သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္အဝင္အထြက္နဲ႔ အေဝးေျပးလမ္းေပၚ တားဆီးစစ္ေဆးမႈတိုး


ရန္ကုန္ၿမိဳ႕ လမ္းတခုေပၚမွာ ေတြ႔ရတဲ့ ရဲတပ္ဖဲြ႔ဝင္မ်ား။ (မတ္ ၁၉၊ ၂၀၂၁)

[Zawgyi/Unicode]

ရန္ကုန္ၿမိဳ႕ အဝင္အထြက္ အေဝးေျပး အျမန္လမ္းေပၚမွာ စစ္ေဆး႐ွာေဖြမႈေတြကို အခုရက္ပိုင္းအတြင္း စစ္ေကာင္စီတပ္ေတြဘက္က တိုးလုပ္ေနပါတယ္။ ခရီးသြားသူေတြထဲက မသကၤာသူ လူငယ္ပိုင္း တခ်ဳိ႕ ဖမ္းဆီးခံရတာေတြလည္း ႐ွိပါတယ္။ ရန္ကုန္ကလာတဲ့သတင္းကို မစုျမတ္မြန္ က တင္ျပပါမယ္။

ေပ်ာက္ၾကားပံုစံ ဆႏၵျပပြဲေတြ၊ အေသးစားေပါက္ကဲြမႈေတြ ရန္ကုန္ၿမိဳ႕ျဖစ္ေနခ်ိန္မွာပဲ ၿမိဳ႕အဝင္ အထြက္ အေဝးေျပးလမ္းေပၚ သြားလာေနတဲ့ ကားေတြကို တပ္ေတြက စစ္ေဆး႐ွာေဖြမႈေတြ အခုေနာက္ပိုင္း တိုးလုပ္ေနပါတယ္။ မသကၤာတဲ့ ကားေတြဆိုရင္ အဝတ္အစားေသတၱာေတြထဲက အဝတ္ေတြကအစ တထည္ခ်င္း စစ္ေဆးတယ္လို႔ ကိုယ္တိုင္ ႀကံဳခဲ့သူက ေျပာျပပါတယ္။ စစ္ေဆးခံရတဲ့ထဲက မသကၤာသူ လူငယ္တခ်ဳိ႕ကိုလည္း ဖမ္းဆီးခံရတာေတြ႐ွိေနပါတယ္။ သႀကၤန္တြင္းေမြးရပ္ကို ခဏျပန္သြားၿပီး ရန္ကုန္ျပန္လာသူတေယာက္က လမ္းတေလၽွာက္ သူႀကံဳခဲ့ရတာမွာ အိမ္စီးကားေတြကို ပိုၿပီးပစ္မွတ္ထားစစ္ေဆးတာ ေတြ႕ရတယ္လို႔ ဗြီအိုေအကို ေျပာျပပါတယ္။

"တခ်ိဳ႕အိမ္စီးကားနဲ႔ လာသူေတြေတာ့ နည္းနည္းအခက္အခဲရွိတယ္။ သူတို႔ေတြက ေမးျမန္းတယ္... ဘယ္ကလာလဲ၊ ဘယ္ကိုသြားမလဲ ေမးတယ္။ တခ်ိဳ႕ကားေတြကေတာ့ မွန္ေတြ၊ ေနာက္ဖုံးေတြကို အျပည့္ဖြင့္ခိုင္းတယ္။ တခ်ိဳ႕ကားေတြကိုက်ေတာ့ မွန္ပဲဖြင့္ခိုင္းၿပီးေတာ့ လူအေျခအေနပဲ ၾကည့္ခိုင္းတယ္။ အဆင္ေျပတဲ့ ကားဆိုေပးသြားတယ္။ အဆင္မေျပရင္ စစ္တယ္၊ ေမးျမန္းတယ္။ လူအေျခအေနၾကည့္တယ္။ ပစၥည္းအေျခအေနၾကည့္တယ္။ ဒါေတြကို ၾကည့္တယ္လို႔ထင္တယ္။"

ေမာ္လၿမိဳင္ဘက္ကေန ရန္ကုန္ကို အခုရက္ပိုင္း ျပန္လာခဲ့သူတဦးကလည္း ရန္ကုန္အျမန္ လမ္းတေလၽွာက္စစ္ေဆးမႈေတြနဲ႔ ပတ္သတ္လို႔ ဗီြအိုေအကို ခုလိုေျပာျပလာပါတယ္။

"က်ေနာ္ ၁၂ ရက္ေန႔က ျပန္လာတယ္။ အေဝးေျပးကားကေနၿပီးေတာ့ ထြက္ေတာ့ ပဲခူးမွာ တခါစစ္တယ္။ မွတ္ပုံတင္ကို စစ္တယ္...ပဲခူး၊ ေဘာနက္ၾကီးမွာ။ ပဲခူးကေနထြက္လာၿပီးေတာ့ စစ္ေတာင္းကို ေရာက္ေရာ။ စစ္ေတာင္းတံတားမွာ တခါ စစ္တယ္။ စစ္ေတာင္းတံတားမွာ စစ္တာက်ေတာ့ လမ္းဆင္းေလၽွာက္ခိုင္းတယ္။ မသကၤာတဲ့ လူကို ၾကည့္တယ္။ ဘာလုပ္ဖို႔လဲ... နည္းနည္းေတာ့ ေမးတာေပါ့။ အဲဒီကေနၿပီးေတာ့ က်ိဳက္ထိုအထြက္မွာပဲ ထပ္စစ္တယ္။ သထုံမွာေပါ့ေနာ္။ အဲဒါကက်ေတာ့ ကားေပၚတက္ၿပီး မသကၤာတဲ့ သူေတြရဲ့မွတ္ပုံတင္ေတြကို ယူတယ္။ လူတိုင္း မွတ္ပံုတင္ မစစ္ေတာ့ဘူး။ သူတို႔ကားေပၚတက္လာၿပီးေတာ့ လူေတြကို ၾကည့္လိုက္တယ္။ ဒီလူက မသကၤာစရာေကာင္းတယ္ဆိုရင္ အဲဒီလူရဲ႕ မွတ္ပံုတင္ယူတယ္၊ အဲဒီလူရဲ႕ အိတ္ကို စစ္တယ္။ အဲဒီလိုမ်ိဳးစစ္တိုင္း၊ စစ္တိုင္း ကားသမားက ကားေအာက္ခန္းကို ျပရတယ္။ ပစၥည္းေတြထည့္တဲ့ေနရာေလ... အဲဒါကို ျပေပးရတယ္။ ၃ ေနရာ၊ ၄ ေနရာေလာက္ေတာ့ စစ္တယ္။ က်ေနာ္ျပန္တုန္းကလည္း အဲဒီလိုမ်ိဳး အဖမ္းခံရတာေတြေတာ့ မရွိဘူး။"

ရန္ကုန္နဲ႔ တျခားေနရာေတြမွာ ေပါက္ကြဲမႈ အေသးစားေတြျဖစ္ခဲ့ၿပီးေနာက္ပိုင္း ခုလို အေဝးေျပး ကားလမ္းေတြေပၚမွာ သြားလာသူေတြကို စစ္ေဆးမႈ ပိုတိုးလုပ္ေနတာျဖစ္ပါတယ္။ ေမာ္လၿမိဳင္ဘက္ကလာတဲ့ အေဝးေျပးလမ္းတေလၽွာက္ ေနရာ ၄ ေနရာ၊ မႏၱေလးဘက္က ျပန္လာတဲ့ လမ္းတေလ ွ်ာက္ ၂ ေနရာ စသျဖင့္ စစ္ေဆးမႈေတြ လုပ္ေနတယ္လို႔ ကိုယ္တိုင္ ေတြ႕ၾကဳံရသူေတြကေျပာပါတယ္။ အဲဒီလို စစ္ေဆးခံရစဥ္ တခ်ဳိ႕ ဖမ္းခံရသူေတြလည္း ႐ွိပါတယ္။ ေျမာက္ဒဂုံမွာ ေနထိုင္ေနတဲ့ ကိုသီဟနဲ႔ သူ႔ဇနီး မစြမ္းျပည့္စိုးမြန္တို႔အပါအဝင္ လူငယ္ ၄ ေယာက္ သႀကၤန္တြင္း ခရီးထြက္ၿပီး အျပန္ ပဲခူးတိုင္းေ႐ႊက်င္ၿမိဳ႕နယ္ထဲမွာ ဖမ္းဆီးခံခဲ့ရတာျဖစ္ပါတယ္။ သူတို႔ ဖမ္းဆီးခံရတာနဲ႔ ပတ္သက္လို႔ ကိုသီဟနဲ႔ ညီအကိုဝမ္းကြဲေတာ္သူက ဗြီအိုေအကို ခုလို ေျပာျပပါတယ္။

"ဒီသၾကၤန္ပိတ္ရက္ခရီးသြားတယ္။ ခရီးသြားၿပီးေတာ့ က်ေနာ္တို႔ ျပန္လာတယ္ဆိုေတာ့... ႏွစ္ဆန္း ၁ ရက္ေန႔ေပါ့။ ေနာက္ေန႔ ရံုးျပန္တက္ဖို႔ဆိုေတာ့ ျပန္လာတယ္။ က်ေနာ္တို႔ကို လာၾကိဳဖို႔ လုပ္တဲ့အခါမွာ ဖုန္းဝင္လာတာက ဆိုင္ကယ္ကယ္ရီနဲ႔ ျပန္လာတဲ့အခါမွာ သူတို႔ကို စစ္တယ္ေပါ့။ စစ္တယ္ဆိုေတာ့ က်ေနာ္တို႔ကလည္း ရိုးရိုးတန္းတန္းစစ္တာပဲ၊ အိတ္စစ္တယ္ဘာညာ... သူတို႔ စစ္ခ်င္တယ္ဆိုၿပီး စခန္းမွာ ခဏေခၚထားတယ္ဆိုလို႔ အဲဒါကို က်ေနာ္တို႔ ေစာင့္ေနတာေပါ့။ ေနာက္တခုက ညေန ၅ နာရီခဲြေလာက္လည္းက်ေရာ က်ေနာ္တို႔ ၾကားရတာေပါ့ေနာ္... ကိုသီဟဆီက ေနာက္ဆံုးၾကားရတာက သူတို႔ အေထြအထူးမရွိဘူးတဲ့။ ေအးေအးေဆးေဆးပဲတဲ့။ သူတို႔ကို မနက္ျဖန္မနက္မွာ ကားေပၚတင္ေပးမယ္ေပါ့၊ ေအးေဆးပဲ မနက္ျပန္လႊတ္မယ္ဆိုၿပီးေတာ့ က်ေနာ္တို႔ အဲဒါနဲ႔ ေနာက္ေန႔မနက္မွပဲ ၾကိဳမယ္ဆိုၿပီးေတာ့ပဲ ေစာင့္ေနရင္းကေန ေနာက္ေန႔မနက္ ဖုန္းေခၚတဲ့အခါမွာ ေခၚလို႔မရဘူးေပါ့။ စံုစမ္းရင္းနဲ႔မွ ေနာက္ဆံုး မေန႔က ေန႔ခင္းမွာ သူတို႔ ဗ်ဴဟာမွဴးဝင္တယ္တဲ့ ဝင္ၿပီးေတာ့ သူတို႔ကို စစ္ၿပီးေတာ့ ဗ်ဴဟာမွဴးေခၚသြားတယ္လို႔ေတာ့ ၾကားတယ္ဗ်။ ေနာက္ဆံုးၾကားတာကေလ။"

သူတို႔လိုပဲ ေ႐ႊက်င္ဘက္မွာ ဖမ္းဆီးခံရသူ လူငယ္ ၁၀ ဦးထက္မနည္းရွိတယ္လို႔ ျပည္တြင္းသတင္းေတြမွာ ေဖာ္ျပၾကေပမဲ့ ဗြီအိုေအက သီးျခားအတည္မျပဳနိုင္ပါဘူး။ ဖမ္းဆီးခံရသူေတြဟာ ခုခ်ိန္ထိ မိသားစုေတြနဲ႔ ေတြ႕ခြင့္မရေသးသလို ဘယ္မွာ ထိန္းသိမ္းထားလဲဆိုတာလဲ မသိရေသးပါဘူး။ ေကအန္ယူနယ္ေျမထဲမွာ သင္တန္းသြားတက္လို႔ဆိုၿပီး မသကၤာမႈနဲ႔ ဖမ္းဆီးတယ္လို႔ တခ်ဳိ႕ကလည္း ေျပာဆိုေနၾကပါတယ္။ ဒါေပမဲ့ မိသားစုဝင္ေတြကေတာ့ သႀကၤန္တြင္း ရက္တို ခရီးသြားၾကတာျဖစ္တယ္လို႔ ေျပာပါတယ္။ ဖမ္းဆီးထိန္းသိမ္းထားတဲ့ ေရႊက်င္ ရဲစခန္းကို ဗြီအိုေအက ဆက္သြယ္တာမွာေတာ့ တာဝန္ခံေျဖဆိုေပးမယ့္ အရာရွိ မရိွတာေၾကာင့္ ေျဖဆိုဖို႔ျငင္းသလို ဖမ္းဆီးခံရသူေတြနဲ႔ ပတ္သတ္လို႔ မသိရွိဘူးလို႔ေျပာပါတယ္။

စစ္အာဏာ႐ွင္ဆန္႔က်င္တဲ့ လႈပ္႐ွားမႈမွာပါဝင္သူ အားေပးသူေတြကို တရားစြဲဆို ဖမ္းဝရမ္းထုတ္ထားခ်ိန္မွာ ခုလို အေဝးေျပးလမ္းေတြေပၚမွာ ခရီးသြားေတြကို ပိုၿပီး စစ္ေဆးေနတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရန်ကုန်အဝင်အထွက်နဲ့ အဝေးပြေးလမ်းပေါ် တားဆီးစစ်ဆေးမှုတိုး

ရန်ကုန်မြို့ အဝင်အထွက် အဝေးပြေး အမြန်လမ်းပေါ်မှာ စစ်ဆေးရှာဖွေမှုတွေကို အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်တွေဘက်က တိုးလုပ်နေပါတယ်။ ခရီးသွားသူတွေထဲက မသင်္ကာသူ လူငယ်ပိုင်း တချို့ ဖမ်းဆီးခံရတာတွေလည်း ရှိပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို မစုမြတ်မွန် က တင်ပြပါမယ်။

ပျောက်ကြားပုံစံ ဆန္ဒပြပွဲတွေ၊ အသေးစားပေါက်ကွဲမှုတွေ ရန်ကုန်မြို့ဖြစ်နေချိန်မှာပဲ မြို့အဝင် အထွက် အဝေးပြေးလမ်းပေါ် သွားလာနေတဲ့ ကားတွေကို တပ်တွေက စစ်ဆေးရှာဖွေမှုတွေ အခုနောက်ပိုင်း တိုးလုပ်နေပါတယ်။ မသင်္ကာတဲ့ ကားတွေဆိုရင် အဝတ်အစားသေတ္တာတွေထဲက အဝတ်တွေကအစ တထည်ချင်း စစ်ဆေးတယ်လို့ ကိုယ်တိုင် ကြုံခဲ့သူက ပြောပြပါတယ်။ စစ်ဆေးခံရတဲ့ထဲက မသင်္ကာသူ လူငယ်တချို့ကိုလည်း ဖမ်းဆီးခံရတာတွေရှိနေပါတယ်။ သင်္ကြန်တွင်းမွေးရပ်ကို ခဏပြန်သွားပြီး ရန်ကုန်ပြန်လာသူတယောက်က လမ်းတလျှောက် သူကြုံခဲ့ရတာမှာ အိမ်စီးကားတွေကို ပိုပြီးပစ်မှတ်ထားစစ်ဆေးတာ တွေ့ရတယ်လို့ ဗွီအိုအေကို ပြောပြပါတယ်။

"တချို့အိမ်စီးကားနဲ့ လာသူတွေတော့ နည်းနည်းအခက်အခဲရှိတယ်။ သူတို့တွေက မေးမြန်းတယ်... ဘယ်ကလာလဲ၊ ဘယ်ကိုသွားမလဲ မေးတယ်။ တချို့ကားတွေကတော့ မှန်တွေ၊ နောက်ဖုံးတွေကို အပြည့်ဖွင့်ခိုင်းတယ်။ တချို့ကားတွေကိုကျတော့ မှန်ပဲဖွင့်ခိုင်းပြီးတော့ လူအခြေအနေပဲ ကြည့်ခိုင်းတယ်။ အဆင်ပြေတဲ့ ကားဆိုပေးသွားတယ်။ အဆင်မပြေရင် စစ်တယ်၊ မေးမြန်းတယ်။ လူအခြေအနေကြည့်တယ်။ ပစ္စည်းအခြေအနေကြည့်တယ်။ ဒါတွေကို ကြည့်တယ်လို့ထင်တယ်။"

မော်လမြိုင်ဘက်ကနေ ရန်ကုန်ကို အခုရက်ပိုင်း ပြန်လာခဲ့သူတဦးကလည်း ရန်ကုန်အမြန် လမ်းတလျှောက်စစ်ဆေးမှုတွေနဲ့ ပတ်သတ်လို့ ဗွီအိုအေကို ခုလိုပြောပြလာပါတယ်။

"ကျနော် ၁၂ ရက်နေ့က ပြန်လာတယ်။ အဝေးပြေးကားကနေပြီးတော့ ထွက်တော့ ပဲခူးမှာ တခါစစ်တယ်။ မှတ်ပုံတင်ကို စစ်တယ်...ပဲခူး၊ ဘောနက်ကြီးမှာ။ ပဲခူးကနေထွက်လာပြီးတော့ စစ်တောင်းကို ရောက်ရော။ စစ်တောင်းတံတားမှာ တခါ စစ်တယ်။ စစ်တောင်းတံတားမှာ စစ်တာကျတော့ လမ်းဆင်းလျှောက်ခိုင်းတယ်။ မသင်္ကာတဲ့ လူကို ကြည့်တယ်။ ဘာလုပ်ဖို့လဲ... နည်းနည်းတော့ မေးတာပေါ့။ အဲဒီကနေပြီးတော့ ကျိုက်ထိုအထွက်မှာပဲ ထပ်စစ်တယ်။ သထုံမှာပေါ့နော်။ အဲဒါကကျတော့ ကားပေါ်တက်ပြီး မသင်္ကာတဲ့ သူတွေရဲ့မှတ်ပုံတင်တွေကို ယူတယ်။ လူတိုင်း မှတ်ပုံတင် မစစ်တော့ဘူး။ သူတို့ကားပေါ်တက်လာပြီးတော့ လူတွေကို ကြည့်လိုက်တယ်။ ဒီလူက မသင်္ကာစရာကောင်းတယ်ဆိုရင် အဲဒီလူရဲ့ မှတ်ပုံတင်ယူတယ်၊ အဲဒီလူရဲ့ အိတ်ကို စစ်တယ်။ အဲဒီလိုမျိုးစစ်တိုင်း၊ စစ်တိုင်း ကားသမားက ကားအောက်ခန်းကို ပြရတယ်။ ပစ္စည်းတွေထည့်တဲ့နေရာလေ... အဲဒါကို ပြပေးရတယ်။ ၃ နေရာ၊ ၄ နေရာလောက်တော့ စစ်တယ်။ ကျနော်ပြန်တုန်းကလည်း အဲဒီလိုမျိုး အဖမ်းခံရတာတွေတော့ မရှိဘူး။"

ရန်ကုန်နဲ့ တခြားနေရာတွေမှာ ပေါက်ကွဲမှု အသေးစားတွေဖြစ်ခဲ့ပြီးနောက်ပိုင်း ခုလို အဝေးပြေး ကားလမ်းတွေပေါ်မှာ သွားလာသူတွေကို စစ်ဆေးမှု ပိုတိုးလုပ်နေတာဖြစ်ပါတယ်။ မော်လမြိုင်ဘက်ကလာတဲ့ အဝေးပြေးလမ်းတလျှောက် နေရာ ၄ နေရာ၊ မန္တလေးဘက်က ပြန်လာတဲ့ လမ်းတလေ ျှာက် ၂ နေရာ စသဖြင့် စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ကိုယ်တိုင် တွေ့ကြုံရသူတွေကပြောပါတယ်။ အဲဒီလို စစ်ဆေးခံရစဉ် တချို့ ဖမ်းခံရသူတွေလည်း ရှိပါတယ်။ မြောက်ဒဂုံမှာ နေထိုင်နေတဲ့ ကိုသီဟနဲ့ သူ့ဇနီး မစွမ်းပြည့်စိုးမွန်တို့အပါအဝင် လူငယ် ၄ ယောက် သင်္ကြန်တွင်း ခရီးထွက်ပြီး အပြန် ပဲခူးတိုင်းရွှေကျင်မြို့နယ်ထဲမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ သူတို့ ဖမ်းဆီးခံရတာနဲ့ ပတ်သက်လို့ ကိုသီဟနဲ့ ညီအကိုဝမ်းကွဲတော်သူက ဗွီအိုအေကို ခုလို ပြောပြပါတယ်။

"ဒီသင်္ကြန်ပိတ်ရက်ခရီးသွားတယ်။ ခရီးသွားပြီးတော့ ကျနော်တို့ ပြန်လာတယ်ဆိုတော့... နှစ်ဆန်း ၁ ရက်နေ့ပေါ့။ နောက်နေ့ ရုံးပြန်တက်ဖို့ဆိုတော့ ပြန်လာတယ်။ ကျနော်တို့ကို လာကြိုဖို့ လုပ်တဲ့အခါမှာ ဖုန်းဝင်လာတာက ဆိုင်ကယ်ကယ်ရီနဲ့ ပြန်လာတဲ့အခါမှာ သူတို့ကို စစ်တယ်ပေါ့။ စစ်တယ်ဆိုတော့ ကျနော်တို့ကလည်း ရိုးရိုးတန်းတန်းစစ်တာပဲ၊ အိတ်စစ်တယ်ဘာညာ... သူတို့ စစ်ချင်တယ်ဆိုပြီး စခန်းမှာ ခဏခေါ်ထားတယ်ဆိုလို့ အဲဒါကို ကျနော်တို့ စောင့်နေတာပေါ့။ နောက်တခုက ညနေ ၅ နာရီခွဲလောက်လည်းကျရော ကျနော်တို့ ကြားရတာပေါ့နော်... ကိုသီဟဆီက နောက်ဆုံးကြားရတာက သူတို့ အထွေအထူးမရှိဘူးတဲ့။ အေးအေးဆေးဆေးပဲတဲ့။ သူတို့ကို မနက်ဖြန်မနက်မှာ ကားပေါ်တင်ပေးမယ်ပေါ့၊ အေးဆေးပဲ မနက်ပြန်လွှတ်မယ်ဆိုပြီးတော့ ကျနော်တို့ အဲဒါနဲ့ နောက်နေ့မနက်မှပဲ ကြိုမယ်ဆိုပြီးတော့ပဲ စောင့်နေရင်းကနေ နောက်နေ့မနက် ဖုန်းခေါ်တဲ့အခါမှာ ခေါ်လို့မရဘူးပေါ့။ စုံစမ်းရင်းနဲ့မှ နောက်ဆုံး မနေ့က နေ့ခင်းမှာ သူတို့ ဗျူဟာမှူးဝင်တယ်တဲ့ ဝင်ပြီးတော့ သူတို့ကို စစ်ပြီးတော့ ဗျူဟာမှူးခေါ်သွားတယ်လို့တော့ ကြားတယ်ဗျ။ နောက်ဆုံးကြားတာကလေ။"

သူတို့လိုပဲ ရွှေကျင်ဘက်မှာ ဖမ်းဆီးခံရသူ လူငယ် ၁၀ ဦးထက်မနည်းရှိတယ်လို့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြကြပေမဲ့ ဗွီအိုအေက သီးခြားအတည်မပြုနိုင်ပါဘူး။ ဖမ်းဆီးခံရသူတွေဟာ ခုချိန်ထိ မိသားစုတွေနဲ့ တွေ့ခွင့်မရသေးသလို ဘယ်မှာ ထိန်းသိမ်းထားလဲဆိုတာလဲ မသိရသေးပါဘူး။ ကေအန်ယူနယ်မြေထဲမှာ သင်တန်းသွားတက်လို့ဆိုပြီး မသင်္ကာမှုနဲ့ ဖမ်းဆီးတယ်လို့ တချို့ကလည်း ပြောဆိုနေကြပါတယ်။ ဒါပေမဲ့ မိသားစုဝင်တွေကတော့ သင်္ကြန်တွင်း ရက်တို ခရီးသွားကြတာဖြစ်တယ်လို့ ပြောပါတယ်။ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ရွှေကျင် ရဲစခန်းကို ဗွီအိုအေက ဆက်သွယ်တာမှာတော့ တာဝန်ခံဖြေဆိုပေးမယ့် အရာရှိ မရှိတာကြောင့် ဖြေဆိုဖို့ငြင်းသလို ဖမ်းဆီးခံရသူတွေနဲ့ ပတ်သတ်လို့ မသိရှိဘူးလို့ပြောပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်တဲ့ လှုပ်ရှားမှုမှာပါဝင်သူ အားပေးသူတွေကို တရားစွဲဆို ဖမ်းဝရမ်းထုတ်ထားချိန်မှာ ခုလို အဝေးပြေးလမ်းတွေပေါ်မှာ ခရီးသွားတွေကို ပိုပြီး စစ်ဆေးနေတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG