သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံက အထည်မှာယူမှု Inditex ရပ်ဆိုင်းဖို့ လုပ်ဆောင်နေ


ရန်ကုန်မြို့က အထည်ချုပ်လုပ်ငန်းမြင်ကွင်း
ရန်ကုန်မြို့က အထည်ချုပ်လုပ်ငန်းမြင်ကွင်း

Zara, Zara Home, Pull&Bear အပါအဝင် ဥရောပ နာမည်ကျော် ဖက်ရှင်အမှတ်တံဆိပ် ၇ ခုကို ပိုင်ဆိုင်တဲ့ Inditex လုပ်ငန်းကြီးက သူတို့လုပ်ငန်းတွေအတွက် အဝတ်အထည်တွေ မြန်မာနိုင်ငံကနေ အော်ဒါမှာယူနေတာတွေ ရပ်ဆိုင်းဖို့ လုပ်ဆောင်နေပြီလို့ ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို ဆန့်ကျင်ပြီး ရင်းနှီးမြုပ်နှံမှုတွေ နုတ်ထွက်ရေး ဖိအားပေးတဲ့ နိုင်ငံတကာ အလုပ်သမားသမဂ္ဂအဖွဲ့ IndustriALL ရဲ့ တွန်းအားပေးမှုအရ မြန်မာနိုင်ငံက အဝတ်အထည်တွေ ဝယ်ယူတာ တာဝန်သိစွာ ရပ်ဆိုင်းနိုင်ဖို့ လုပ်ဆောင်နေပါပြီလို့ ရိုက်တာ သတင်းဌာနကို ပြောကြားခဲ့တာပါ။

Zara အဝတ်အထည်အရောင်းဆိုင်
Zara အဝတ်အထည်အရောင်းဆိုင်

မြန်မာနိုင်ငံကနေ လုပ်ငန်းတွေ တာဝန်သိစွာ နုတ်ထွက်သွားနိုင်ဖို့ အဝတ်အထည် အော်ဒါချုပ်တဲ့ လုပ်ငန်းတွေ ဆက်လက်လျှော့ချနေပြီလို့ Inditex လုပ်ငန်းကြီးရဲ့ပြောခွင့်ရသူက အီးမေးလ်ပေးပို့ခဲ့တာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ဒါပေမယ့် ဘယ်အချိန်မှာ မြန်မာနိုင်ငံက အမှာတွေရပ်မယ်ဆိုတာ မပြောသလို၊ Inditex လုပ်ငန်းတွေအတွက် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း ဘယ်နှခုက‌နေ မှာယူနေသလဲဆိုတာလည်း အတိအကျ မသိရသေးပါဘူး။ Zara နဲ့အပြိုင်လိုဖြစ်တဲ့ Mango ဖက်ရှင်အမှတ်တံဆိပ်ကတော့ မြန်မာနိုင်ငံကနေ အဝတ်အထည်မှာ ယူနေတာတွေကို ရပ်ဆိုင်လိုက်ပြီလို့ ပြောပါတယ်။

မြန်မာစစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေပေမယ့် နိုင်ငံတကာက နာမည်ကြီး အဝတ်အထည် လုပ်ငန်းတွေ မြန်မာနိုင်ငံမှာ ဆက်လုပ်လုပ်ကိုင်နေတာ၊ လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ စက်ရုံတွေနဲ့ လက်တွဲ လုပ်ကိုင်နေတာကို အလုပ်သမား ရေးရာအဖွဲ့တွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြပြီး လုပ်ငန်းတွေထွက်ဖို့ တောင်းဆိုနေကြတာပါ။ တချိန်ထဲမှာပဲ နိုင်ငံတကာလုပ်ငန်းတွေရဲ့ အမှာတွေ ရပ်သွားရင် အထည်ချုပ်လုပ်ငန်းမှာ လုပ်ကိုင်နေကြသူတွေ အလုပ်လက်မဲ့ဖြစ်ပြီး နောက်ထပ် စီးပွားရေးထိခိုက်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ အခုချိန်အထိတော့ ဥရောပကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံကနေ မှာယူနေတာတွေကို ရပ်ဆိုင်းရမယ် ဆိုတာမျိုး EU ဥရောပသမဂ္ဂအနေနဲ့ သတ်မှတ်ချက် မရှိသေးပါဘူး။

မြန်မာနိုင်ငံက အထည်မှာယူမှု Inditex ရပ်ဆိုင်းဖို့ လုပ်ဆောင်နေ
please wait

No media source currently available

0:00 0:01:20 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG