သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေတိုးအဖွဲ့ဝင်အဖြစ် ဖိတ်ခေါ်ပြီး ရုရှားနဲ့စစ်ပွဲ အဆုံးသတ်ဖို့ ယူကရိန်းသမ္မတတိုက်တွန်း


ယူကရိန်းလွှတ်တော်ရှေ့မှောက် မိန့်ခွန်းပြောနေတဲ့ သမ္မတ Volodymyr Zelenskyy (အောက်တိုဘာ ၁၆၊ ၂၀၂၄)
ယူကရိန်းလွှတ်တော်ရှေ့မှောက် မိန့်ခွန်းပြောနေတဲ့ သမ္မတ Volodymyr Zelenskyy (အောက်တိုဘာ ၁၆၊ ၂၀၂၄)

ယူကရိန်းနိုင်ငံကို NATO မဟာမိတ်အဖွဲ့ဝင်အဖြစ် ခြွင်းချက်မရှိ ဖိတ်ခေါ်ဖို့နဲ့ နျူကလီးယားရန်ကာကွယ်ဖို့ ရုရှားကျုးကျော်မှုကို ခုခံရာမှာ အောင်ပွဲရမယ့် နည်းလမ်းတွေအဖြစ် လွှတ်တော်ရှေ့မှောက် ဒီကနေ့ ပြောကြားရာမှာ သမ္မတ Volodymyr Zelenskyy က ထည့်သွင်းပြောဆိုလိုက်ပါတယ်။

“NATO အဖွဲ့နဲ့ ပူးပေါင်းဖို့ ယူကရိန်းကို ဖိတ်ခေါ်တာဟာ ငြိမ်းချမ်းရေးအတွက် စစ်မှန်တဲ့ အခြေခံဖြစ်လာနိုင်ပါတယ်။ NATO အဖွဲ့ဝင် ဖြစ်ဖို့ဆိုတာဟာ လက်ရှိကာလအတွက် မဟုတ်ဘဲ၊ အနာဂတ်အတွက် ဖြစ်တယ်ဆိုတာကိုလည်း ကျနော်တို့ နားလည်ပါတယ်။” လို့ ယူကရိန်းသမ္မတက ပြောဆိုလိုက်တာပါ။

မိတ်ဖက်တွေနဲ့အတူ စစ်ပွဲကို အဆုံးသတ်နိုင်မယ့် အခြေအနေတွေကို ပြောင်းလဲရမှာဖြစ်ပြီး၊ ရုရှားသမ္မတပူတင် အလိုကျမဟုတ်ဘဲ ငြိမ်းချမ်းရေးရအောင် လုပ်ရလိမ့်မယ်လို့လည်း ပြောပါတယ်။

အောင်ပွဲအတွက် အစီအစဉ်တွေမှာ ယူကရိန်းရဲ့ မဟာမိတ်တွေ ကတိပေးထားတဲ့အတိုင်း ပြန်လည်ထူထောင်ဖို့၊ သဘာဝသယံဇာတ အရင်းအမြစ်တွေကို ကာကွယ်ရာမှာ အကူအညီပေးဖို့တွေလည်း ပါဝင်ခဲ့ပါတယ်။ စစ်ပွဲအောင်နိုင်ရေး အစီအစဉ်နဲ့ ပတ်သက်လို့ ယူကရိန်းသမ္မတက အနောက်နိုင်ငံခေါင်းဆောင်တွေနဲ့ မကြာသေးခင်သီတင်းပတ်တွေကတည်းက ဆွေးနွေးနေတာပါ။ Brussels မှာ မနက်ဖြန် ကျင်းပမယ့် ဥရောပသမဂ္ဂ ခေါင်းဆောင်တွေရဲ့ ထိပ်သီးညီလာခံမှာလည်း ထပ်မံဆွေးနွေးမယ်လို့ ယူကရိန်းသမ္မတက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG