(Zawgyi/ Unicode)
ကမ္ဘောဒီယားဝန်ကြီးချုပ် Hun Sen က သူနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်းကြီးလည်းဖြစ် ၊ အာဆီယံ အထူးကိုယ်စားလှယ်လည်းဖြစ်တဲ့ Prak Sokhonn နဲ့ ဆက်လက် လက်တွဲလုပ်ဆောင်ဖို့ ဂျပန် Nippon Foundation ဥက္ကဌ Yohei Sasakawa ကို ပြောဆိုလိုက်ပါတယ်။
ကမ္ဘောဒီယားနိုင်ငံ ဖနွမ်းပင်မြို့တော်ရှိ နန်းတော်ထဲမှာ မတ်လ ၇ ရက်နေ့က ဟွန်ဆန် နဲ့ Nippon Foundation ဥက္ကဌ Sasakawa တို့တွေ့ဆုံစဉ်မှာ အဲဒီလိုပြောလိုက်တာဖြစ်ပါတယ်လို့ ဟွန်ဆန်ရဲ့ လူမှုကွန်ရက် Facebook မှာ ဖော်ပြထားပါတယ်။ ဟွန်ဆန်ရဲ့ ဇန်နဝါရီလအတွင်းက မြန်မာနိုင်ငံသွားတဲ့ ခရီးစဉ်ကို Sasakawa က ထောက်ခံခဲ့ပြီး ဒါဟာ မြန်မာပြည်သူတွေအတွက် မဟာ အခွင့်အလမ်း ဖြစ်တယ်လို့လည်း ပြောတယ်လို့ ရေးသားထားပါတယ်။
သူ့ရဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ထွန်းကားရေး၊ လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးအပ်နိုင်ရေး နဲ့ အကြမ်းဖက်မှုတွေ ရပ်ဆိုင်းရေးအတွက် ရည်ရွယ်ခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။
အာဆီယံအလှည့်ကျ လက်ရှိ ဥက္ကဌ ကမ္ဘောဒီယားဝန်ကြီးချုပ် ဟွန်ဆန်းက ဒီအတွက် ကြိုးစားမှုအားလုံး ဆက်လက် လုပ်ဆောင်မှာဖြစ်ပြီး Sasakawa အနေနဲ့လည်း သူရဲ့နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ အာဆီယံ အထူးကိုယ်စားလှယ်လည်းဖြစ်တဲ့ Sokhonn နဲ့ ဆက်လက် လက်တွဲလုပ်ဆောင်ဖို့ တိုက်တွန်းခဲ့တယ်လို့ ရေးသားထားပါတယ်။
Your browser doesn’t support HTML5
(Unicode)
အာဆီယံ အထူးကိုယျစားလှယျကို ကူညီဖို့ Sasakawa ကို ကမ်ဘောဒီးယားဝနျကွီးခြုပျ ပွောကွား