သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္လမ္းမေတြေပၚ စာျဖန္႔ၾကဲဆႏၵျပ


ဧၿပီလ ၂၅ ရက္ေန႔က ျပဳလုပ္ခဲ့တဲ့ ကေလးၿမိဳ႕ရဲ႕ စစ္အာဏာရွင္ ဆန္႔က်င္တဲ့ Paper Strike သပိတ္ ျမင္ကြင္း။ (ဧၿပီ ၂၅၊ ၂၀၂၁)

[Zawgyi/Unicode]

စစ္အာဏာသိမ္းတာကို ဆန္႔က်င္တဲ့ ဆႏၵျပပြဲေတြက ႏိုင္ငံတဝန္းမွာ ဆက္ရွိေနပါတယ္။ ရန္ကုန္မွာေတာ့ လံုၿခံဳေရးအေျခအေနေၾကာင့္ ဆႏၵျပစစ္ေၾကာင္းႀကီးေတြ မထြက္ႏိုင္ၾကေပမဲ့ လမ္းေပၚမွာ စာ႐ြက္ေတြ ျဖန္႔ႀကဲဆႏၵျပတဲ့ Paper Strike လႈပ္႐ွားမႈအပါအဝင္ ရနဲ႔နည္းနဲ႔ ဆႏၵျပခဲ့ၾကပါတယ္။ ရွမ္းျပည္နယ္ ေက်ာက္မဲၿမိဳ႕မွာေတာ့ ဒီကေန႔ ဆႏၵျပစစ္ေၾကာင္းကို ရဲနဲ႔ စစ္သားေတြက ကားနဲ႔ တိုက္ၿပီးဖမ္းဆီးဖို႔ႀကိဳးစားၾကသလို ပစ္ခတ္ၿဖိဳခြဲမႈေတြလည္း ျဖစ္ခဲ့ပါတယ္။ ႏိုင္ငံတစ္ဝန္းက ဆႏၵျပပြဲေတြအေၾကာင္း ရန္ကုန္ကလာတဲ့ သတင္းကို မဆုမြန္က ေျပာျပပါမယ္။

စစ္အာဏာသိမ္း ဆန႔္က်င္တဲ့ အေနနဲ႔ ရန္ကုန္ၿမိဳ႕မွာ ၿမိဳ႕နယ္၊ ရပ္ကြက္အလိုက္ လုပ္ၾကတဲ့ ဆႏၵျပပြဲတခ်ဳိ႕႐ွိေပမဲ့ ရန္ကုန္ရဲ႕ အဓိက သပိတ္စစ္ေၾကာင္းႀကီးေတြကေတာ့ ဒီကေန႔ မထြက္ႏိုင္ၾကပါဘူး။ ဆႏၵျပစစ္ေၾကာင္းေတြ မထြက္ႏုိင္ေပမဲ့ ရတဲ့နည္းနဲ႔ ကန္႔ကြက္ ဆန္႔က်င္ဖုိ႔ အသင့္ပဲလုိ႔ ရန္ကုန္သပိတ္စစ္ေၾကာင္းေတြမွာ ပါဝင္သူ တစ္ဦးက ေျပာပါတယ္။

“သပိတ္ကေတာ့ ထြက္ၾကတယ္ဗ်၊ ရန္ကုန္မွာ ထြက္ၾကပါတယ္။ ၿပီးေတာ့ လမ္းေပၚမွာစာ႐ြက္ေတြ ျဖန္႔ၾကဲၿပီးေတာ့ Paper Strike ေတြ လုပ္တာလည္း ရွိတယ္။ သပိတ္ႀကီးေတြေတာ့ မထြက္ဘူး။ သပိတ္အေသးပဲ ထြက္တယ္။ ခုက အရပ္ဝတ္အင္အားက ပိုမ်ားလာတယ္၊ စစ္အင္အားကို အဲ့ဒီေလာက္ သုံးတာ မရွိေတာ့ဘူး။ အရပ္ဝတ္ေတြနဲ႔ပဲ ဝင္ဖမ္းတာေတြမ်ားလာတယ္။ ၿပီးရင္ အိမ္စီးကားေတြပဲ အသုံးမ်ားလာတယ္။ စစ္ကားေတြကို အရင္ကလို မသုံးေတာ့ဘူး။ အိမ္စီးကားသုံးလာတာ မ်ားတယ္။ က်ေနာ္တို႔ ကေတာ့ လမ္းေပၚထြက္လို႔ရရင္ လမ္းေပၚထြက္မယ္။ အခြင့္အေရးရလို႔ ၿမိဳ႕တြင္း တိုက္ပြဲေတြနဲ႔ ယွဥ္ရေတာ့မယ္ဆိုရင္လည္း အဆင့္သင့္ပါပဲ။ က်ေနာ္တို႔ အကုန္လုံး Ready ပါပဲ။ ရရာလက္နက္ စြဲကိုင္ တိုက္ဖို႔ကေတာ့ က်ေနာ္တို႔ ရဲ႕ခံယူခ်က္ပဲဗ်။”

ရွမ္းျပည္နယ္ေတာင္ပိုင္း ေက်ာက္မဲၿမိဳ႕မွာ ဒီကေန႔ ဆိုင္ကယ္သပိတ္ကို စစ္ေကာင္စီတပ္ေတြက ပစ္ခတ္ၿဖိဳခြင္း႐ံုမက ကားနဲ႔ပါတိုက္ၿပီး ဆႏၵျပသူေတြကို ဖမ္းဆီးဖို႔ ႀကိဳးစားခဲ့ပါတယ္။ ေမ ၃၀ ရက္ မေန႔ညက စစ္ေကာင္စီက ဖမ္းဆီးသြားတဲ့ ကိုမင္းမင္းအတြက္ ေတာင္းဆိုဆႏၵျပဖို႔ အသြားမွာ ခုလို ႏွိမ္နင္းခံရတာကို ေက်ာက္မဲဆႏၵျပပြဲမွာ ပါဝင္သူတစ္ဦးက ေျပာပါတယ္။

“အဓိကက မေန႔ညက က်ေနာ္တို႔ ၿမိဳ႕က လူတစ္ေယာက္ပါသြားတယ္။ ပါသြားတဲ့ အဲ့တစ္ေယာက္ အတြက္ Speak Out လုပ္ဖို႔ ရဲစခန္းကို ခ်ီတက္တာေပါ့။ ရဲစခန္းမေရာက္ခင္မွာကို ၿဖိဳခြင္းတယ္။ ရာဘာက်ည္နဲ႔ ပစ္တယ္၊ ပစ္ေတာ့ ၃ ေယာက္ထိတယ္။ ဆိုင္ကယ္သပိတ္ကို သူတို႔က ကားနဲ႔ေပါ့၊ ကားနဲ႔ ေနာက္က လိုက္တိုက္တယ္။ တိုက္ေတာ့ ဆိုင္ကယ္လဲၿပီးေတာ့ ဖုန္းေတြက်က်န္ခဲ့တာေတာ့ ရွိတယ္။ လူကေတာ့ လြတ္ေအာင္ေျပးၾကတယ္။ ဆိုင္ကယ္က ၂ စီးေလာက္ေတာ့ အနည္းဆုံးပါသြားတယ္။”

ေက်ာက္မဲမွာ ဒီကေန႔ ၿဖိဳခြဲမႈေၾကာင့္ ဖမ္းဆီးခံရသူ မရွိေပမဲ့ ၿဖိဳခြဲခ်ိန္မွာ က်က်န္ခဲ့တဲ့ ဖုန္းေတြကေနတစ္ဆင့္ လိုက္ၿပီး ဖမ္းဆီးမႈေတြ ရွိႏိုင္တာေၾကာင့္ ဆႏၵျပသူေတြ ေရွာင္တိမ္းေနၾကရတယ္လို႔ ဆႏၵျပပြဲမွာ ပါဝင္သူတဦးက ေျပာပါတယ္။

ဆႏၵျပပဲြေတြ ေတာက္ေလ ွ်ာက္လို ႐ွိေနတဲ့ မံု႐ြာၿမိဳ႕မွာလည္း လမ္းေပၚထြက္ ဆႏၵျပတာထက္ စစ္အာဏာ႐ွင္ဆန္႔က်င္တဲ့ လႈပ္႐ွားမႈေတြ ရပ္မသြားေအာင္ ႀကိဳးစားေနတယ္လို႔ မုံ႐ြာ ဆႏၵျပပြဲမွာ ပါဝင္သူတစ္ဦးက ေျပာပါတယ္။

“အခု ရက္ပိုင္းအတြင္းကေတာ့ က်ေနာ္တို႔ ဒီ သပိတ္အေျခအေနကေတာ့ လမ္းမႀကီးေတြထက္ေပၚကို ေသခ်ာၾကည့္ႀကီးေတာ့ ျပန္ၿပီးေတာ့ တက္ႏိုင္လာတဲ့ အေနအထားရွိတယ္ေပါ့ေနာ္။ ဒါေပမဲ့ ဒီေန႔မွာေတာ့ လမ္းမေတြထက္မွာ စစ္ေဆးေရးေတြ ျပန္ေနရာယူၿပီး၊ လုံၿခဳံေရးေတြ ျပန္ခ်ထားတဲ့ အေျခအေနမ်ိဳးေတာ့ က်ေနာ္တို႔ ေတြ႕ရတယ္ဗ်။ အရပ္ဝတ္ေတြနဲ႔ ကားနဲ႔ လွည့္ပတ္ေနတာေတြေရာ က်ေနာ္တို႔ ေတြ႕ရတယ္ဗ်။ က်ေနာ္တို႔ ေနာက္ပိုင္းကေတာ့ အဓိကကေတာ့ လမ္းမႀကီးေတြေပၚတက္ဖို႔ကေတာ့ က်ေနာ္တို႔ ပန္းတိုင္မဟုတ္ဘူးေပါ့ေနာ္။ အဓိကက လမ္းမေပၚက က်ေနာ္တို႔ လႈပ္ရွားမႈေတြ ဆက္ရွိေနဖို႔ေပါ့။ ေနာက္ကအသံ ထည့္ဖုိ႔ မလုိပါဘူး။ က်ေနာ္တို႔က အလ်ဥ္းသင့္သလိုပဲ လမ္းမႀကီးေတြေပၚထြက္တာဗ်။ ဒီေန႔ကလည္း က်ေနာ္တို႔ အစကတည္းက လမ္းႀကီးေတြေပၚတက္ဖို႔ အစီအစဥ္မရွိတာဗ်။”

ေန႔စဥ္ဆႏၵထုတ္ေဖာ္ေနတဲ့ မႏၱေလး၊ ဖားကန္႔၊ ထားဝယ္၊ ေလာင္းလုံ၊ ေရျဖဴ၊ ဆားလင္းႀကီး၊ ျမင္းၿခံၿမိဳ႕ေတြမွာ ေျပာက္က်ားသပိတ္၊ ဆိုင္ကယ္သပိတ္ေတြလု ပ္ခဲ့ၾကပါတယ္။ ေဒသတခ်ိဳ႕မွာေတာ့ လူမဲ့သပိတ္၊ အိမ္တြင္းသပိတ္၊ ဓားသပိတ္၊ လြန္ဆြဲသပိတ္ေတြျပဳလုပ္ၾကၿပီး စစ္အာဏာသိမ္းမႈကို ကန္႔ကြက္ ဆႏၵျပခဲ့ၾကပါတယ္။

ရန္ကုန္လမ္းမေတြေပၚ စာျဖန္႔ၾကဲဆႏၵျပ
please wait

No media source currently available

0:00 0:03:50 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရန်ကုန်လမ်းမတွေပေါ် စာဖြန့်ကြဲဆန္ဒပြ

စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေက နိုင်ငံတဝန်းမှာ ဆက်ရှိနေပါတယ်။ ရန်ကုန်မှာတော့ လုံခြုံရေးအခြေအနေကြောင့် ဆန္ဒပြစစ်ကြောင်းကြီးတွေ မထွက်နိုင်ကြပေမဲ့ လမ်းပေါ်မှာစာရွက်တွေ ဖြန့်ကြဲဆန္ဒပြတဲ့ Paper Strike လှုပ်ရှားမှုအပါအဝင် ရနဲ့နည်းနဲ့ ဆန္ဒပြခဲ့ကြပါတယ်။ ရှမ်းပြည်နယ် ကျောက်မဲမြို့မှာတော့ ဒီကနေ့ ဆန္ဒပြစစ်ကြောင်းကို ရဲနဲ့ စစ်သားတွေက ကားနဲ့ တိုက်ပြီးဖမ်းဆီးဖို့ကြိုးစားကြသလို ပစ်ခတ်ဖြိုခွဲမှုတွေလည်း ဖြစ်ခဲ့ပါတယ်။ နိုင်ငံတစ်ဝန်းက ဆန္ဒပြပွဲတွေအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို မဆုမွန်က ပြောပြပါမယ်။

စစ်အာဏာသိမ်း ဆန့်ကျင်တဲ့ အနေနဲ့ ရန်ကုန်မြို့မှာ မြို့နယ်၊ ရပ်ကွက်အလိုက် လုပ်ကြတဲ့ ဆန္ဒပြပွဲတချို့ရှိပေမဲ့ ရန်ကုန်ရဲ့ အဓိက သပိတ်စစ်ကြောင်းကြီးတွေကတော့ ဒီကနေ့ မထွက်နိုင်ကြပါဘူး။ ဆန္ဒပြစစ်ကြောင်းတွေ မထွက်နိုင်ပေမဲ့ ရတဲ့နည်းနဲ့ ကန့်ကွက် ဆန့်ကျင်ဖို့ အသင့်ပဲလို့ ရန်ကုန်သပိတ်စစ်ကြောင်းတွေမှာ ပါဝင်သူ တစ်ဦးက ပြောပါတယ်။

“သပိတ်ကတော့ ထွက်ကြတယ်ဗျ၊ ရန်ကုန်မှာ ထွက်ကြပါတယ်။ ပြီးတော့ လမ်းပေါ်မှာစာရွက်တွေ ဖြန့်ကြဲပြီးတော့ Paper Strike တွေ လုပ်တာလည်း ရှိတယ်။ သပိတ်ကြီးတွေတော့ မထွက်ဘူး။ သပိတ်အသေးပဲ ထွက်တယ်။ ခုက အရပ်ဝတ်အင်အားက ပိုများလာတယ်၊ စစ်အင်အားကို အဲ့ဒီလောက် သုံးတာ မရှိတော့ဘူး။ အရပ်ဝတ်တွေနဲ့ပဲ ဝင်ဖမ်းတာတွေများလာတယ်။ ပြီးရင် အိမ်စီးကားတွေပဲ အသုံးများလာတယ်။ စစ်ကားတွေကို အရင်ကလို မသုံးတော့ဘူး။ အိမ်စီးကားသုံးလာတာ များတယ်။ ကျနော်တို့ ကတော့ လမ်းပေါ်ထွက်လို့ရရင် လမ်းပေါ်ထွက်မယ်။ အခွင့်အရေးရလို့ မြို့တွင်း တိုက်ပွဲတွေနဲ့ ယှဉ်ရတော့မယ်ဆိုရင်လည်း အဆင့်သင့်ပါပဲ။ ကျနော်တို့ အကုန်လုံး Ready ပါပဲ။ ရရာလက်နက် စွဲကိုင် တိုက်ဖို့ကတော့ ကျနော်တို့ ရဲ့ခံယူချက်ပဲဗျ။”

ရှမ်းပြည်နယ်တောင်ပိုင်း ကျောက်မဲမြို့မှာ ဒီကနေ့ ဆိုင်ကယ်သပိတ်ကို စစ်ကောင်စီတပ်တွေက ပစ်ခတ်ဖြိုခွင်းရုံမက ကားနဲ့ပါတိုက်ပြီး ဆန္ဒပြသူတွေကို ဖမ်းဆီးဖို့ ကြိုးစားခဲ့ပါတယ်။ မေ ၃၀ ရက် မနေ့ညက စစ်ကောင်စီက ဖမ်းဆီးသွားတဲ့ ကိုမင်းမင်းအတွက် တောင်းဆိုဆန္ဒပြဖို့ အသွားမှာ ခုလို နှိမ်နင်းခံရတာကို ကျောက်မဲဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။

“အဓိကက မနေ့ညက ကျနော်တို့ မြို့က လူတစ်ယောက်ပါသွားတယ်။ ပါသွားတဲ့ အဲ့တစ်ယောက် အတွက် Speak Out လုပ်ဖို့ ရဲစခန်းကို ချီတက်တာပေါ့။ ရဲစခန်းမရောက်ခင်မှာကို ဖြိုခွင်းတယ်။ ရာဘာကျည်နဲ့ ပစ်တယ်၊ ပစ်တော့ ၃ ယောက်ထိတယ်။ ဆိုင်ကယ်သပိတ်ကို သူတို့က ကားနဲ့ပေါ့၊ ကားနဲ့ နောက်က လိုက်တိုက်တယ်။ တိုက်တော့ ဆိုင်ကယ်လဲပြီးတော့ ဖုန်းတွေကျကျန်ခဲ့တာတော့ ရှိတယ်။ လူကတော့ လွတ်အောင်ပြေးကြတယ်။ ဆိုင်ကယ်က ၂ စီးလောက်တော့ အနည်းဆုံးပါသွားတယ်။”

ကျောက်မဲမှာ ဒီကနေ့ ဖြိုခွဲမှုကြောင့် ဖမ်းဆီးခံရသူ မရှိပေမဲ့ ဖြိုခွဲချိန်မှာ ကျကျန်ခဲ့တဲ့ ဖုန်းတွေကနေတစ်ဆင့် လိုက်ပြီး ဖမ်းဆီးမှုတွေ ရှိနိုင်တာကြောင့် ဆန္ဒပြသူတွေ ရှောင်တိမ်းနေကြရတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတဦးက ပြောပါတယ်။

ဆန္ဒပြပွဲတွေ တောက်လေ ျှာက်လို ရှိနေတဲ့ မုံရွာမြို့မှာလည်း လမ်းပေါ်ထွက် ဆန္ဒပြတာထက် စစ်အာဏာရှင်ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ရပ်မသွားအောင် ကြိုးစားနေတယ်လို့ မုံရွာ ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။

“အခု ရက်ပိုင်းအတွင်းကတော့ ကျနော်တို့ ဒီ သပိတ်အခြေအနေကတော့ လမ်းမကြီးတွေထက်ပေါ်ကို သေချာကြည့်ကြီးတော့ ပြန်ပြီးတော့ တက်နိုင်လာတဲ့ အနေအထားရှိတယ်ပေါ့နော်။ ဒါပေမဲ့ ဒီနေ့မှာတော့ လမ်းမတွေထက်မှာ စစ်ဆေးရေးတွေ ပြန်နေရာယူပြီး၊ လုံခြုံရေးတွေ ပြန်ချထားတဲ့ အခြေအနေမျိုးတော့ ကျနော်တို့ တွေ့ရတယ်ဗျ။ အရပ်ဝတ်တွေနဲ့ ကားနဲ့ လှည့်ပတ်နေတာတွေရော ကျနော်တို့ တွေ့ရတယ်ဗျ။ ကျနော်တို့ နောက်ပိုင်းကတော့ အဓိကကတော့ လမ်းမကြီးတွေပေါ်တက်ဖို့ကတော့ ကျနော်တို့ ပန်းတိုင်မဟုတ်ဘူးပေါ့နော်။ အဓိကက လမ်းမပေါ်က ကျနော်တို့ လှုပ်ရှားမှုတွေ ဆက်ရှိနေဖို့ပေါ့။ နောက်ကအသံ ထည့်ဖို့ မလိုပါဘူး။ ကျနော်တို့က အလျဉ်းသင့်သလိုပဲ လမ်းမကြီးတွေပေါ်ထွက်တာဗျ။ ဒီနေ့ကလည်း ကျနော်တို့ အစကတည်းက လမ်းကြီးတွေပေါ်တက်ဖို့ အစီအစဉ်မရှိတာဗျ။”

နေ့စဉ်ဆန္ဒထုတ်ဖော်နေတဲ့ မန္တလေး၊ ဖားကန့်၊ ထားဝယ်၊ လောင်းလုံ၊ ရေဖြူ၊ ဆားလင်းကြီး၊ မြင်းခြံမြို့တွေမှာ ပြောက်ကျားသပိတ်၊ ဆိုင်ကယ်သပိတ်တွေလု ပ်ခဲ့ကြပါတယ်။ ဒေသတချို့မှာတော့ လူမဲ့သပိတ်၊ အိမ်တွင်းသပိတ်၊ ဓားသပိတ်၊ လွန်ဆွဲသပိတ်တွေပြုလုပ်ကြပြီး စစ်အာဏာသိမ်းမှုကို ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG