သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္ Water Bus စီမံကိန္း ေရွ႕ဆက္ဖို႔ အစိုးရက လက္တြန္႔ေနသလား


Yangon Water Bus (Photo - Yangon Water Bus Facebook)

(Zawgyi/ Unicode)

ရန္ကုန္ရဲ႕ အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရး လုပ္ငန္း Yangon Water Bus စီမံကိန္း အတြက္ ဘဏ္က ေခ်းေငြ ဆက္မေပးေတာ့သလို အစိုးရဘက္ကလည္း ခြင့္ျပဳခ်က္ေတြ ခ်ေပးဖို႔ ၾကန္႔ၾကာေနတာေၾကာင္႔ ေရွ႕ဆက္ဖို႔ အေရး အခက္ေတြ႔ေနတယ္လို႔ လုပ္ငန္းဘက္က ေျပာပါတယ္။ မူ၀ါဒပိုင္းဆိုင္ရာ မႏုိင္မနင္း ျဖစ္မႈလား ဘယ္လို အခက္အခဲေတြ ရွိေနပါသလဲ ဆိုတာကိုေတာ့ Yangon Water Bus ကို စီမံခန္႔ခြဲသူ တင့္တင့္ (ျမန္မာ) လုပ္ငန္းစုရဲ႕ ဥကၠဌ၊ အမႈေဆာင္ အရာရွိခ်ဳပ္ ေဒၚတင့္တင့္လြင္နဲ႔ ေဆြးေႏြးၿပီး ဒီသီတင္းပတ္ စီးပြားေရးက႑မွာ မသိဂၤ ီထုိက္ တင္ျပထားပါတယ္။

ေဒၚတင့္တင့္လြင္။ ။ ၆ လ အတြင္း ရသင့္ရထိုက္တဲ႔ ေျမေနရာေတြ အားလံုးက တႏွစ္ေက်ာ္ ၾကာသြားတာေပါ့ေနာ္။ ေနာက္တခုက က်ေတာ့ ဒီတႏွစ္ေက်ာ္ ၾကာသြားတဲ႔ အခ်ိန္မွာ ကိုယ္က Water Bus ကို စလုပ္ၿပီးေတာ့ ၂ လေတာင္ မၾကာေသးဘူးေပါ့ေနာ္ ၁ လ ၂ လေလာက္ အၾကာမွာဘဲ ဘဏ္က ဘဏ္ရဲ႕ အဆိုအရေပါ့ေနာ္ ဗဟိုဘဏ္ရဲ႕ စည္းမ်ဥ္း စည္းကမ္း အရ ဒီဘဏ္ေတြဟာ ဆိုလို႔ ရွိရင္ လုပ္ငန္းရွင္ စီမံကိန္း ေခ်းေငြေတြကို ဆက္လက္ၿပီးေတာ့ ေခ်းလို႔ မရေတာ့ဘူးဆိုတဲ႔ အေျခအေန တခု ျဖစ္လာတာေပါ့။
ဒီလို ဆက္လက္ၿပီးေတာ့ ေခ်းလို႔ မရေတာ့ဘူးဆိုတဲ႔ အေျခအေန တခုဟာဆိုရင္ ေတာ္ေတာ္ ေနာက္က်ၿပီးေတာ့ ထြက္ေပၚလာတဲ႔ အတြက္ ကိုယ့္ရဲ႕ လုပ္ငန္း ရည္ရြယ္ခ်က္ေတြ အားလံုးက ခါးတပိုင္း ျပတ္က်သလိုမ်ိဳး ျဖစ္ခဲ႔တာေပါ့။

ဒါေပမယ့္ ဒီအခ်ိန္မွာ ရပ္လို႔ ရလားဆိုေတာ့ ရပ္လို႔ မရေတာ့ဘူး။ ဘာေၾကာင့္လဲ ဆိုေတာ့ အေရွ႕ပိုင္း initiate လုပ္ခဲ႔တဲ႔ အပိုင္းမွာ ေတာင္မွ သန္းေပါင္းမ်ားစြာ ကုန္က်ေနၿပီ ဆိုေတာ့ ဒီ သန္းေပါင္းမ်ားစြာကို ေရွ႕ကိုလည္း ဆက္တိုးဖို႔ Financial (ဘ႑ာေရး) ပိုင္းကလည္း ခါးက်ိဳးသြားၿပီ၊ ေနာက္ကိုလည္း ျပန္ဆုတ္ဖို႔ Investment (ရင္းႏွီးျမွဳပ္ႏွံမႈ) ေတြက အမ်ားဆံုး ရွိေနတာေပါ့ေနာ္။ ေနာက္ကို ျပန္ဆုတ္မယ္ ဆိုလို႔ ရွိရင္ေတာ့ Zero (သုည) ျဖစ္တဲ႔ အျပင္ Minus (အႏုတ္ျပ) သြားမယ္။

ေရွ႕ကို ဆက္တိုးမယ္ ဆိုရင္ေတာ့ ကုိယ့္ရဲ႕ ကုမၸဏီရဲ႕ အျခားဘက္ကေန ၀င္တဲ႔ Income ( ၀င္ေငြ) ေတြကေန ၿပီးေတာ့ ဒီ ကိုယ့္ဘာကိုယ္သာ Invest (ရင္းႏွီးျမွဳပ္ႏွံ) ျပန္လုပ္ရမွာ ျဖစ္တဲ႔ အတြက္ ဒီေလာက္ ပမာဏ ႀကီး တခု အတြက္ ကုမၸဏီရဲ႕ Financial hardship ( ဘ႑ာေရးဆိုင္ရာ အခက္ေတြ႔မႈ) ေပါ့ အခက္အခဲ အႀကီးႀကီးက ႀကံဳေတြ႔ႏုိင္တဲ႔ အေျခအေန ျဖစ္လာတာေပါ့။

သိဂၤ ီထုိက္ ။။ ဒီစီမံကိန္းကို စတဲ႔ အခ်ိန္ကေရာ ဒီကိစၥေတြကို ထည့္ၿပီးေတာ့ မတြက္ခဲ႔ဘူးလား။ အာမခံခ်က္ေပါ့။ အစိုးရဘက္က အာမခံခ်က္မ်ိဳး ၊ ဘဏ္ရဲ႕ အာမခံခ်က္မ်ိဳး ဒီလို အာမခံခ်က္မ်ိဳးေတြေရာ ခိုင္ခိုင္မာမာ ယူခဲ႔ဖို႔ လိုအပ္ခ်က္ ျဖစ္သြားတာလား၊ ဒါမွမဟုတ္ အစိုးရပိုင္းက မူ၀ါဒပိုင္းဆိုင္ရာ ကိုယ္က မတည္မၿငိမ္ ျဖစ္ေနတာလား။ မႏုိင္မနင္း ျဖစ္ေနတဲ႔ သေဘာလားရွင့္။

ေဒၚတင့္တင့္လြင္။ ။ ဒီဟာေတြကိုေတာ့ Risk management ( ႀကံဳလာရႏုိင္တဲ႔ အခက္အခဲေတြ အတြက္ ႀကိဳတင္ျပင္ဆင္မႈ) ေပါ့ေနာ္ ဒီ Plan (အစီအစဥ္) ကို စဆြဲ ကတည္းက Risk (ႀကံဳလာရႏိုင္တဲ႔ အခက္အခဲ) ေတြထဲမွာ ဒါေတြ ပါတယ္။ မပါခဲ႔တာ တခုကေတာ့ အစိုးရပိုင္း ဆိုင္ရာက ဒါေတြကို အခ်ိန္မီ ေပးလို႔ ရတယ္လို႔ဘဲ ကိုယ္က ေမွ်ာ္လင့္ခဲ႔တာေပါ့ေနာ္။ အကယ္၍ အစိုးရဘက္က ဒီ Jetty (ဆိပ္ခံတံတား) ေတြ မရခဲ႔ေသာ္ ဆိုတဲ႔ Risk ကိုေတာ့ ထည့္မသြင္းခဲ႔ဘူး။ ဘာေၾကာင့္လဲ ဆိုေတာ့ ဒီမွာ ေဖာ္ျပထားၿပီးေတာ့မွ ဒီ တင္ဒါကို ေလွ်ာက္ခဲ႔တာ ျဖစ္တဲ႔ အတြက္ေပါ့ေနာ္။ ဒီ တင္ဒါေတြလည္း proposal (အဆိုျပဳခ်က္) မွာ တင္သြင္းခဲ႔ရၿပီးသား ျဖစ္တဲ႔ အတြက္ ဒါ သေဘာတူညီခ်က္ ရၿပီးသား ျဖစ္တယ္ေပါ့ေနာ္။

Banking (ဘဏ္ အပိုင္း) ကလည္း ဒီလိုဘဲ ဘဏ္အေနနဲ႔ ဘယ္အပိုင္းထိ သေဘာၤ ဘယ္ႏွစီး ဘယ္ အေရအတြက္ ထိကို ခ်ေပးမယ္ဆိုၿပီးေတာ့ ဘဏ္ အေနနဲ႔ အားလံုး Dealing (ညွိႏိႈင္း) ၿပီးေတာ့မွ ေပါ့ေနာ္ တင္ဒါ ရၿပီးမွ မဟုတ္ဘဲနဲ႔ တင္ဒါ မရခင္ ကတည္းက ႀကိဳတင္ ေဆြးေႏြးတယ္။ တင္ဒါ ရတဲ႔ အခ်ိန္မွာ ေဆြးေႏြး ၿပီးေတာ့မွ တင္ဒါကို စတင္ အေကာင္အထည္ ေဖာ္တဲ႔ အခ်ိန္က်မွ ျပတ္ေတာက္သြားတဲ႔ ဒီအခက္အခဲကေတာ့ ဒီ ဘဏ္ပိုင္းဆိုင္ရာ အခက္အခဲ ဆိုတဲ႔ Risk ထဲမွာ ဒီအခက္အခဲမ်ိဳး မဟုတ္ဘဲနဲ႔ ဘဏ္ကို အတိုးဘယ္လိုမ်ိဳး ေပးရမလဲ၊ Return ဘယ္လုိ လုပ္ရမလဲ ဒီ Risk ေတြကိုေတာ့ နဂိုကတည္းက ေနၿပီးေတာ့ ေနာက္ၿပီးေတာ့ ပစၥည္းရဲ႕ တန္ဖိုးေပါ့ေနာ္ depreciation (တန္ဖိုးက်မႈ) ျဖစ္တာေတြ၊ ဒီ Jetty ေတြရဲ႕ လူေတြရဲ႕ စီးတာ ေလ်ာ့သြားတာေတြ ဒါေတြေတာ့ plan A , plan B နဲ႔ သြားထားၿပီးသားဘဲ။ ဒါေပမယ့္ ဒီ Risk ကေတာ့ unexpected လံုး၀ မေမွ်ာ္လင့္ဘဲနဲ႔ ျဖစ္လာခဲ႔တဲ႔ risk (အခက္အခဲ) ေတြ ျဖစ္ေနတာေပါ့ေနာ္။

သိဂၤ ီထုိက္ ။။ ဒီ Yangon Water Bus စီမံကိ္န္းက ေရွ႕ဆက္သြားႏုိင္မယ့္ အလားအလာေရာ ရွိပါေသးလားရွင့္။

ေဒၚတင့္တင့္လြင္။ ။ အခုက ဘယ္လို သြားလဲ ဆိုေတာ့ ေနာက္ဆံုး Plan နဲ႔ သြားေနရတယ္ဆိုေတာ့ ေရွ႕ဆက္သြားဖို႔ကို Financial (ဘ႑ာေရး) ပိုင္းဆိုင္ရာ မရေတာ့တဲ႔ အတြက္ JV အေနနဲ႔ Joint Venture (ဖက္စပ္) အေနနဲ႔ဘဲ ျဖစ္ေစ၊ foreign investment ( ႏုိင္ငံျခား ရင္းႏွီးျမွဳပ္ႏွံမႈ) ယူၿပီးေတာ့ဘဲ ျဖစ္ေစေပါ့ေနာ္ ဆက္သြားဖို႔ ေနာက္ဆံုး နည္းလမ္း အေနနဲ႔ အသံုးျပဳေနတယ္။ ေနာက္တခုက က်ေတာ့ အစိုးဘက္ အေနနဲ႔ ကိုယ့္ကို ခ်ေပးရမယ့္ ဒီဟာေတြကို ေနာက္ထပ္ ထပ္ၿပီးေတာ့ ၾကန္႔ၾကာေနဦးမယ္ ဆိုရင္ေတာ့ ဒါ ရပ္တန္႔သြားဖို႔ အေျခအေန ျဖစ္တာေပါ့ေနာ္။

သိဂၤ ီထုိက္ ။။ ဒီ Yangon Water Bus ကိစၥက ကနဦးပိုင္းမွာ ေတာ္ေတာ္ေလး တက္တက္ၾကြၾကြ ရွိခဲ႔ပါတယ္။ ရန္ကုန္တိုင္း ၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းတို႔ပါ ေတာ္ေတာ္ေလး တက္တက္ၾကြၾကြ လုပ္ခဲ႔ၾကတာ ေတြ႔ပါတယ္။ အားလံုးကလည္း ဥေရာပလို ႏုိင္ငံမ်ိဳးလို႔ေတာင္ ေျပာခဲ႔ၾကတယ္ေပါ့ေနာ္။
ေဒၚတင့္တင့္လြင္။ ။ အားေပးၾကပါတယ္။ အခုအခ်ိန္ထိလည္း အားေပးၾကပါတယ္။ ဒါေပမယ့္ ဒီ ဆိပ္ခံတံတား ရရွိိဖို႔ဘဲ ၾကန္႔ၾကာေနတာပါ။

သိဂၤ ီထုိက္ ။။ ဟုတ္ကဲ႔။ ဆိုေတာ့ ဒီ အစိုးရပိုင္းက ကနဦးပိုင္းမွာ ဒီေလာက္ တက္တက္ၾကြၾကြ ရွိခဲ႔ၿပီး အခုေနာက္ပိုင္းမွာ ဘာေၾကာင့္ ၾကန္႔ၾကာရပါသလဲ။ ဘယ္လို အခက္အခဲမ်ိဳး အေၾကာင္းျပပါသလဲ ရွင့္။

ေဒၚတင့္တင့္လြင္။ ။ အစိုးရကိုလည္း ေမးၾကည့္တဲ႔ အခါမွာ ဘာျပန္ေျပာလဲ ဆိုေတာ့ ေပးမယ္ အေကာင္းဆံုးလည္း လုပ္ေပးမယ္၊ အဆင္ေျပဆံုးလည္း လုပ္ေပးမယ္ အားလံုးလည္း ၀ိုင္းၿပီး ကူညီေပးတယ္။ ဒါေပမယ့္ ခြင့္ျပဳမိန္႔ ကိုယ့္လက္ထဲကို မေရာက္လာခဲ႔ဘူးေပါ့ေနာ္။ အခုအခ်ိန္ထိလည္း အျပန္အလွန္ ဆက္သြယ္ ေရး ေကာင္းတယ္၊ ဆက္ဆံေရးလည္း အစိုးရနဲ႔ ဘာမွ အဆင္မေျပတာ မရွိဘူး။ ဒါေပမယ့္ ကို္ရရွိမယ့္ Jetty ဆိပ္ခံတံတားေတြရဲ႕ ခြင့္ျပဳမိန္႔ အခုအခ်ိန္ထိ ကိုယ္တင္ထားတာ ၃ ႀကိမ္ေလာက္ေတာ့ ရွိၿပီေပါ့ေနာ္ အခုအခ်ိန္ထိေတာ့ မရဘူးေပါ့။

ေနာက္ဆံုး အေနနဲ႔ေတာ့ လြန္ခဲ႔တဲ႔ ေဖေဖာ္၀ါရီလလယ္ ေလာက္တုန္းကေတာ့ အတြင္းေရးမွဴးက လာၿပီး ယူသြားတယ္။ ဒါ ႏုိင္ငံေတာ္ အဆင့္က ေနၿပီးေတာ့ ကူညီေပးဖို႔ ေျပာၾကားလာပါတယ္ဆိုၿပီး ေဖေဖာ္၀ါရီလမွာ ေနာက္ဆံုး အေနနဲ႔ ေရာက္လာပါတယ္။ ဒါကိုေတာ့ အမ်ားႀကီး ေမွ်ာ္လင့္ထားတယ္။

ဒီ အပိုင္းကေတာ့ ႏုိင္ငံေတာ္ အဆင့္ ျပည္ေထာင္စု အဆင့္က ေနၿပီးေတာ့ အခု ဆင္းၿပီးေတာ့ ေဒတာ လာယူသြားတယ္။ ဘယ္ေနရာေတြ ဘယ္ေနရာေတြ လိုအပ္ပါတယ္ ဆိုၿပီးေတာ့ အခ်က္အလက္ေတြ ယူသြားတဲ႔ အတြက္ေတာ့ အျမန္ဆံုး ရရွိမယ္ လို႔ေတာ့ ေမွ်ာ္လင့္ေနတယ္။

သိဂၤ ီထုိက္ ။။ ရန္ကုန္တိုင္း အစိုးရရဲ႕ လုပ္ပိုင္ခြင့္ထဲမွာဘဲ ရွိပါသလား၊ ဒါမွမဟုတ္ ျပည္ေထာင္စု အဆင့္ကဘဲ ကိုင္ေနလို႔ ဒီေလာက္ ၾကန္႔ၾကာေနတာလား ဘယ္လုိ အခက္အခဲမ်ိဳး ပါလဲရွင့္။

ေဒၚတင့္တင့္လြင္။ ။ အခုက က်ေတာ့ ဒီ အစိုးရ အေနနဲ႔ ျပည္ေထာင္စု အဆင့္ဘက္ကလား ရန္ကုန္တိုင္း ဘက္ကလား ဆိုတာေတာ့ အတြင္းေရး တခုပံုစံမ်ိဳး ျဖစ္ေနတဲ႔ အတြက္ ကိုယ္ ေသခ်ာေတာ့ မသိဘူးေပါ့ေနာ္။ ဒါေပမယ့္ အၾကမ္းဖ်ဥ္း အားျဖင့္ေတာ့ ဒါ ရန္ကုန္တိုင္းက ခ်ေပးတဲ႔ တင္ဒါ ျဖစ္တဲ႔ အတြက္ ကိုယ္ကေတာ့ တိုင္းအစိုးရနဲ႔ သက္ဆိုင္တဲ႔ ၀န္ႀကီး ဆီမွာဘဲ ဒီ ခြင္ျပဳခ်က္ကို ေတာင္းခံေနတာေပါ့ေနာ္။ ဆိုေတာ့ ဒီ ၀န္ႀကီး အေနနဲ႔လည္း ဒါ လုပ္ေပးမယ္လို႔ ေျပာတယ္။ ျပည္ေထာင္စု အဆင့္ထိ သြားၿပီး ေလွ်ာက္ဖို႔ လိုအပ္တယ္လို႔ ကိုယ့္ကို မေျပာထားဘူးေပါ့ေနာ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ရန်ကုန် Water Bus စီမံကိန်း ရှေ့ဆက်ဖို့ အစိုးရက လက်တွန့်နေသလား


ရန်ကုန်ရဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်ငန်း Yangon Water Bus စီမံကိန်း အတွက် ဘဏ်က ချေးငွေ ဆက်မပေးတော့သလို အစိုးရဘက်ကလည်း ခွင့်ပြုချက်တွေ ချပေးဖို့ ကြန့်ကြာနေတာကြောင့် ရှေ့ဆက်ဖို့ အရေး အခက်တွေ့နေတယ်လို့ လုပ်ငန်းဘက်က ပြောပါတယ်။ မူဝါဒပိုင်းဆိုင်ရာ မနိုင်မနင်း ဖြစ်မှုလား ဘယ်လို အခက်အခဲတွေ ရှိနေပါသလဲ ဆိုတာကိုတော့ Yangon Water Bus ကို စီမံခန့်ခွဲသူ တင့်တင့် (မြန်မာ) လုပ်ငန်းစုရဲ့ ဥက္ကဌ၊ အမှုဆောင် အရာရှိချုပ် ဒေါ်တင့်တင့်လွင်နဲ့ ဆွေးနွေးပြီး ဒီသီတင်းပတ် စီးပွားရေးကဏ္ဍမှာ မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။

ဒေါ်တင့်တင့်လွင်။ ။ ၆ လ အတွင်း ရသင့်ရထိုက်တဲ့ မြေနေရာတွေ အားလုံးက တနှစ်ကျော် ကြာသွားတာပေါ့နော်။ နောက်တခုက ကျတော့ ဒီတနှစ်ကျော် ကြာသွားတဲ့ အချိန်မှာ ကိုယ်က Water Bus ကို စလုပ်ပြီးတော့ ၂ လတောင် မကြာသေးဘူးပေါ့နော် ၁ လ ၂ လလောက် အကြာမှာဘဲ ဘဏ်က ဘဏ်ရဲ့ အဆိုအရပေါ့နော် ဗဟိုဘဏ်ရဲ့ စည်းမျဉ်း စည်းကမ်း အရ ဒီဘဏ်တွေဟာ ဆိုလို့ ရှိရင် လုပ်ငန်းရှင် စီမံကိန်း ချေးငွေတွေကို ဆက်လက်ပြီးတော့ ချေးလို့ မရတော့ဘူးဆိုတဲ့ အခြေအနေ တခု ဖြစ်လာတာပေါ့။

ဒီလို ဆက်လက်ပြီးတော့ ချေးလို့ မရတော့ဘူးဆိုတဲ့ အခြေအနေ တခုဟာဆိုရင် တော်တော် နောက်ကျပြီးတော့ ထွက်ပေါ်လာတဲ့ အတွက် ကိုယ့်ရဲ့ လုပ်ငန်း ရည်ရွယ်ချက်တွေ အားလုံးက ခါးတပိုင်း ပြတ်ကျသလိုမျိုး ဖြစ်ခဲ့တာပေါ့။
ဒါပေမယ့် ဒီအချိန်မှာ ရပ်လို့ ရလားဆိုတော့ ရပ်လို့ မရတော့ဘူး။ ဘာကြောင့်လဲ ဆိုတော့ အရှေ့ပိုင်း initiate လုပ်ခဲ့တဲ့ အပိုင်းမှာ တောင်မှ သန်းပေါင်းများစွာ ကုန်ကျနေပြီ ဆိုတော့ ဒီ သန်းပေါင်းများစွာကို ရှေ့ကိုလည်း ဆက်တိုးဖို့ Financial (ဘဏ္ဍာရေး) ပိုင်းကလည်း ခါးကျိုးသွားပြီ၊ နောက်ကိုလည်း ပြန်ဆုတ်ဖို့ Investment (ရင်းနှီးမြှုပ်နှံမှု) တွေက အများဆုံး ရှိနေတာပေါ့နော်။

နောက်ကို ပြန်ဆုတ်မယ် ဆိုလို့ ရှိရင်တော့ Zero (သုည) ဖြစ်တဲ့ အပြင် Minus (အနုတ်ပြ) သွားမယ်။ ရှေ့ကို ဆက်တိုးမယ် ဆိုရင်တော့ ကိုယ့်ရဲ့ ကုမ္ပဏီရဲ့ အခြားဘက်ကနေ ဝင်တဲ့ Income ( ဝင်ငွေ) တွေကနေ ပြီးတော့ ဒီ ကိုယ့်ဘာကိုယ်သာ Invest (ရင်းနှီးမြှုပ်နှံ) ပြန်လုပ်ရမှာ ဖြစ်တဲ့ အတွက် ဒီလောက် ပမာဏ ကြီး တခု အတွက် ကုမ္ပဏီရဲ့ Financial hardship ( ဘဏ္ဍာရေးဆိုင်ရာ အခက်တွေ့မှု) ပေါ့ အခက်အခဲ အကြီးကြီးက ကြုံတွေ့နိုင်တဲ့ အခြေအနေ ဖြစ်လာတာပေါ့။

သိင်္ဂ ီထိုက် ။ ။ ဒီစီမံကိန်းကို စတဲ့ အချိန်ကရော ဒီကိစ္စတွေကို ထည့်ပြီးတော့ မတွက်ခဲ့ဘူးလား။ အာမခံချက်ပေါ့။ အစိုးရဘက်က အာမခံချက်မျိုး ၊ ဘဏ်ရဲ့ အာမခံချက်မျိုး ဒီလို အာမခံချက်မျိုးတွေရော ခိုင်ခိုင်မာမာ ယူခဲ့ဖို့ လိုအပ်ချက် ဖြစ်သွားတာလား၊ ဒါမှမဟုတ် အစိုးရပိုင်းက မူဝါဒပိုင်းဆိုင်ရာ ကိုယ်က မတည်မငြိမ် ဖြစ်နေတာလား။ မနိုင်မနင်း ဖြစ်နေတဲ့ သဘောလားရှင့်။

ဒေါ်တင့်တင့်လွင်။ ။ ဒီဟာတွေကိုတော့ Risk management ( ကြုံလာရနိုင်တဲ့ အခက်အခဲတွေ အတွက် ကြိုတင်ပြင်ဆင်မှု) ပေါ့နော် ဒီ Plan (အစီအစဉ်) ကို စဆွဲ ကတည်းက Risk (ကြုံလာရနိုင်တဲ့ အခက်အခဲ) တွေထဲမှာ ဒါတွေ ပါတယ်။ မပါခဲ့တာ တခုကတော့ အစိုးရပိုင်း ဆိုင်ရာက ဒါတွေကို အချိန်မီ ပေးလို့ ရတယ်လို့ဘဲ ကိုယ်က မျှော်လင့်ခဲ့တာပေါ့နော်။ အကယ်၍ အစိုးရဘက်က ဒီ Jetty (ဆိပ်ခံတံတား) တွေ မရခဲ့သော် ဆိုတဲ့ Risk ကိုတော့ ထည့်မသွင်းခဲ့ဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒီမှာ ဖော်ပြထားပြီးတော့မှ ဒီ တင်ဒါကို လျှောက်ခဲ့တာ ဖြစ်တဲ့ အတွက်ပေါ့နော်။ ဒီ တင်ဒါတွေလည်း proposal (အဆိုပြုချက်) မှာ တင်သွင်းခဲ့ရပြီးသား ဖြစ်တဲ့ အတွက် ဒါ သဘောတူညီချက် ရပြီးသား ဖြစ်တယ်ပေါ့နော်။

Banking (ဘဏ် အပိုင်း) ကလည်း ဒီလိုဘဲ ဘဏ်အနေနဲ့ ဘယ်အပိုင်းထိ သဘောၤ ဘယ်နှစီး ဘယ် အရေအတွက် ထိကို ချပေးမယ်ဆိုပြီးတော့ ဘဏ် အနေနဲ့ အားလုံး Dealing (ညှိနှိုင်း) ပြီးတော့မှ ပေါ့နော် တင်ဒါ ရပြီးမှ မဟုတ်ဘဲနဲ့ တင်ဒါ မရခင် ကတည်းက ကြိုတင် ဆွေးနွေးတယ်။ တင်ဒါ ရတဲ့ အချိန်မှာ ဆွေးနွေး ပြီးတော့မှ တင်ဒါကို စတင် အကောင်အထည် ဖော်တဲ့ အချိန်ကျမှ ပြတ်တောက်သွားတဲ့ ဒီအခက်အခဲကတော့ ဒီ ဘဏ်ပိုင်းဆိုင်ရာ အခက်အခဲ ဆိုတဲ့ Risk ထဲမှာ ဒီအခက်အခဲမျိုး မဟုတ်ဘဲနဲ့ ဘဏ်ကို အတိုးဘယ်လိုမျိုး ပေးရမလဲ၊ Return ဘယ်လို လုပ်ရမလဲ ဒီ Risk တွေကိုတော့ နဂိုကတည်းက နေပြီးတော့ နောက်ပြီးတော့ ပစ္စည်းရဲ့ တန်ဖိုးပေါ့နော် depreciation (တန်ဖိုးကျမှု) ဖြစ်တာတွေ၊ ဒီ Jetty တွေရဲ့ လူတွေရဲ့ စီးတာ လျော့သွားတာတွေ ဒါတွေတော့ plan A , plan B နဲ့ သွားထားပြီးသားဘဲ။ ဒါပေမယ့် ဒီ Risk ကတော့ unexpected လုံး၀ မမျှော်လင့်ဘဲနဲ့ ဖြစ်လာခဲ့တဲ့ risk (အခက်အခဲ) တွေ ဖြစ်နေတာပေါ့နော်။

သိင်္ဂ ီထိုက် ။ ။ ဒီ Yangon Water Bus စီမံကိန်းက ရှေ့ဆက်သွားနိုင်မယ့် အလားအလာရော ရှိပါသေးလားရှင့်။

ဒေါ်တင့်တင့်လွင်။ ။ အခုက ဘယ်လို သွားလဲ ဆိုတော့ နောက်ဆုံး Plan နဲ့ သွားနေရတယ်ဆိုတော့ ရှေ့ဆက်သွားဖို့ကို Financial (ဘဏ္ဍာရေး) ပိုင်းဆိုင်ရာ မရတော့တဲ့ အတွက် JV အနေနဲ့ Joint Venture (ဖက်စပ်) အနေနဲ့ဘဲ ဖြစ်စေ၊ foreign investment ( နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု) ယူပြီးတော့ဘဲ ဖြစ်စေပေါ့နော် ဆက်သွားဖို့ နောက်ဆုံး နည်းလမ်း အနေနဲ့ အသုံးပြုနေတယ်။ နောက်တခုက ကျတော့ အစိုးဘက် အနေနဲ့ ကိုယ့်ကို ချပေးရမယ့် ဒီဟာတွေကို နောက်ထပ် ထပ်ပြီးတော့ ကြန့်ကြာနေဦးမယ် ဆိုရင်တော့ ဒါ ရပ်တန့်သွားဖို့ အခြေအနေ ဖြစ်တာပေါ့နော်။

သိင်္ဂ ီထိုက် ။ ။ ဒီ Yangon Water Bus ကိစ္စက ကနဦးပိုင်းမှာ တော်တော်လေး တက်တက်ကြွကြွ ရှိခဲ့ပါတယ်။ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ပါ တော်တော်လေး တက်တက်ကြွကြွ လုပ်ခဲ့ကြတာ တွေ့ပါတယ်။ အားလုံးကလည်း ဥရောပလို နိုင်ငံမျိုးလို့တောင် ပြောခဲ့ကြတယ်ပေါ့နော်။
ဒေါ်တင့်တင့်လွင်။ ။ အားပေးကြပါတယ်။ အခုအချိန်ထိလည်း အားပေးကြပါတယ်။ ဒါပေမယ့် ဒီ ဆိပ်ခံတံတား ရရှိဖို့ဘဲ ကြန့်ကြာနေတာပါ။

သိင်္ဂ ီထိုက် ။ ။ ဟုတ်ကဲ့။ ဆိုတော့ ဒီ အစိုးရပိုင်းက ကနဦးပိုင်းမှာ ဒီလောက် တက်တက်ကြွကြွ ရှိခဲ့ပြီး အခုနောက်ပိုင်းမှာ ဘာကြောင့် ကြန့်ကြာရပါသလဲ။ ဘယ်လို အခက်အခဲမျိုး အကြောင်းပြပါသလဲ ရှင့်။

ဒေါ်တင့်တင့်လွင်။ ။ အစိုးရကိုလည်း မေးကြည့်တဲ့ အခါမှာ ဘာပြန်ပြောလဲ ဆိုတော့ ပေးမယ် အကောင်းဆုံးလည်း လုပ်ပေးမယ်၊ အဆင်ပြေဆုံးလည်း လုပ်ပေးမယ် အားလုံးလည်း ဝိုင်းပြီး ကူညီပေးတယ်။ ဒါပေမယ့် ခွင့်ပြုမိန့် ကိုယ့်လက်ထဲကို မရောက်လာခဲ့ဘူးပေါ့နော်။ အခုအချိန်ထိလည်း အပြန်အလှန် ဆက်သွယ် ရေး ကောင်းတယ်၊ ဆက်ဆံရေးလည်း အစိုးရနဲ့ ဘာမှ အဆင်မပြေတာ မရှိဘူး။ ဒါပေမယ့် ကိုရရှိမယ့် Jetty ဆိပ်ခံတံတားတွေရဲ့ ခွင့်ပြုမိန့် အခုအချိန်ထိ ကိုယ်တင်ထားတာ ၃ ကြိမ်လောက်တော့ ရှိပြီပေါ့နော် အခုအချိန်ထိတော့ မရဘူးပေါ့။ နောက်ဆုံး အနေနဲ့တော့ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလလယ် လောက်တုန်းကတော့ အတွင်းရေးမှူးက လာပြီး ယူသွားတယ်။

ဒါ နိုင်ငံတော် အဆင့်က နေပြီးတော့ ကူညီပေးဖို့ ပြောကြားလာပါတယ်ဆိုပြီး ဖေဖော်ဝါရီလမှာ နောက်ဆုံး အနေနဲ့ ရောက်လာပါတယ်။ ဒါကိုတော့ အများကြီး မျှော်လင့်ထားတယ်။ဒီ အပိုင်းကတော့ နိုင်ငံတော် အဆင့် ပြည်ထောင်စု အဆင့်က နေပြီးတော့ အခု ဆင်းပြီးတော့ ဒေတာ လာယူသွားတယ်။ ဘယ်နေရာတွေ ဘယ်နေရာတွေ လိုအပ်ပါတယ် ဆိုပြီးတော့ အချက်အလက်တွေ ယူသွားတဲ့ အတွက်တော့ အမြန်ဆုံး ရရှိမယ် လို့တော့ မျှော်လင့်နေတယ်။

သိင်္ဂ ီထိုက် ။ ။ ရန်ကုန်တိုင်း အစိုးရရဲ့ လုပ်ပိုင်ခွင့်ထဲမှာဘဲ ရှိပါသလား၊ ဒါမှမဟုတ် ပြည်ထောင်စု အဆင့်ကဘဲ ကိုင်နေလို့ ဒီလောက် ကြန့်ကြာနေတာလား ဘယ်လို အခက်အခဲမျိုး ပါလဲရှင့်။

ဒေါ်တင့်တင့်လွင်။ ။ အခုက ကျတော့ ဒီ အစိုးရ အနေနဲ့ ပြည်ထောင်စု အဆင့်ဘက်ကလား ရန်ကုန်တိုင်း ဘက်ကလား ဆိုတာတော့ အတွင်းရေး တခုပုံစံမျိုး ဖြစ်နေတဲ့ အတွက် ကိုယ် သေချာတော့ မသိဘူးပေါ့နော်။ ဒါပေမယ့် အကြမ်းဖျဉ်း အားဖြင့်တော့ ဒါ ရန်ကုန်တိုင်းက ချပေးတဲ့ တင်ဒါ ဖြစ်တဲ့ အတွက် ကိုယ်ကတော့ တိုင်းအစိုးရနဲ့ သက်ဆိုင်တဲ့ ဝန်ကြီး ဆီမှာဘဲ ဒီ ခွင်ပြုချက်ကို တောင်းခံနေတာပေါ့နော်။ ဆိုတော့ ဒီ ဝန်ကြီး အနေနဲ့လည်း ဒါ လုပ်ပေးမယ်လို့ ပြောတယ်။ ပြည်ထောင်စု အဆင့်ထိ သွားပြီး လျှောက်ဖို့ လိုအပ်တယ်လို့ ကိုယ့်ကို မပြောထားဘူးပေါ့နော်။

XS
SM
MD
LG