

"စွန့်ပစ်အမှိုက်တွေကို တနေရာရာမှာ အသုံးပြုနိုင်တဲ့ ပစ္စည်းတခုအဖြစ် မြင်ဖို့ အင်မတန့်…အင်မတန်ကို အရေးကြီးပါတယ်။ မဟုတ်ရင် ဒီပစ္စည်းတွေဟာ မြေကြီး ဒါမှမဟုတ် အမှိုက်ပုံတွေထဲမှာ ရှိနေမှာပါ။ ခုလို ပြန်သုံးလိုက်တော့ တယောက်ယောက်ရဲ့ အိမ်နံရံမှာ အနည်းဆုံး နှစ် အနည်းအကျဉ်းလောက်ပဲဖြစ်ဖြစ်၊ တယောက်ယောက်အတွက် နှစ်လိုဖွယ်ရာ အရာတခုအဖြစ် ရှိနေနိုင်ပါတယ်။”

အစောပိုင်းမှာတော့ သူ့ရဲ့ အနုပညာ ဖန်တီးမှုတွေကို မိသားစုတွေနဲ့ မိတ်ဆွေတွေအတွက် လက်ဆောင်ပစ္စည်းလေးတွေ အဖြစ် ဖန်တီးဖြစ်ခဲ့တာပါ။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ သူ့ရဲ့ လက်ရာတွေ တစ တစ လူသိများလာခဲ့ပြီး လန်ဒန်မြို့တော်ကနေပါ မှာယူသူတွေ ရှိလာပါတယ်။

အလွယ်တကူ ပျက်စီး ပျောက်ပြယ်မသွားနိုင်တဲ့ ပလတ်စတစ်အမှိုက်တွေ ကမ္ဘာပေါ်က သမုဒ္ဒရာကြီးတွေထဲမှာ ဘယ်လောက်ကြာကြာ ကတည်းက ဘယ်လောက်တောင်များများ ရှိနေမလဲ ဆိုတာကတော့ သူနာပြုဆရာမ Alpin ရှာဖွေ စုဆောင်းရရှိတဲ့ စွန့်ပစ်ပစ္စည်းတွေကို ကြည့်ရုံနဲ့တင် သိနိုင်ပါတယ်။

"ဟိုး နှစ်အတော်ကြာက ပစ္စည်းတချို့ကိုတောင် ကမ်းခြေမှာ ကျမ ရှာတွေ့ဖူးပါတယ်။ သိပ်မကြာခင် လအနည်းငယ်ကပဲ Fairy တံဆိပ် အရည်ဘူးလေးတခု ကျမ တွေ့ခဲ့တယ်။ အဲ့ဒါလေးဆိုရင် ၁၉၇၀ ပြည့်လွန်နှစ်တွေလောက်ကလို့ ဘူးလေး ထင်ပါတယ်။ Rowntree's Smarties ချောကလက်ဘူးဖုံးလေးလည်း ရှာတွေ့ဖူးတယ်။ အဲ့ဒါကလည်း ၁၉၆၀-၇၀ ကာလတွေက ပစ္စည်းတွေပါ။ ခုထိ အကောင်းအတိုင်း ရှိနေကြတုန်းပဲ။ ဒီမှာကြည့်လေ။”

ပလတ်စတစ်အမှိုက်တွေဟာ နှစ်ပေါင်းရာနဲ့ချီတဲ့အထိ ပျက်ပြယ်မသွားနိုင်ပါဘူး။ ဒီလို အလွယ်တကူ မပျက်စီးတဲ့ ပလတ်စတစ်အမှိုက်တွေ ပင်လယ်ထဲ စွန့်ပစ်ကြတဲ့အခါ ရေသတ္တဝါတွေ အများအပြား ထိခိုက်ပျက်စီးကြရပါတယ်။ ဒီအထဲမှာ ရှားပါး ပင်လယ်လိပ်ကြီးတွေလည်း ပါ ပါတယ်။ ပလတ်စတစ်တွေကို မထိန်းချုပ်နိုင်တာက တချို့ ရေသတ္တဝါတွေကို မျိုးတုံးတဲ့အထိ အန္တရာယ် ဖြစ်နိုင်တယ်ဆိုတာကို သဘာ၀ ပတ်ဝန်းကျင်အရေး ဆောင်ရွက်နေသူတွေကတော့ သတိပေးနေကြပါတယ်။

Brighton မြို့မှာရှိတဲ့ ကမ္ဘာ့ရှေးအကျဆုံး အဏ္ဏဝါပြတိုက် SEA LIFE Brighton မှာ စီမံကွပ်ကဲရေးမှူး လုပ်နေတဲ့ Joe Williams ကတော့ ပလတ်စတစ်စွန့်ပစ် ပစ္စည်းတွေကြောင့် ပင်လယ်လိပ်တွေ ရှင်သန်ရေး အန္တရာယ် ဖြစ်လာစေတယ်လို့ ပြောပါတယ်။

"ပလတ်စတစ်တွေကြောင့် လိပ်တွေ အန္တရာယ်ဖြစ်စေပါတယ်။ လိပ်တွေဟာ သဘာဝအတိုင်း နေထိုင်သွားလာချိန်မှာ ဂျယ်လီငါးလေးတွေကို စားကြပါတယ်။ စွန့်ပစ် ပလတ်စတစ်အိတ်တွေက ဂျယ်လီငါးနဲ့ အတော်လေး တူကြပါတယ်။ ဆိုတော့ လိပ်တွေအတွက်က ပလတ်စတစ် တွေ့ရင် အိုး..ဒါ ငါတို့အစာပဲ စားမယ် ဆိုတာမျိုးနဲ့ စားကြတာပါပဲ။ ပလတ်စတစ်တွေ သူတို့အူထဲ ရောက်တဲ့အခါမှာတော့ အန္တရာယ်ဖြစ်ပြီး သေကြရပါတယ်။”

သမုဒ္ဒရာထဲ ရောက်လာတဲ့ ပလတ်စတစ် အစိတ်အပိုင်း အစအန နေ့စဉ် ၈ သန်း လောက်ရှိတယ် ဆိုတာသိရင် လူတွေ အံ့အားသင့်နိုင်တယ် လို့လည်း Williams က ပြောပါတယ်။ အခုနောက်ပိုင်းကာလတွေမှာ အခြေအနေက ပိုပြီးတော့တောင် ဆိုးလာတယ်လို့လည်း သူက ပြောပါတယ်။

"ဒီက ပင်လယ်ကမ်းခြေတွေ သန့်ရှင်းနေစေဖို့ ကျနော် ကြိုးပမ်း လုပ်ဆောင်နေတာ ၇ နှစ် ရှိနေပါပြီ။ ဒီကာလတလေ ျှာက်လုံးမှာ ဒီနှစ်ကတော့ အရင်နှစ်တွေကထက် အများကြီး ပိုဆိုးလာပါတယ်။”

ပင်လယ်ရေဟာ တချိန်လုံး စီးနေသလို၊ ရေစီးကြောင်းတွေကလည်း ပြောင်းလဲ နေတာကြောင့် ပလတ်စတစ်အမှိုက်တွေ ဟာလည်း ဒီရေစီးနဲ့အတူ ရေ နယ်နိမိတ် အကန့်အသတ်မရှိ ရွေ့လျား မျောပါနေတာပါ။ ဒါကြောင့် တနေရာတည်းမှာ သန့်ရှင်းနေအောင် လုပ်နေရုံနဲ့ မလုံလောက်ဘဲ နေရာတိုင်းမှာ အားလုံးက ဝိုင်းဝန်း ဆောင်ရွက်ကြဖို့ လိုအပ်တယ်လို့ Williams က ပြောပါတယ်။

"Brington ကမ်းခြေမှာ ပလတ်စတစ်အိတ်တလုံး ပစ်ချထားခဲ့လိုက်တာက ဂရိနိုင်ငံမှာရှိတဲ့ ရှားပါး ပင်လယ်လိပ်တွေကို ထိခိုက်စေ လိမ့်မယ်လို့ တွေးဖို့က ခက်ကောင်း ခက်ပါလိမ့်မယ်။ ဒါပေမဲ့ ဒါက တကယ်ကို ဖြစ်နေတာပါ။ သမုဒ္ဒရာ ရေစီးကြောင်းတွေရဲ့ အပြောင်းအလဲ၊ ရွေ့လျား မျောပါဖို့လွယ်တဲ့ သဘာဝတွေအရ ပလတ်စတစ်အမှိုက်တွေဟာ ကမ္ဘာတဝှမ်း ဘယ်နေရာကိုမဆို ရောက်သွား နိုင်ပါတယ်။”

ဒါကြောင့်လည်း သူနာပြုဆရာမလေး Aplin ကတော့ အနုပညာပစ္စည်းတွေ ဖန်တီးဖို့အတွက် လိုအပ်တာပဲဖြစ်ဖြစ်၊ မလိုအပ်တဲ့ အရာပဲဖြစ်ဖြစ် ကမ်းခြေကိုရောက်လာတဲ့ ပလတ်စတစ်အမှိုက် မျိုးစုံကို ကောက်ယူ ဖယ်ရှားပေးပါတယ်။

ဒီကနေ့ ကမ္ဘာကြီး ကြုံနေရတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေထဲမှာ အကြီးမားဆုံး ပြဿနာကြီး ၂ ခုက ဥတုရာသီ ဖောက်ပြန်မှုနဲ့ ပလတ်စတစ်ညစ်ညမ်းမှု ပြဿနာ ဖြစ်တယ်ဆိုပြီး ကျွမ်းကျင် ပညာရှင်တွေက ပြောဆိုထားပါတယ်။ ကမ္ဘာကြီးပူနွေးမှု ဖြစ်စေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို ဖြစ်စေတဲ့ အကြောင်းရင်းတွေထဲမှာ ပလတ်စတစ်ပစ္စည်းနဲ့ အမှိုက်တွေ ပါ နေတာပါ။

ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှု ဟန့်တားရေး အစိုးရတွေနဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့ Intergovernmental Panel on Climate Change အဖွဲ့က သုတေသီတွေရဲ့လေ့လာချက်အရဆိုရင် - ပလတ်စတစ်ထုတ်ကုန်တွေနဲ့ စွန့်ပစ်ပစ္စည်းတွေကြောင့် ၂၀၁၉ ခုနှစ်အတွင်း ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လုပ်မှုပမာဏ တန်ချိန် သန်း ၈၅၀ အထိ ရှိခဲ့ပြီး ဒါကို မထိန်းချုပ်နိုင်ရင် လာမယ့် ၂၀၅၀ ခုနှစ်ကျရင် ပလတ်စတစ်ကြောင့် ဖြစ်လာတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုဟာ တန်ချိန် ၂.၈ ဘီလျံအထိ ဖြစ်လာလိမ့်မယ်လို့ သတိပေးထားပါတယ်။ ကမ္ဘာကြီး ပိုမို ပူနွေးလာတာနဲ့အမျှ ရာသီဥတု ဖောက်ပြန်မှုတွေရဲ့ဒဏ်ကို လူသားတွေ တိုးပြီး ခံစားလာကြရပါတယ်။ ဒါကိုဟန့်တားဖို့ ကမ္ဘာကြီး ပူနွေးမှုကိုဖြစ်စေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျော့ချဖို့ဆိုတာမှာ ပလတ်စတစ်ပြဿနာကို ချန်ထားလို့ မရနိုင်ပါဘူး။

ကမ္ဘာကြီးပူနွေးမှုနဲ့ ကမ္ဘာတဝှမ်းကြုံနေရတဲ့ ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုတွေကို စုပေါင်း ကာကွယ်ဟန့်တားဖို့ ဆိုတာမှာတော့ - နိုင်ငံတွေ အစိုးရတွေ ပူးပေါင်းဆောင်ရွက်မှုက အရေးကြီးသလို၊ ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာအောင် လူတဦး တယောက်ချင်းစီကလည်း တာဝန်သိစိတ်နဲ့ ကိုယ်တတ်နိုင်တဲ့ဘက်က ပူးပေါင်း ပါဝင် ဆောင်ရွက်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် Bringhton မြို့က သူနာပြုဆရာမ Alpin လို တာဝန်သိနိုင်ငံသားတွေ အများအပြား လိုအပ်တယ်ဆိုတာ တင်ပြရင်း ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲ ရပ်နားခွင့်ပြုပါ။ ကျမ ခင်ဖြူထွေးပါရှင့်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG