သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမၻာတ၀ွမ္း ၇၅ ႏွစ္ေျမာက္ ဒုတိယကမၻာစစ္ၿပီးဆုံးတဲ့ အခမ္းအနားေတြ က်င္းပ


ဒုတိယကမာၻစစ္ႀကီး ၿပီးဆံုးတဲ့ ၇၅ ႏွစ္ေျမာက္ အထိန္းအမွတ္ေန႔ အျဖစ္ သမၼတ ေဒၚနယ္ထရမ့္နဲ႔ သမၼတကေတာ္ တို႔ စစ္ျပန္စစ္မႈထမ္းေဟာင္း ႀကီး ၇ ဦးတို႔နဲ႔ အခမ္းအနားတက္ေရာက္

(Zawgyi/Unicode)

ဒုတိယကမာၻစစ္ႀကီး ၿပီးဆံုးတဲ့ ၇၅ ႏွစ္ေျမာက္ အထိန္းအမွတ္ေန႔ကို ဥေရာပ တလႊား ေသာၾကာေန႔မွာ က်င္းပေနၾကပါတယ္။ ကိုရုိနာဗိုင္းရပ္စ္ ကပ္ေရာဂါေၾကာင့္ အခမ္းအနားေတြဟာ အရင္ႏွစ္ေတြလို ႀကီးႀကီးက်ယ္က်ယ္ မက်င္းပႏုိင္ၾကပါဘူး။

လူေပါင္း ၃.၇ သန္းေက်ာ္ကို ကူးစက္ေနတဲ့ ဒီေရာဂါဒဏ္ေၾကာင့္ ခရီးသြားတားျမစ္မိန္႔ေတြ ထုတ္ျပန္ထားတဲ့ အတြက္ ႀကီးမားတဲ့ ခ်ီတက္ပြဲေတြ မလုပ္ၾကသလို ဒုတိယကမာၻစစ္မွာ ပါဝင္တိုက္ခိုက္ခဲ့ၾကတဲ့ စစ္ျပန္စစ္မႈထမ္း ေဟာင္းေတြကလည္း အသက္အရြယ္ႀကီးရင့္ ေနၾကၿပီ ျဖစ္တာေၾကာင့္ အခမ္းအနားေတြ သြားဖို႔ အႏၱရာယ္ ရွိေနတာပါ။

ၿဗိတိန္ႏို္င္ငံမွာေတာ့ ႏိုင္ငံတဝွမ္း ၂ မိနစ္ၾကာ ၿငိမ္ၿငိမ္ေလးရပ္ၿပီး ဒုတိယကမာၻစစ္ႀကီး ၿပီးဆံုးေစတဲ့ ေန႕ကို ဂုဏ္ျပဳခဲ့ၾကပါတယ္။ လြန္ခဲ့တဲ့ ၇၅ ႏွစ္ ေမလ ၈ ရက္ေန႔မွာ မဟာမိတ္ႏိုင္ငံ ေခါင္းေဆာာင္ေတြကို နာဇီတပ္မွဴးေတြက လက္နက္ခ်အညံ့ခံေၾကာင္း လက္မွတ္ေရးထိုးခဲ့တာ ျဖစ္ပါတယ္။

ျပင္သစ္ႏို္င္ငံ Arc de Triomphe မွာ က်င္းပတဲဲ့အခမ္းအနားကို မတက္ခင္ သမၼတ Emmanuel Macron က Champs Elysees မွာရွိတဲ့ ဗိုလ္ခ်ဳပ္ႀကီး Charles de Gaulle ရုပ္တုမွာ လြမ္းသူ႔ပန္းေခြနဲ႔ ဂုဏ္ျပဳခဲ့ပါတယ္။

ဂ်ာမဏီႏိုင္ငံမွာလည္း ဒုတိယကမာၻစစ္ႀကီး ၿပီးဆံုးတဲ့ေန႔ဟာ နာဇီအာဏာရွင္ လက္ေအာက္က ဂ်ာမဏီ လြတ္ေျမာက္တဲ့ ေန႔အျဖစ္ က်င္းပေလ့ရွိၿပီး အခမ္းအနားကို ဝန္ႀကီးခ်ဳပ္ Angela Merkel နဲ႔ သမၼတ Frank-Walter Steinmeier တို႔ တက္ေရာက္ခဲ့ၾကပါတယ္။

အေမရိကန္ ျပည္ေထာင္စုမွာေတာ့ သမၼတ ေဒၚနယ္ထရမ့္နဲ႔ သမၼတကေတာ္ တို႔ဟာ အသက္ ၉၆ ႏွစ္ကေန အသက္ ၁၀၀ ၾကား စစ္ျပန္စစ္မႈထမ္းေဟာင္း ႀကီး ၇ ဦးတို႔နဲ႔ အတူ ဝါရွင္တန္ဒီစီက ဒုတိယ ကမာၻစစ္အထိမ္းအမွတ္ေနရာမွာ က်င္းပတဲ့ ပြဲကို ေသာၾကာေန႔က တက္ေရာက္ဂုဏ္ျပဳ ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

ကမ္ဘာတဝှမ်း ၇၅ နှစ်မြောက် ဒုတိယကမ္ဘာစစ်ပြီးဆုံးတဲ့ အခမ်းအနားတွေ ကျင်းပ

(Unicode)

ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးတဲ့ ၇၅ နှစ်မြောက် အထိန်းအမှတ်နေ့ကို ဥရောပ တလွှား သောကြာနေ့မှာ ကျင်းပနေကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အခမ်းအနားတွေဟာ အရင်နှစ်တွေလို ကြီးကြီးကျယ်ကျယ် မကျင်းပနိုင်ကြပါဘူး။

လူပေါင်း ၃.၇ သန်းကျော်ကို ကူးစက်နေတဲ့ ဒီရောဂါဒဏ်ကြောင့် ခရီးသွားတားမြစ်မိန့်တွေ ထုတ်ပြန်ထားတဲ့ အတွက် ကြီးမားတဲ့ ချီတက်ပွဲတွေ မလုပ်ကြသလို ဒုတိယကမ္ဘာစစ်မှာ ပါဝင်တိုက်ခိုက်ခဲ့ကြတဲ့ စစ်ပြန်စစ်မှုထမ်း ဟောင်းတွေကလည်း အသက်အရွယ်ကြီးရင့် နေကြပြီ ဖြစ်တာကြောင့် အခမ်းအနားတွေ သွားဖို့ အန္တရာယ် ရှိနေတာပါ။

ဗြိတိန်နိုင်ငံမှာတော့ နိုင်ငံတဝှမ်း ၂ မိနစ်ကြာ ငြိမ်ငြိမ်လေးရပ်ပြီး ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးစေတဲ့ နေ့ကို ဂုဏ်ပြုခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ ၇၅ နှစ် မေလ ၈ ရက်နေ့မှာ မဟာမိတ်နိုင်ငံ ခေါင်းဆောာင်တွေကို နာဇီတပ်မှူးတွေက လက်နက်ချအညံ့ခံကြောင်း လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံ Arc de Triomphe မှာ ကျင်းပတဲ့အခမ်းအနားကို မတက်ခင် သမ္မတ Emmanuel Macron က Champs Elysees မှာရှိတဲ့ ဗိုလ်ချုပ်ကြီး Charles de Gaulle ရုပ်တုမှာ လွမ်းသူ့ပန်းခွေနဲ့ ဂုဏ်ပြုခဲ့ပါတယ်။

ဂျာမဏီနိုင်ငံမှာလည်း ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးတဲ့နေ့ဟာ နာဇီအာဏာရှင် လက်အောက်က ဂျာမဏီ လွတ်မြောက်တဲ့ နေ့အဖြစ် ကျင်းပလေ့ရှိပြီး အခမ်းအနားကို ဝန်ကြီးချုပ် Angela Merkel နဲ့ သမ္မတ Frank-Walter Steinmeier တို့ တက်ရောက်ခဲ့ကြပါတယ်။

အမေရိကန် ပြည်ထောင်စုမှာတော့ သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သမ္မတကတော် တို့ဟာ အသက် ၉၆ နှစ်ကနေ အသက် ၁၀၀ ကြား စစ်ပြန်စစ်မှုထမ်းဟောင်း ကြီး ၇ ဦးတို့နဲ့ အတူ ဝါရှင်တန်ဒီစီက ဒုတိယ ကမ္ဘာစစ်အထိမ်းအမှတ်နေရာမှာ ကျင်းပတဲ့ ပွဲကို သောကြာနေ့က တက်ရောက်ဂုဏ်ပြု ခဲ့ပါတယ်။

XS
SM
MD
LG