မြန်မာနဲ့ အိန္ဒိယ အပူချိန်လွန်ကဲနေဆဲ

အပူရှိန်ပြင်းလွန်းလို့ ရေငတ်နေတဲ့ အိန္ဒိယနိုင်ငံသားတဦး။

သီတင်း (၆)ပတ်ကြာ ကျင်းပနေတဲ့ အထွေထွေရွေးကောက်ပွဲနဲ့ တိုက်ဆိုင်ပြီး အိန္ဒိယနိုင်ငံမြောက်ပိုင်း အပူချိန်လွန်ကဲနေလို့ မဲဆန္ဒပေးသူတွေ ကျန်းမာရေးအန္တရာယ် ပိုရင်ဆိုင်လာရမှာကို ကျွမ်းကျင်သူ ပညာရှင်တွေက စိုးရိမ်နေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံတဝန်းက ဒေသအသီးသီးမှာ မေလ ပျမ်းမျှ အပူချိန်ထက် ၂ ဒီဂရီကနေ ၈ ဒီဂရီ အထိ အပူချိန် ပိုနေချိန်မှာ အိမ်နီးချင်း အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာ အပူချိန်လွန်ကဲနေပြီး မြို့တော် နယူးဒေလီမှာ အဆင့်မြင့် သတိပေးချက်တွေ ထုတ်ပြန်ထားရပါတယ်။

အိန္ဒိယမှာ (၃)နှစ်ဆက်တိုက် နွေရာသီ အပူလှိုင်းဒဏ်ခံနေရတာဖြစ်ပြီး မိုးလေဝသဌာနရဲ့ သောကြာနေ့က ထုတ်ပြန်ချက်ထဲမှာ လာမည့်ရက် အနည်းငယ်အတွင်း မြောက်ပိုင်းတခွင် အပူလှိုင်းဆက်ရှိနေဦးမယ်လို့ မျှော်လင့်ရပြီး ပြည်နယ် အများအပြားမှာ ပြင်းထန်တဲ့ ရာသီဥတု အခြေအနေ သတိပေးထားပါတယ်။

SEE ALSO: အိန္ဒိယ အပူလှိုင်း လူ (၁၀၀) ခန့်သေဆုံး


နယူးဒေလီမြို့တော်မှာဆိုရင် သောကြာနေ့က ၄၇.၁ ဒီဂရီ စင်တီဂရိတ် (၁၁၆ ဒီဂရီ ဖာရင်ဟိုက်)အထိ အပူချိန်မြင့်တက်ခဲ့ပါတယ်။ အနီးနာက ပန်ဂျပ်နဲ့ ရာဂျာစသန်ပြည်နယ် စတဲ့ ပြည်နယ်တွေမှာလည်း လာမယ့်ရက်တွေထဲ အပူချိန် ဆက်မြင့်တက်နေဖွယ်ရှိနေလို့ နေ့ခင်းပိုင်း နေပူပြင်းချိန် အပြင်မထွက်ဖို့၊ ရေများများသောက်ဖို့နဲ့ သက်ကြီးရွယ်အိုတွေ အထူးသဖြင့် ကျန်းမာရေး မကောင်းသူတွေအနေနဲ့ အိမ်ထဲမှာ သက်တောင့်သက်သာ နေထိုင်ကြဖို့ အိန္ဒိယမိုးလေဝသဌာနက သိပ္ပံပညာရှင် Soma Sen Roy က အကြံပြုထားပါတယ်။

သီတင်း (၆)ပတ်ကြာ ကျင်းပနေတဲ့ အထွေထွေရွေးကောက်ပွဲနဲ့ တိုက်ဆိုင်ပြီး အိန္ဒိယနိုင်ငံမြောက်ပိုင်း အပူချိန်လွန်ကဲနေလို့ မဲဆန္ဒပေးသူတွေ ကျန်းမာရေးအန္တရာယ် ပိုရင်ဆိုင်လာရမှာကို ကျွမ်းကျင်သူ ပညာရှင်တွေက စိုးရိမ်နေတာဖြစ်ပါတယ်။

မြန်မာ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနရဲ့ မေလ ၁၇ ရက်နေ့ထုတ်ပြန်တဲ့ ထူးခြား နေ့အပူချိန်တွေထဲမှာ မြန်မာနိုင်ငံအလယ်ပိုင်းက ချောက်မြို့မှာ ၄၆.၃ ဒီဂရီ ဆဲလ်စီးယပ် အထိ အမြင့်ဆုံးဖြစ်နေပြီး မန္တလေး၊ မကွေး မြင်းခြံ၊ မုံရွာ၊ ရွှေဘို၊ တံတားဦး၊ မင်းဘူး၊ မြင်းမူ၊ ညောင်ဦး၊ မုံရွာ အစရှိတဲ့ အထက်အညာဒေသမြို့တွေမှာ ၄၄ ဒီဂရီ ဆဲလ်စီးယပ်စီနဲ့အထက် အပူချိန် မြင့်တက်နေပါတယ်။

Your browser doesn’t support HTML5

မြန်မာနဲ့ အိန္ဒိယ အပူချိန်လွန်ကဲနေဆဲ