သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယူကရိန္းအက်ပ္အတည္းစိုးရိမ္မႈနဲ႔အတူ အာရွစေတာ့ေဈးကြက္က်ဆင္း


ယူကရိန္းကို ႐ုရွားတပ္ေတြ ဝင္ေရာက္မယ္ဆိုတဲ့ စိုးရိမ္ပူပန္မႈေတြေၾကာင့္ အာရွစေတာ့ေစ်းကြက္ က်ဆင္းသြားခ်ိန္ ေဟာင္ေကာင္ စေတာ့ရွယ္ယာေစ်းရဲ႕ တနလၤာေန႔ အညႊန္းကိန္းကိုေတြ႔ရစဥ္။ (ေဖေဖၚဝါရီ ၁၄၊ ၂၀၂၁)

[[Zawgyi/Unicode]]

ယူကရိန္းကေန အေမရိကန္ႏိုင္ငံသားေတြကို ၄၈ နာရီအတြင္းထြက္ၾကဖို႔ အိမ္ျဖဴေတာ္က တိုက္တြန္းလိုက္ၿပီးတဲ့ေနာက္ အာရွမွာ စေတာ့ေဈးေတြက်ဆင္းၿပီး ေလာင္စာဆီေဈးႏႈန္းေတြ တက္သြားခဲ့ပါတယ္။

႐ုရွားအပါအဝင္ တျခားႏိုင္ငံေတြကလည္း သူတို႔ ရဲ႕သံတမန္ေတြကို ျပန္ေခၚၾကၿပီး သူတို႔ရဲ႕ႏိုင္ငံသားေတြကို ယူကရိန္းကေနထြက္ခြါၾကဖို႔ တိုက္တြန္းၾကပါတယ္။ ႐ုရွာဟာ ေလာင္စာဆီ ထုတ္လုပ္ရာမွာ အႀကီးမားဆုံးထုတ္လုပ္တဲ့ ႏိုင္ငံေတြထဲက တႏိုင္ငံပါ။ ယူကရိန္းကို စစ္ေရးအရ ႐ုရွားက တိုက္ခိုက္လာမယ့္ ပထဝီႏိုင္ငံေရးအႏၲရာယ္ရွိတာေၾကာင့္ ေဈးကြက္က လႈပ္လာတာ ျဖစ္တယ္လို႔ Robobank ရဲ႕ အစီရင္ခံစာက ဆိုပါတယ္။ စကၤာပူ စေတာ့ေဈးကြက္ကလြဲၿပီး တိုက်ိဳ၊ ဆိုးလ္၊ ရွန္ဟိုင္း၊ နယူးဇီလန္၊ ဂ်ကာတာ စေတာ့ေဈးကြက္ေတြမွာ ေဈးက်လာပါတယ္။
နယူးေယာက္ ေလာင္စာဆီေဈးကြက္မွာေတာ့ ေရနံစိမ္းတစည္ ၁.၅၂ ေဒၚလာ တက္သြားၿပီး ၉၄.၆၂ ေဒၚလာ ျဖစ္သြားပါတယ္။ လန္ဒန္မွာေတာ့ ေရနံစိမ္း တစည္ ၁.၃၆ ေဒၚလာ တက္သြားၿပီး ၉၅.၈၀ ေဒၚလာ ေပါက္သြားပါတယ္။

ေသာၾကာေန႔တုန္းက တေဒၚလာ ဂ်ပန္ယန္းေငြ ၁၁၅.၂၇ ရွိရာ က ၁၁၅.၅၀ ျဖစ္သြားပါတယ္။
တယူ႐ိုေဈးက ၁.၁၃၃၄ ေဒၚလာကေန ၁.၁၃၄၉ ေဒၚလာကို တက္သြားပါတယ္။

#WorldEconomy #UkraineCrisis #VOABurmese

============

[[Unicode]]

ယူကရိန်းအကျပ်အတည်းစိုးရိမ်မှုနဲ့အတူ အာရှစတော့ဈေးကွက်ကျဆင်း

ယူကရိန်းကနေ အမေရိကန်နိုင်ငံသားတွေကို ၄၈ နာရီအတွင်းထွက်ကြဖို့ အိမ်ဖြူတော်က တိုက်တွန်းလိုက်ပြီးတဲ့နောက် အာရှမှာ စတော့ဈေးတွေကျဆင်းပြီး လောင်စာဆီဈေးနှုန်းတွေ တက်သွားခဲ့ပါတယ်။

ရုရှားအပါအဝင် တခြားနိုင်ငံတွေကလည်း သူတို့ ရဲ့သံတမန်တွေကို ပြန်ခေါ်ကြပြီး သူတို့ရဲ့နိုင်ငံသားတွေကို ယူကရိန်းကနေထွက်ခွါကြဖို့ တိုက်တွန်းကြပါတယ်။ ရုရှာဟာ လောင်စာဆီ ထုတ်လုပ်ရာမှာ အကြီးမားဆုံးထုတ်လုပ်တဲ့ နိုင်ငံတွေထဲက တနိုင်ငံပါ။ ယူကရိန်းကို စစ်ရေးအရ ရုရှားက တိုက်ခိုက်လာမယ့် ပထဝီနိုင်ငံရေးအန္တရာယ်ရှိတာကြောင့် ဈေးကွက်က လှုပ်လာတာ ဖြစ်တယ်လို့ Robobank ရဲ့ အစီရင်ခံစာက ဆိုပါတယ်။ စင်္ကာပူ စတော့ဈေးကွက်ကလွဲပြီး တိုကျို၊ ဆိုးလ်၊ ရှန်ဟိုင်း၊ နယူးဇီလန်၊ ဂျကာတာ စတော့ဈေးကွက်တွေမှာ ဈေးကျလာပါတယ်။
နယူးယောက် လောင်စာဆီဈေးကွက်မှာတော့ ရေနံစိမ်းတစည် ၁.၅၂ ဒေါ်လာ တက်သွားပြီး ၉၄.၆၂ ဒေါ်လာ ဖြစ်သွားပါတယ်။ လန်ဒန်မှာတော့ ရေနံစိမ်း တစည် ၁.၃၆ ဒေါ်လာ တက်သွားပြီး ၉၅.၈၀ ဒေါ်လာ ပေါက်သွားပါတယ်။

သောကြာနေ့တုန်းက တဒေါ်လာ ဂျပန်ယန်းငွေ ၁၁၅.၂၇ ရှိရာ က ၁၁၅.၅၀ ဖြစ်သွားပါတယ်။
တယူရိုဈေးက ၁.၁၃၃၄ ဒေါ်လာကနေ ၁.၁၃၄၉ ဒေါ်လာကို တက်သွားပါတယ်။

#WorldEconomy #UkraineCrisis #VOABurmese

============

XS
SM
MD
LG