သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သန့်ရှင်းစွမ်းအင်အတွက် တရုတ်အစိုးရ အမတော်ကြေးပေးမှု ကန် ဘဏ္ဍာရေးဝန်ကြီး ဝေဖန်


 အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Janet Yellen
အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Janet Yellen

သန့်ရှင်းစွမ်းအင်လုပ်ငန်းတွေအတွက် တရုတ်အစိုးရကပေးနေတဲ့ အမတော်ကြေး အထောက်အပံ့တွေဟာ ၊ အမေရိကန်ကုမ္ပဏီတွေ နဲ့ အလုပ်သမားတွေအပြင် ကမ္ဘာတဝန်းက ကုမ္ပဏီတွေနဲ့ အလုပ်သမားတွေကိုပါ ထိခိုက်စေတဲ့ မမျှတတဲ့ပြိုင်ဆိုင်မှုတွေကို ဖန်တီးပေးနေတယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Janet Yellen က မနေ့ မတ်လ ၂၇ ရက်နေ့က ပြောလိုက်ပါတယ်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဟာ တရုတ်နိုင်ငံကို မကြာခင်မှာ သွားရောက်ဖို့ စီစဉ်ထားပြီး၊ တရုတ်အစိုးရက သူတို့ရဲ့ စွမ်းအင်နဲ့တခြားကုမ္ပဏီတွေအတွက် အကုန်အကျခံပြီး ထောက်ပံ့ပေးနေတာတွေဟာ ကုန်ပစ္စည်းတွေ ပိုလျှံမှု ၊ ဈေးကွက်မတည်ငြိမ်မှုတွေ တခြားပြဿနာတွေကိုပါ ဖြစ်ပေါ်စေတယ် ဆိုတာကို အဲဒီခရီးစဉ်အတွင်းမှာ သတိပေးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

တရုတ်နိုင်ငံကို သွားတဲ့အခါ၊ တချို့လုပ်ငန်းတွေမှာ ကုန်ပစ္စည်းတွေကို လိုအပ်တာထက် ပိုထုတ်လုပ်နေတာတွေ နဲ့ အဲဒီလို ဈေးသက်သာပြီး အရည်အသွေးမပြည့်ဝတဲ့ ကုန်ပစ္စည်းတွေ အမေရိကန်အပါအဝင် တခြားနိုင်ငံအတော်များများရဲ့ ဈေးကွက်တွေထဲကို ရောက်ကုန်တဲ့အတွက် မလိုလားအပ်တဲ့ အကျိုးဆက်တွေရှိလာနိုင်တယ်ဆိုတာကို တရုတ်တာဝန်ရှိသူတွေ နားလည်အောင် ပြောပြသွားမယ်လို့ ဂျော်ဂျီယာနိုင်ငံမှာ ရောက်ရှိနေစဉ် ဝန်ကြီး Yellen က ပြောပါတယ်။

တရုတ်အစိုးရရဲ့ အဲဒီအထောက်အပံ့တွေက တရုတ်နိုင်ငံအနေနဲ့ နေရောင်ခြည်စွမ်းအင်သုံး Solar ပြားတွေ၊ လျှပ်စစ်ကားအစိတ်အပိုင်းတွေ နဲ့ Lithium-ion ဘထ္ထရီ ဈေးကွက်တွေမှာ ကုန်ပစ္စည်းတွေ အလွန်အကျွံ ထုတ်လုပ်လာနိုင်ပြီး၊ တခြားနိုင်ငံတွေရဲ့ ကုန်ထုတ်လုပ်မှု စီးပွားရေးလုပ်ငန်းတွေ နဲ့ ကမ္ဘာဈေးကွက်ကို ထိခိုက်စေမှာဖြစ်တယ်လို့ ယုံကြည်ကြောင်း ဝန်ကြီး Yellen က ပြောပါတယ်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Yellen ဟာ တရုတ်နိုင်ငံကို လာမယ့် ဧပြီလမှာ သွားရောက်မှာဖြစ်တယ်လို့ Politico သတင်းစာက ဖော်ပြပေမယ့်၊ ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနဘက်ကတော့ တစုံတရာအတည်မပြုသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG