သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖူကူရှီးမား ၁၂ နှစ်မြောက် အောက်မေ့ဘွယ် အခမ်းအနားကျင်းပ


Anniversary of 2011 earthquake and tsunami disaster, in Iwaki
Anniversary of 2011 earthquake and tsunami disaster, in Iwaki

{{Zawgyi/Unicode}}

ဂျပန်နိုင်ငံမှာ ၂၀၁၁ ခုနှစ်က ငလျင်ဒဏ်ကြောင့် ဆူနာမိလှိုင်းကြီးရိုက်ခတ်ခဲ့လို့ ဖူကူရှီးမား နျူကလီယားဓာတ်အားပေး စက်ရုံပျက်စီးပြီး ဓာတ်ရောင်ခြည်တွေယိုစိမ့်ခဲ့တဲ့ ၁၂ နှစ်မြောက် နှစ်ပတ်လည် ဝမ်းနည်းဘွယ်အခမ်းအနားကို စနေနေ့ကပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနားကို ဂျပန်ဝန်ကြီးချုပ် ဖူမိအိုကီရှိဒါတက်ရောက်ပြီး ဝမ်းနည်းကြောင်းစကား ပြောကြားခဲ့ပါတယ်။

“ဒီအဖြစ်ဆိုးကြီးထဲမှာ မိသားစုဝင်တွေ၊ ချစ်ခင်သူတွေဆုံးရှုံးခဲ့ရတဲ့ ဆွေမျိုးသားခြင်းတွေ၊ မိတ်ဆွေသင်္ဂဟတွေ ဘယ်လို ခံစားနေရမလဲဆိုတာတွေးမိတိုင်း ကျနော် အတော်ကိုပဲ စိတ်ထိခိုက်ရပါတယ်” လို့ ဝန်ကြီးချုပ် ကီရှီဒါကပြောဆိုခဲ့ပါတယ်။

ဒီဘေးအန္တရာယ်ဆိုးကြီးအတွင်း လူ ၂,၀၀၀ လောက်သေဆုံးခဲ့ပြီး ရေဒီယိုသတ္တိကြွ အန္တရာယ်ကြောင့် ထောင်ပေါင်းများစွာသောအိုးအိမ်တွေလည်း လူနေလို့မရတော့ဘဲ ဆုံးရှုံးခဲ့ပါတယ်။

ဆူနာမိရေလှိုင်းကြီးရိုက်ခတ်ခဲ့တဲ့ အောက်မေ့ဘွယ်နေ့မှာ ဖူကူရှီးမား နျူကလီယားသုံး ဓာတ်အားပေးစက်ရုံကနေ ၁၈ မိုင်လောက်အကွာမှာရှိတဲ့ Hisanohama ရွာကို လူအများလာရောက်ပြီး ပန်းစည်းတွေချထားခဲ့ကြပါတယ်။

အသက် ၅၅ နှစ်အရွယ် Yuki Kajimi ကတော့ ကျမရဲ့ဝမ်းနည်းကြေကွဲမှုတွေဟာ ပြောင်းလဲမသွားပါဘူး၊ တဖြည်းဖြည်းနဲ့ လျော့နည်းသွားမလားဆိုတာကိုလည်းမပြောတတ်အောင်ပါပဲ-လို့ ရိုက်တာသတင်းဌာနကိုပြောခဲ့ပါတယ်။

ဖူကူရှီးမား ၁၂ နှစ်မြောက် အောက်မေ့ဘွယ် အခမ်းအနားကျင်းပ.mp3
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

================

{{Unicode}}







ဆက်စပ်သတင်းများ ...

XS
SM
MD
LG