သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယီမင်မှာ အဆက်အသွယ်ပြတ်သွားတဲ့ MSF ဝန်ထမ်းတွေထဲမှာ မြန်မာတဦးပါဝင်

ယီမင်နိုင်ငံမှာ နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF က ဝန်ထမ်း ၂ ဦးနဲ့ တနင်္လာနေ့မှာ အဆက်အသွယ်ပြတ်တောက်နေပြီး တဦးက မြန်မာဖြစ်တယ်လို့ အဆိုပါအဖွဲ့က ပြောပါတယ်။ ဂျာမန်နဲ့မြန်မာဝန်ထမ်း ၂ ယောက်ဟာ ယီမင်ဗဟိုအလယ်ပိုင်းက Marib ဒေသမှာရှိနေခဲ့ကြတယ်လို့ အဖွဲ့က ပြောပါတယ်။ ဒါပေမဲ့ ဝန်ထမ်း ၂ ဦး ရဲ့ လုံခြုံရေးကို စိုးရိမ်တဲ့အတွက် သည့်ထက်ပိုပြီးတော့ အဖွဲ့က သတင်းအချက်အလက်တွေကို မထုတ်ပြန်ကြောင်း ရိုက်တာ သတင်းဌာနက ဆိုပါတယ်။

ဒီ နှစ်အစောပိုင်းတုန်းက ကုလသမဂ္ဂက သူ့ရဲ့ဝန်ထမ်း ၅ ယောက် ပြန်လွတ်မြောက်လာခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့ပါသေးတယ်။ သူတို့ကို ယီမင်တောင်ပိုင်း အဘီယန် (Abyan) ဒေသ ကီဒါး (Qaeda) စစ်သွေးကြွတွေက ပြန်ပေးဆွဲသွားပြီး ၁၈ လ ကြာအောင် ဖမ်းဆီးထားခဲ့တာဖြစ်တယ်လို့ ရိုက်တာက ပြောပါတယ်။

တူရကီအခြေစိုက် Anadolu Agency သတင်းဌာနရဲ့သတင်းအရဆိုရင်တော့ သူတို့ ၂ ယောက်ဟာ မာရစ်ဘ် ဒေသမှာ ပြန်ပေးအဆွဲခံရတာဖြစ်တယ်လို့ ယီမင်အစိုးရ သတင်းအရင်းအမြစ်တစ်ခု ကိုးကားပြီးပြောပါတယ်။ ဘယ်အဖွဲ့ကမှ သူတို့ ကို ဖမ်းဆီးထားတာဖြစ်ကြောင်း မပြောကြသေးပါဘူး။

၂၀၂၂ ခုနှစ် မတ်လတုန်းကလည်း MSF ဝန်ထမ်း ၂ ယောက်ကို ယီမင်အရှေ့ပိုင်း လူမျိုးစုတွေကဖမ်းဆီးသွားပြီး ၆ လ ကြာမှလွှတ်ပေးဖူးတယ်လို့ Anadolu Agency သတင်းဌာနရဲ့ သတင်းမှာ ပြောပါတယ်။ ၂၀၁၄ ခုနှစ် ကတည်းကစပြီး ယီမင်နိုင်ငံမှာ အီရန်နိုင်ငံနဲ့မဟာမိတ်ပြုထားတဲ့ ဟူသီ သူပုန်တွေက တိုင်းပြည်နေရာအတော်များများကို သိမ်းပိုက်လိုက်တဲ့ ၂၀၁၄ ခုနှစ်ကတည်းက အကြမ်းဖက်တာတွေ လွှမ်းမိုးလာခဲ့ပြီး မတည်မငြိမ် ဖြစ်နေခဲ့တာပါ။

ယီမင်မှာ အဆက်အသွယ်ပြတ်သွားတဲ့ MSF ဝန်ထမ်းတွေထဲမှာ မြန်မာတဦးပါဝင်
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG