သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စင်္ကာပူက ရိုးမဘဏ် အစုရှယ်ယာတွေ ကျဆင်း


ရိုးမဘဏ်အကြီးအကဲ Serge Pun ခေါ် ဦးသိန်းဝေ (ယခင်ပုံဟောင်း)
ရိုးမဘဏ်အကြီးအကဲ Serge Pun ခေါ် ဦးသိန်းဝေ (ယခင်ပုံဟောင်း)

ရိုးမဘဏ်အကြီးအကဲ Serge Pun ခေါ် ဦးသိန်းဝေကို စစ်ကောင်စီက ခေါ်ယူစစ်ဆေးနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ စင်္ကာပူအစုရှယ်ယာဈေးက ရိုးမဘဏ်ရဲ့ အစုရှယ်ယာတွေ ဒီကနေ့ ဈေးပိတ်ချိန်မှာ ဒီနေ့ ၂၈.၄၇ ရာခိုင်နှုန်း ကျသွားကြောင်း The Strait Times သတင်းစာမှာ ရေးပါတယ်။

ရိုးမဘဏ်ကတော့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပြီး ဘဏ်အကြီးအကဲ Serge Pun ခေါ် ဦးသိန်းဝေဟာ သက်ဆိုင်ရာတွေနဲ့ ပူးပေါင်း ဆောင်ရွက်နေတဲ့အကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ အိမ်ယာချေးငွေတွေကို ဗဟိုဘဏ်ရဲ့ သတ်မှတ်ချက်ထက် ကျော်လွန် ထုတ်ချေးတယ်ဆိုပြီး ပုဂ္ဂလိက ဘဏ်လုပ်ငန်းရှင်တချို့ကို အရေးယူထားတဲ့အကြောင်း စစ်ကောင်စီက ဇူလိုင်လဆန်းက ကြေညာခဲ့ပြီးတဲ့နောက် Serge Pun ကို ထိန်းသိမ်းထားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ခဲ့ပါတယ်။ ရိုးမဘဏ်ဟာ အိမ်ယာချေးငွေတွေမှာ ဗဟိုဘဏ် သတ်မှတ်ချက်ထက် ၁၁ ရာခိုင်နှုန်း ကျော်လွန်ပြီး ထုတ်ချေးထားတယ်ဆိုပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

စီးပွားရေး အကျပ်အတည်းတွေနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေ ပိုပြီး ရင်ဆိုင်လာရချိန် ဘဏ်လုပ်ငန်းနဲ့ ငွေထုတ်သွင်းမှုတွေအပေါ် စစ်ကောင်စီဘက်က ပိုပြီး တင်းကြပ်တဲ့ စည်းကမ်းတွေ သတ်မှတ်လာပါတယ်။

ငွေအပေးအယူကိစ္စတွေမှာ ဘဏ်တခုအတွင်း ငွေစာရင်း အချင်းချင်း၊ ဒါမှမဟုတ် တခြားဘဏ်ကို ငွေစာရင်းလွှဲပြောင်းတဲ့နည်းကို ပိုမိုအသုံးပြုဖို့၊ စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းတွေရဲ့ ဘဏ်စာရင်းသစ် Special Account ကနေငွေထုတ်ယူမှုကို မဖြစ်မနေ ကိစ္စရပ်တွေအတွက်သာ ထုတ်ယူဖို့ စစ်ကောင်စီက ညွှန်ကြားထားပါတယ်။ ဒီညွှန်ကြားချက်ကြောင့် ဘဏ်တွေက ငွေထုတ်ယူဖို့ အခက်အခဲတွေ ရင်ဆိုင်နေရပြီး နောက်ထပ် ကန့်သတ်ချက်တွေ ထပ်တိုးလာမှာကို ငွေအပ်နှံသူတွေ စိုးရိမ်နေကြပါတယ်။

စင်္ကာပူက ရိုးမဘဏ် အစုရှယ်ယာတွေ ကျဆင်း
please wait

No media source currently available

0:00 0:01:17 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG