သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

 ျမန္မာအမ်ိဳးသမီးနဲ႔ ကေလးသူငယ္ေတြ ကာကြယ္ဖို႔ ကုလကို အမ်ိဳးသမီးအဖဲြ႕ေတြတိိုက္တြန္း


ေနာ္ေဝ ႏိုင္ငံျခားေရးဝန္ႀကီး Anniken Huitfeldt နဲ႔ ျမန္မာ့ အမ်ဳိးသမီးေရး လႈပ္ရွားသူမ်ား နယူးေယာက္ၿမဳိ႕ ကုလသမဂၢမွာ ေတြ႔ဆုံစဥ္ ( 19th JAN 2022 WED ) Photo: Royal Norwegian Embassy in Yangon facebook

ျမန္မာအမ်ိဳးသမီးနဲ႔ ကေလးသူငယ္ေတြ ကာကြယ္ဖို႔ ကုလကို အမ်ိဳးသမီးအဖဲြ႕ေတြတိိုက္တြန္း
{{Zawgyi/Unicode}}

စစ္တပ္က အာဏာသိမ္းထားတဲ့ ျမန္မာႏိုင္ငံမွာ အမ်ဳိးသမီးေတြနဲ႔ ကေလးသူငယ္ေတြ အေပၚ အၾကမ္းဖက္ တိုက္ခိုက္မႈေတြ ပိုတိုးလာေနတာေၾကာင့္ ဒါကို အေရးယူေျဖရွင္းေပးဖို႔ ျမန္မာ့အမ်ဳိးသမီးအေရး ေဆာင္ရြက္ေနတဲ့ အဖြဲ႔အစည္းတခ်ဳိ႕က လုံျခဳံေရးေကာင္စီကို ဗုဒၶဟူးေန႔က တိုက္တြန္း လိုက္ၾကပါတယ္။

အာဏာသိမ္းထားတာ တႏွစ္ျပည့္ေတာ့မယ့္ ျမန္မာျပည္ လက္ရွိ အေျခအေနေဟာ ျပည္တြင္းေရး သက္သက္ မဟုတ္ေတာ့ပဲ၊ အိမ္နီးခ်င္းႏိုင္ငံေတြရဲ႕ လုံျခဳံေရးနဲ႔ ၿငိမ္းခ်မ္းေရးကိုပါ ၿခိမ္းေျခာက္လာေနတဲ့အတြက္ ဒါကို ႏိုင္ငံတကာက ကူညီေျဖရွင္းေပးဖို႔ တိုက္တြန္းလိုေၾကာင္း ကုလသမဂၢလုံျခဳံေရးေကာင္စီ အဖြဲ႔ဝင္ႏိုင္ငံတခ်ဳိ႕နဲ႔ အလြတ္သေဘာ ေဆြးေႏြးစဥ္မွာ Women Advocacy Coalition ( Myanmar) အဖြဲ႔ ကုိယ္စား ေဒၚခင္ေလးက ခုလို တိုက္တြန္းလိုက္တာ ျဖစ္ပါတယ္။

" အဓိကက်မတို႔တင္ျပတာကေတာ့ စစ္အာဏာသိမ္းၿပီးတဲ့ေနာက္မွာ က်မတို႔ ျပည္တြင္းမွာရွိၾကတဲ့ အမ်ုိးသမီးေတြ ကေလးသူငယ္ေတြ ရက္ရက္စက္စက္သတ္ျဖတ္ခံခဲ့ရတာ ၊ ညွင္းပန္းႏိုပ္စက္ခံရတာ၊ ရြာေတြမီးရႈိ႔ခံရတာ အကူညီေပးတဲ့ကိစၥေတြမွာလည္း အခက္ခဲ့ေတြရွိေနတာ ဒါေတြကို က်မတို႔တင္ျပျဖစ္ပါတယ္။ တကယ္ထိေရာက္တဲ့ အေရးယူေဆာင္ရြက္မႈေတြလုပ္ဖို႔ဆိုရင္ ေျမျပင္မွာရွိေနတဲ့သူေတြရဲ အသံကို ေသေသခ်ာခ်ာနားေထာင္ၿပီးေတာ့ သူတိုိ႔အတြက္ တကယ္လိုအပ္မယ့္ အကူအညီေတြေပးဖို႔ရယ္၊ ေနာက္တခါျမန္မာႏိုင္ငံရဲ႕အေရး ကမၻာရဲ႕ အေရးလည္းျဖစ္လာတယ္။ အိမ္နီးခ်င္းႏိုင္ငံေတြအတြက္ လုံၿခဳံေရးအရေကာ က်န္းမာေရးအရေကာ စိုးရိမ္စရာျဖစ္လာတယ္ဆိုတာကို အေလးထားၿပီးေတာ့ ထိထိေရာက္ေရာက္ကိုင္တြယ္ဖို႔လိုအပ္တယ္ဆိုတာကို က်မတို႔ အဓိကေတာင္းဆိုခဲ့ပါတယ္"

ကုလသမဂၢလုံျခဳံေရးေကာင္စီရဲ႕ အလွည့္က်ဥကၠဌျဖစ္တဲ့ ေနာ္ေဝႏိုင္ငံက ကမကထ ျပဳလုပ္ၿပီး ျမန္မာႏိုင္ငံရဲ႕ ၿငိမ္းခ်မ္းေရးနဲ႔ လုံၿခဳံေရးက႑မွာ အမ်ိဳးသမီးေတြ ပါဝင္ေဆာင္႐ြက္မႈကို ဘယ္လို ကူညီပံ့ပိုးၾကမလဲဆိုတဲ့ ေခါင္းစဥ္နဲ႔ နယူးေယာက္ျမဳိ႕ ကုလသမဂၢ႐ုံးခ်ဳပ္မွာ ဇႏၷဝါရီလ(၁၉)ရက္ေန႔က ေဆြးေႏြးပြဲတရပ္ က်င္းပခဲ့တာပါ။

ျမန္မာႏိုင္ငံမွာ စစ္တပ္ရဲ႕ လိင္ပိုင္းဆိုင္ရာနဲ႔ က်ားမ အေျချပဳ အၾကမ္းဖက္မႈေတြ၊ လူ႔အခြင့္အေရး ကာကြယ္လႈပ္ရွားသူ အမ်ိဳးသမီးေတြအေပၚ ပစ္မွတ္ထား တိုက္ခိုက္မႈေတြ ပိုမို ႀကဳံေတြ႔လာတာနဲ႔အတူ ၊ အမ်ိဳးသမီးနဲ႔ မိန္းကေလးေတြဟာ ပိုၿပီးေတာ့ မမွ်မတ ခံစားေနၾကရတယ္လို႔ ျမန္မာႏိုင္ငံဆိုင္ရာ ေနာ္ေဝသံ႐ုံးရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖၚျပပါတယ္။

နယူးေယာက္ ကုလသမဂၢ႐ုံးက အလြတ္သေဘာ ေဆြးေႏြးပြဲကိုေတာ့ ေနာ္ေဝႏိုင္ငံျခားေရးဝန္ႀကီး Anniken Huitfeldt ကိုယ္တိုင္ တက္ေရာက္ၿပီး ၊ အေမရိကန္ ၿဗိတိန္ႏိုင္ငံေတြအျပင္ UAE ၊ Albania ႏိုင္ငံျခားေရးဝန္ႀကီးေတြလည္း တက္ေရာက္ၿပီး တ႐ုတ္၊ ႐ုရွားႏိုင္ငံ ကိုယ္စားလွယ္ေတြ တက္ေရာက္ျခင္း မရွိခဲ့ပါဘူး။

ျမန္မာ့အမ်ဳိးသမီးအဖြဲ႔ေတြ ေတာင္းဆိုတဲ့ အခ်က္ေတြကို ဇႏၷဝါရီလ (၂၅)ရက္ေန႔က်င္းပမယ့္ " စစ္ပြဲျဖစ္ေနတဲ့ ေဒသအတြင္း အမ်ဳိးသမီးနဲ႔ အရပ္သားေတြကို ဘယ္လို အကာကြယ္ေပးမလဲ ဆိုတဲ့" လုံျခဳံေရးေကာင္စီ တခါးဖြင့္ အစည္းအေဝးမွာ ဆက္လက္တင္ျပ ေဆြးေႏြးလိမ့္မယ္လို႔ ေမွ်ာ္လင့္ထားၾကပါတယ္။

..........................................

တိုက္႐ိုက္ လင့္ခ္

မြန်မာအမျိုးသမီးနဲ့ ကလေးသူငယ်တွေ ကာကွယ်ဖို့ ကုလကို အမျိုးသမီးအဖွဲ့တွေတိုက်တွန်း
{{Zawgyi/Unicode}}

စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေ အပေါ် အကြမ်းဖက် တိုက်ခိုက်မှုတွေ ပိုတိုးလာနေတာကြောင့် ဒါကို အရေးယူဖြေရှင်းပေးဖို့ မြန်မာ့အမျိုးသမီးအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတချို့က လုံခြုံရေးကောင်စီကို ဗုဒ္ဓဟူးနေ့က တိုက်တွန်း လိုက်ကြပါတယ်။

အာဏာသိမ်းထားတာ တနှစ်ပြည့်တော့မယ့် မြန်မာပြည် လက်ရှိ အခြေအနေဟော ပြည်တွင်းရေး သက်သက် မဟုတ်တော့ပဲ၊ အိမ်နီးချင်းနိုင်ငံတွေရဲ့ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကိုပါ ခြိမ်းခြောက်လာနေတဲ့အတွက် ဒါကို နိုင်ငံတကာက ကူညီဖြေရှင်းပေးဖို့ တိုက်တွန်းလိုကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတချို့နဲ့ အလွတ်သဘော ဆွေးနွေးစဉ်မှာ Women Advocacy Coalition ( Myanmar)အဖွဲ့ကိုယ်စား ဒေါ်ခင်လေးက ခုလို တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

" အဓိကကျမတို့တင်ပြတာကတော့ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ ကျမတို့ ပြည်တွင်းမှာရှိကြတဲ့ အမျိုးသမီးတွေ ကလေးသူငယ်တွေ ရက်ရက်စက်စက်သတ်ဖြတ်ခံခဲ့ရတာ ၊ ညှင်းပန်းနိုပ်စက်ခံရတာ၊ ရွာတွေမီးရှို့ခံရတာ အကူညီပေးတဲ့ကိစ္စတွေမှာလည်း အခက်ခဲ့တွေရှိနေတာ ဒါတွေကို ကျမတို့တင်ပြဖြစ်ပါတယ်။ တကယ်ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့ဆိုရင် မြေပြင်မှာရှိနေတဲ့သူတွေရဲ အသံကို သေသေချာချာနားထောင်ပြီးတော့ သူတို့အတွက် တကယ်လိုအပ်မယ့် အကူအညီတွေပေးဖို့ရယ်၊ နောက်တခါမြန်မာနိုင်ငံရဲ့အရေး ကမ္ဘာရဲ့ အရေးလည်းဖြစ်လာတယ်။ အိမ်နီးချင်းနိုင်ငံတွေအတွက် လုံခြုံရေးအရကော ကျန်းမာရေးအရကော စိုးရိမ်စရာဖြစ်လာတယ်ဆိုတာကို အလေးထားပြီးတော့ ထိထိရောက်ရောက်ကိုင်တွယ်ဖို့လိုအပ်တယ်ဆိုတာကို ကျမတို့ အဓိကတောင်းဆိုခဲ့ပါတယ်"

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အလှည့်ကျဥက္ကဌဖြစ်တဲ့ နော်ဝေနိုင်ငံက ကမကထ ပြုလုပ်ပြီး မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကဏ္ဍမှာ အမျိုးသမီးတွေ ပါဝင်ဆောင်ရွက်မှုကို ဘယ်လို ကူညီပံ့ပိုးကြမလဲဆိုတဲ့ ခေါင်းစဉ်နဲ့ နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာ ဇန္နဝါရီလ(၁၉)ရက်နေ့က ဆွေးနွေးပွဲတရပ် ကျင်းပခဲ့တာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ လိင်ပိုင်းဆိုင်ရာနဲ့ ကျားမ အခြေပြု အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေး ကာကွယ်လှုပ်ရှားသူ အမျိုးသမီးတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ပိုမို ကြုံတွေ့လာတာနဲ့အတူ ၊ အမျိုးသမီးနဲ့ မိန်းကလေးတွေဟာ ပိုပြီးတော့ မမျှမတ ခံစားနေကြရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြပါတယ်။

နယူးယောက် ကုလသမဂ္ဂရုံးက အလွတ်သဘော ဆွေးနွေးပွဲကိုတော့ နော်ဝေနိုင်ငံခြားရေးဝန်ကြီး Anniken Huitfeldt ကိုယ်တိုင် တက်ရောက်ပြီး ၊ အမေရိကန် ဗြိတိန်နိုင်ငံတွေအပြင် UAE ၊ Albania နိုင်ငံခြားရေးဝန်ကြီးတွေလည်း တက်ရောက်ပြီး တရုတ်၊ ရုရှားနိုင်ငံ ကိုယ်စားလှယ်တွေ တက်ရောက်ခြင်း မရှိခဲ့ပါဘူး။

မြန်မာ့အမျိုးသမီးအဖွဲ့တွေ တောင်းဆိုတဲ့ အချက်တွေကို ဇန္နဝါရီလ (၂၅)ရက်နေ့ကျင်းပမယ့် " စစ်ပွဲဖြစ်နေတဲ့ ဒေသအတွင်း အမျိုးသမီးနဲ့ အရပ်သားတွေကို ဘယ်လို အကာကွယ်ပေးမလဲ ဆိုတဲ့" လုံခြုံရေးကောင်စီ တခါးဖွင့် အစည်းအဝေးမှာ ဆက်လက်တင်ပြ ဆွေးနွေးလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။

XS
SM
MD
LG