သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အဆုံးသတ်ရေး Trump နဲ့အတူ လုပ်ဆောင်ဖို့ Zelenskyy သဘောတူ


အိမ်ဖြူတော်တွေ့ဆုံပွဲအတွင်း တွေ့ရသည့် သမ္မတဇာလင်းစကီး၊ သမ္မတထရမ့်နှင့် ဒုသမ္မတ ဂျေဒီဗန့်စ်။ (မှတ်တမ်းဓာတ်ပုံ) (​AP)
အိမ်ဖြူတော်တွေ့ဆုံပွဲအတွင်း တွေ့ရသည့် သမ္မတဇာလင်းစကီး၊ သမ္မတထရမ့်နှင့် ဒုသမ္မတ ဂျေဒီဗန့်စ်။ (မှတ်တမ်းဓာတ်ပုံ) (​AP)

ယူကရိန်းက ရုရှားနဲ့စစ်ကို မြန်နိုင်သမျှ အမြန်ဆုံး အဆုံးသတ်ဖို့ အဆင်သင့်ရှိပြီး အမေရိကန် သမ္မတ ထရမ့်ရဲ့ ခိုင်မာတဲ့ ခေါင်းဆောင်မှုအောက်မှာ ငြိမ်းချမ်းရေး သဘောတူညီချက်ရအောင် အလုပ်လုပ်လိုပါတယ်လို့ သမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။

သောကြာနေ့တုန်းက အမေရိကန်သမ္မတ ထရမ့်နဲ့ အဆင်မပြေ ဖြစ်ခဲ့တာကို စိတ်မကောင်း ဖြစ်မိပါကြောင်းလည်း ဇယ်လန်စကီးက ဆိုပါတယ်။

ယူကရိန်းရဲ့ မြေရှားသတ္တုကို ရေရှည် ထုတ်လုပ်ပိုင်ခွင့် အမေရိကန်ကိုပေးတဲ့ သဘောတူညီချက်ကို လက်မှတ်ထိုးဖို့ သူ အဆင်သင့် ဖြစ်မြဲဖြစ်နေပါတယ်လို့လည်း ဇယ်လန်စကီးက ဆိုပါတယ်။

ဒီပဋိပက္ခကို အဆုံးသတ်တာဟာ ရုရှားအတွက် အကောင်းဆုံး အကျိုးစီးပွါးဖြစ်သလို ယူကရိန်းနဲ့ အမေရိကန်အတွက်လည်း အကောင်းဆုံး အကျိုးစီးပွါးဖြစ်တယ်လို့ ယုံကြည်ကြောင်း အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ်က ဗွီအိုအေကို အင်္ဂါနေ့က ပြောပါတယ်။

နှစ်ပေါင်း သုံးလေးဆယ် စစ်မတိုက်ဖူးကြတဲ့ တိုင်းပြည်တွေက စစ်သား ၂၀,၀၀၀ ချထားတာထက် အဲဒီလို သဘောတူညီချက်က ပိုပြီး လုံခြုံရေးအာမခံချက် ပေးပါတယ်လို့ Fox News ရုပ်မြင်သံကြားက တနင်္လာနေ့မှာ ထုတ်လွှင့်တဲ့ အင်တာဗျူးမှာ ဗန့်စ်က ဆိုပါတယ်။

ပထမအဆင့်ကတော့ ဖမ်းထားတဲ့ အကျဥ်းသားတွေ လွှတ်ကြပြီး ဝေဟင်ရေပြင်မှာ ချက်ချင်း အပစ်ရပ်ဖို့ ဖြစ်တယ်လို့ ဇယ်လန်စကီးက ပြောပါတယ်။

စစ်အဆုံးသတ်ရေး Trump နဲ့အတူ လုပ်ဆောင်ဖို့ Zelenskyy သဘောတူ
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG