သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်မှာ အင်အားအသင့်အတင့်ရှိ ငလျင်လှုပ်


ရန်ကုန်မြို့ ရွှေတိဂုံဘုရားအနီးတနေရာ (ဖေဖော်ဝါရီ ၁၊ ၂၀၂၅)
ရန်ကုန်မြို့ ရွှေတိဂုံဘုရားအနီးတနေရာ (ဖေဖော်ဝါရီ ၁၊ ၂၀၂၅)

ရန်ကုန်မြို့က မြို့နယ်တော်တော်များများမှာ ဒီကနေ့ မတ်လ ၃ ရက် မနက်ပိုင်း ၁၀ နာရီအချိန်က အင်အား အနည်းငယ်ရှိတဲ့ ငလျင်အတော်ကြာလှုပ်ခတ်ခဲ့တယ်လို့ ရန်ကုန်မြို့ခံတွေနဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ပြောပါတယ်။

မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ မတ်လ ၃ ရက် မြန်မာစံတော်ချိန် ၁၀ နာရီ အချိန် ကမ္ဘာအေးမြေငလျင်စခန်းရဲ့ မြောက်-အနောက်မြောက်ဘက် ၂၇ မိုင်ခန့် အကွာ တိုက်ကြီး မြို့ ကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာ စကေး ၄.၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ ထုတ်ပြန်ပါတယ်။

လှုပ်ခတ်မှုဟာစက္ကန့်ပိုင်းလောက်ကြာခဲ့ပြီး ခိုင်ခံမှုရှိတဲ့ နေရာတွေရဲ့အထပ်အမြင့်တွေမှာတောင် သိသိ သာသာလှုပ်ခတ်တာဖြစ်ခဲ့တယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။ နောက်ဆက်တွဲထိခိုက်မှုတွေ တော့မရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလအတွင်းကစလို့ မြန်မာနိုင်ငံမှာ အင်အားအသင့်အတင့်ရှိတဲ့ငလျင်တွေမကြာခဏ ဆိုသလိုလှုပ်ခတ်တာတွေရှိခဲ့ပါတယ်။ ဒီလိုလှုပ်ခတ်မှုတွေကြောင့် တိုင်းနဲ့ပြည်နယ်အသီးသီးမှနေထိုင် သူများ အနေနဲ့ သတိထားနေကြဖို့ ပညာရှင်တချို့က အကြံပြုပြောဆိုမှုတွေရှိနေပါတယ်။

မြန်မာနိုင်ငံမှာ စစ်ကိုင်းပြတ်ရွေ့ကြောအပါအဝင် ပြတ်ရွေ့ အတော်တော်များများရှိနေတဲ့အတွက် ငလျင်အန္တရာယ်များတဲ့ နိုင်ငံလို့ ပြောလို့ရနိုင်ကြောင်း ပညာရှင်တွေကအသိပေးမှုတွေလည်း တောက် လျှောက် ရှိနေခဲ့ပါတယ်။မြန်မာနိုင်ငံမှာ ဘေးတိုက် အထက်အောက် တွန်းတင်နေတဲ့ ပြတ်ရွေ့ကြော အမြောက် အမြား ရှိနေပြီး အဓိက အင်အားကြီးငလျင်တွေလှုပ်ခတ်နိုင်တဲ့ အဓိက မြေငလျင်ကြောကြီး ငါးခု ရှိပါတယ်။

မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနဘက်ကတော့ ငလျင်လှုပ်တာမှာ တခြားသော သဘာဝဘေး လိုမျိုး ကြိုတင်ခန့်မှန်းတွက်ချက်လို့ မရတဲ့ သဘာဝဘေးဖြစ်တာ၊ ရာသီမရွေး ဖြစ်နိုင်တာမို့ပြည်သူတွေ အနေနဲ့ သတိထားဖို့ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG