သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီနဲ့ဆီးရီးယားငလျင်အတွက် အမေရိကန်က နောက်ထပ် သန်း ၁၀၀ ထောက်ပံ့မည် 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက တူရကီနိုင်ငံခြားရေးဝန်ကြီးနဲ့အတူ သွားရောက်ကြည့်ရှုခဲ့တဲ့တူရကီနိုင်ငံ ဟတေခရိုင်က ငလျင်ဒဏ်သင့်ဧရိယာတွေ(ဖေဖော်ဝါရီ ၁၉ ၊ ၂၀၂၃)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက တူရကီနိုင်ငံခြားရေးဝန်ကြီးနဲ့အတူ သွားရောက်ကြည့်ရှုခဲ့တဲ့တူရကီနိုင်ငံ ဟတေခရိုင်က ငလျင်ဒဏ်သင့်ဧရိယာတွေ(ဖေဖော်ဝါရီ ၁၉ ၊ ၂၀၂၃)

[[Zawgyi/Unicode]]

မကြာသေးခင်က ပြင်းထန်တဲ့ငလျင်ဒဏ်ကြောင့် လူပေါင်း ၄၆,၀၀၀ ကျော်သေဆုံးခဲ့ပြီး သန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်သွားကြတဲ့ တူရကီနဲ့ဆီးရီးယား ၂ နိုင်ငံကို အမေရိကန် ပြည်ထောင်စုက နောက်ထပ် ဒေါ်လာသန်း ၁၀၀ အကူအညီပေးလိုက်ပါတယ်။

“ဒီကနေ့ ကျနော့်အနေနဲ့ ငလျင်ဒဏ်ခံရသူတွေအတွက် နောက်ထပ် ဒေါ်လာသန်းတရာ အကူအညီပေးဖို့ ကြေညာလိုက်ပါတယ်။ အဲဒီအကူအညီတွေကို ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအတွက် ရန်ပုံငွေ၊ နိုင်ငံခြားရေးဌာနရဲ့လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ပေးရေးနဲ့ နိုင်ငံတကာအကူအညီပေးရေး USAID စတဲ့ အမေရိကန် အဖွဲ့အစည်းတွေက ပေးကြမှာဖြစ်ပါတယ်။” လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောသွားတာပါ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကိုယ်တိုင် တနင်္ဂနွေနေ့က တူရကီနိုင်ငံကိုရောက်ရှိပြီး တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlut Cavusonglu နဲ့အတူ ငလျင်ဒဏ်ခံရတဲ့နေရာတွေကို ရဟတ်ယာဉ်နဲ့ သွားရောက်ခဲ့ပါတယ်။

အမေရိကန်ကကူညီတဲ့ငွေဟာ စုစုပေါင်း ဒေါ်လာ ၁၈၅ သန်းရှိပြီဖြစ်ပြီး အဲဒီလို အထောက်အပံ့တွေကို ငလျင်ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်တည်ဆောက်ရေးတွေ လုပ်ကိုင်နေကြတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ NGOs အဖွဲ့အစည်းတွေကို ပံ့ပိုးသွားမှာ ဖြစ်ပါတယ်။ ခြုံစောင်တွေ၊ အိပ်ယာတွေ၊ အနွေးထည်တွေ၊ အစားအစာတွေ၊ ရွက်ဖျင်တဲတွေနဲ့ ခိုလှုံရေးစခန်းနဲ့ပတ်သက်တဲ့ပစ္စည်းတွေ ဝယ်ယူရေးအတွက် အဲဒီငွေတွေကို အသုံးပြုမှာဖြစ်ပါတယ်။

ဒါ့ပြင် ငလျင်ဒဏ်ခံရတဲ့ ဒေသတွေက လူငယ်တွေ၊ ကလေးငယ်တွေအတွက် ပညာရေး အစီအစဉ်တွေကို အထောက်အကူပြုရေးအစီအစဉ်တွေနဲ့ ရေသန့်၊ မိလ္လာစနစ်ပြုပြင်ရေး ၊ ကျန်းမာရေးဝန်ဆောင်မှုနဲ့ ဆေးဝါးတွေအတွက်လည်း အဲဒီအကူအညီထဲမှာ ပါဝင်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ ဒီကနေ့ တနင်္လာနေ့မှာ တူရကီသမ္မတ Recep T Erdogan နဲ့ တွေ့လိမ့်မယ်လို့ ယူဆရပါတယ်။ မြောက်အတ္တလန်တိတ်စာချုပ် NATO ကာကွယ်ရေး အဖွဲ့ဝင်တွေဖြစ်ကြတဲ့ အမေရိကန်နဲ့ တူရကီကြားမှာ ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ်နဲ့ပတ်သက်လို့ သဘောထားမတူညီမှုတွေကို ပြန်လည်ညှိနှိုင်းဖို့ ကြိုးစားနေကြပါတယ်။ ဒါ့ပြင် ဆွီဒင်နဲ့ဖင်လန် ၂ နိုင်ငံ NATO အဖွဲ့ဝင် အဖြစ် လက်ခံရေးမှာ တူရကီနိုင်ငံက ကန့်ကွက်ထားတာကိုလည်း သဘောတူညီမှုရဖို့ ကြိုးစားနေကြရပါတယ်။

တူရကီနဲ့ဆီးရီးယားငလျင်အတွက် အမေရိကန်က နောက်ထပ် သန်း ၁၀၀ ထောက်ပံ့မည်.mp3
please wait

No media source currently available

0:00 0:00:56 0:00
တိုက်ရိုက် လင့်ခ်

================

[[Unicode]]








This item is part of
XS
SM
MD
LG