သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တရုတ္ရဲ႕ အေနာက္ေတာင္ပိုင္းမွာ မိုးေခါင္ေရရွားမႈေၾကာင့္ ေပၚလာရတဲ႔ အေျပာင္းအလဲ


(Zawgyi / Unicode)

တရုတ္ရဲ႕ ခ်ံဳကင္း ၿမိဳ႕ႀကီးဟာဆိုရင္ စိုက္ပ်ိဳးေျမေတြနဲ႔ ကုန္းေျမျမင့္ေတြ၊ လွပတဲ႔ ေတာင္တန္းေတြနဲ႔ ၀ိုင္းရံေနခဲ႔တာပါ။ ဒါေပမယ့္လည္း ပံုမွန္ မဟုတ္တဲ႔ ရွည္ၾကာ ျပင္းထန္တဲ႔ အပူလိႈင္းနဲ႔ ဆက္စပ္ၿပီး မိုးေခါင္ေရရွားမႈေၾကာင့္ အသြင္အျပင္ ေျပာင္းလဲသြားပါၿပီ။ စတင္ မွတ္တမ္းတင္ခဲ႔တဲ႔ ၁၉၆၁ ခုႏွစ္ ေနာက္ပိုင္း ႏုိင္ငံရဲ႕ အျပင္းထန္ဆံုး အပူလိႈင္း ျဖစ္တယ္လို႔လည္း တရုတ္ မိုးေလ၀သ ပညာရွင္ေတြက ေျပာဆိုထားပါတယ္။ AP သတင္းေဆာင္းပါးကို ဒီသီတင္းပတ္ စီးပြားေရး အစီအစဥ္မွာ မသိဂၤ ီထုိက္ တင္ျပထားပါတယ္။

ပက္ၾကားအက္ေနတဲ႔ လယ္ကြင္းထဲမွာ လမ္းေလွ်ာက္ရင္း လယ္သမား Li Siming က ဆယ္စုႏွစ္ ၆ ခု အတြင္း အပူဆံုးနဲ႔ အေျခာက္ေသြ႔ဆံု ေႏြရာသီမွာ စပါးစိုက္ရတဲ႔ အေျခအေနကို ျငီးညဴေနပါတယ္။ ခံ်ဳကင္း ၿမိဳ႕ေျမာက္ပိုင္း ကီလိုမီတာ ၃၀ ေလာက္မွာ ရွိတဲ႔ Mu’er ၿမိဳ႕မွာ Li ရဲ႕ ၇ ဧကခြဲေလာက္ ရွိတဲ႔ စပါးခင္းဟာဆိုရင္ ပံုမွန္ မဟုတ္ဘဲ ရွည္ၾကာ ျပင္းထန္တဲ႔ အပူခ်ိန္ေအာက္မွာ ညွိဳးႏြမ္းေနပါတယ္။ အပူခ်ိန္က ၁၀၇ ဒသမ ၆ ဒီဂရီ ဖာရင္ဟိုက္ထိ ျမင့္တက္ၿပီး တရုတ္ျပည္ အလယ္ပိုင္းက ေကာက္ပဲသီးႏွံ စိုက္ခင္းေတြဟာ ညွိႏြမ္းေနၿပီး ယန္ဇီ ျမစ္ႀကီးလည္း ေရေလ်ာ့နည္းသြားပါတယ္။ စပါးစိုက္ ေတာင္သူ Li Siming က အခုလုိ ေျပာပါတယ္။

“ မိုးေခါင္ေရရွား ျဖစ္ေတာ့ က်ေနာ္တို႔ လယ္သမားေတြ အတြက္ ေရမရွိပါဘူး။ ဘုရားမွာ ဆုေတာင္းလည္း မရ၊ ေဒသဆိုင္ရာ အစိုးရကို ေျပာရင္လည္း အစိုးရက ေရ မေပးႏုိင္ပါဘူး။ ”

အေမရိကန္ ျပည္ေထာင္စု အေနာက္ပိုင္း၊ ဥေရာပနဲ႔ အတူ တရုတ္မွာလည္း အပူလိႈင္းဒဏ္ ခံေနရၿပီး ေရေငြ႔ပ်ံမႈ၊ ေတာမီးေလာင္ကြ်မ္းမႈ၊ လွ်ပ္စစ္မီး မလံုေလာက္မႈ၊ ကုန္ထုတ္လုပ္မႈနဲ႔ လူေတြလည္း အခက္အခဲေတြ ျဖစ္ၾကရပါတယ္။ ဒီႏွစ္အတြင္း ႀကံဳေတြ႔ရတဲ႔ ပူျပင္းမႈနဲ႔ မိုးေခါင္ေရရွားမႈဟာ ဆိုရင္ ေနာက္ထပ္ ပိုၿပီး ျပင္းထန္တဲ႔ ရာသီဥတု အေျခအေနေတြ ထပ္ၿပီး ႀကံဳရမယ့္ ေရွ႕ေျပးလကၡာ ျဖစ္တယ္လို႔ Greenpeace အဖြဲ႔က ရာသီဥတု ေဘးအႏၱရာယ္ ဆိုင္ရာ သုေတသန ပညာရွင္ Li Zhao က ေျပာပါတယ္။

“ ရာသီဥတု ျပင္းထန္ လြန္ကဲမႈေတြက ပိုၿပီး ျပင္းထန္ၿပီး အႀကိမ္ေရလည္း ပိုၿပီး တိုးလာၿပီး မေသခ်ာ မေရရာမႈေတြ ျဖစ္လာပါမယ္။ ျပင္းထန္မႈ ေျပာရမယ္ဆိုရင္ေတာ့ သူ႔ရဲ႕ အတုိင္းအတာက သိသိသာသာ တိုးလာပါမယ္။ ဆိုလိုတာကေတာ့ အနာဂတ္မွာ ျဖစ္လာမယ့္ လြန္ကဲတဲ႔ ရာသီဥတု အေျခအေနေတြဟာ ပိုၿပီး ျပင္းထန္ၿပီး ေျပာင္းလဲမႈေတြကလည္း ပိုၿပီး မခန္႔မွန္းႏုိင္ ျဖစ္လာပါမယ္။ ”

မိုးေခါင္ေရရွားမႈ အတြင္း အနီးမွာ ရွိတဲ႔ ေရေလွာင္ကန္ကလည္း အကန္႔အသတ္နဲ႔ဘဲ ေရးေပးေ၀တယ္လို႔လည္း လယ္သမား Li က ေျပာပါတယ္။ သူ႔ စပါးခင္း အတြက္ ရေနတဲ႔ ေရကို သစ္သီး စိုက္ခင္းေတြဘက္ကို လႊဲေပးတာေၾကာင့္ သူ႔စပါးခင္းကို ေစ်းႀကီးတဲ႔ တြင္းေရ သံုးရတယ္လို႔လည္း သူက ေျပာပါတယ္။
“ ဘံုဘိုင္ေရ သြယ္တဲ႔ ပိုက္လုိင္းပါ။ ေရက အခမဲ႔ မဟုတ္ပါဘူး။ ေရ တတန္ကို ၃ ယြမ္ခြဲ ကေန ၄ ယြမ္ခြဲေလာက္ ေပးရပါတယ္။ တျခား နည္းလမ္းလည္း မရွိပါဘူး။ ”

“ အရင္တုန္းက မိုးေခါင္ေရရွား ျဖစ္ရင္ ေတာင္ေပၚမွာ ေရေလွာင္ကန္ ရွိပါတယ္။ ဒီမနက္ဘဲ သြားၾကည့္ခဲ႔ပါေသးတယ္။ တကယ္လို႔ ေရေလွာင္ကန္က ေရေပးမယ္ ဆိုရင္ေတာ့ အနည္းဆံုး သီးႏွံ နည္းနည္းေတာ့ ဆြတ္ခူးႏုိင္မွာပါ။ ပံုမွန္ကေတာ့ ၂ ဧကခြဲေလာက္ကို ၄၀၀ ကီလိုဂရမ္ကေန ၄၅၀ ကီလိုဂရမ္ ေလာက္ ရေနတာကေန အခုဆိုရင္ေတာ့ ၂၀၀ ကီလိုဂရမ္ ဒါမွမဟုတ္လည္း ၂၅၀ ကီလိုဂရမ္ေလာက္ ေတာင္ ထြက္မယ့္ပံု မရွိပါဘူး။”

၁၉၆၁ ခုႏွစ္မွာ စတင္ မွတ္တမ္းတင္ခဲ႔ခ်ိန္ ေနာက္ပိုင္း တရုတ္ႏုိင္ငံမွာ အျပင္းထန္ဆံုး အပူလိႈင္း ျဖစ္တယ္လို႔လည္း တရုတ္ မိုးဇလ ပညာရွင္ေတြက ေျပာပါတယ္။ အခုဆိုရင္ သံုးလ တာ ကာလထဲကို ေရာက္လာခဲ႔ၿပီး ၂၀၁၃ ခုႏွစ္က ၆၁ ရက္ရွည္ၾကာခဲ႔တဲ႔ စံခ်ိန္ကို ေက်ာ္လြန္သြားပါၿပီ။

တရုတ္ ေတာင္ပိုင္းက ေက်းရြာေတြနဲ႔ ၿမိဳ႕ေတြမွာ အပူခ်ိန္က ၄၀ ဒီဂရီ စင္တီဂရိတ္ကို ေက်ာ္လြန္ပါတယ္။ ခ်ံဳကင္းၿမိဳ႕ႀကီးကေတာ့ အထူးသျဖင့္ ဒဏ္ခံရပါတယ္။
ခ်ံဳကင္း ၿမိဳ႕စြန္ပိုင္းမွာ ေနထိုင္ၾကသူေတြကေတာ့ အပူဒဏ္ကို ေရွာင္ဖို႔ ေလေၾကာင္းရန္ ခိုလံႈေရး အေဆာက္အအံုေတြမွာ သြားေနၾကပါတယ္။

ၿမိဳ႕ လမ္းမႀကီး တေလွ်ာက္ အမိုးခံုး ပံုစံ အ၀င္ဂိတ္ကေန အထဲကို ၀င္သြားရင္ေတာ့ လိႈင္ေခါင္းထဲမွာ ဖြင့္ထားတဲ႔ စားေသာက္ဆိုင္ေတြရဲ႕ ဒါဇင္နဲ႔ခ်ီတဲ႔ စားပြဲေတြမွာ ေခြ်းတလံုးလံုးနဲ႔ ၿမိဳ႕ခံေတြဟာ ငရုတ္သီး စပ္စပ္နဲ႔ ေဟာ့ေပါ့ စားၾကပါတယ္။ ဒီ ေလေၾကာင္းရန္ ကာကြယ္ေရး ခိုလံႈေရး စခန္းေတြကို ဒုတိယ ကမၻာစစ္ ကာလက တည္ေဆာက္ခဲ႔တာပါ။ အဲဒီ အခ်ိန္က ကူမင္တန္ ဦးေဆာင္တဲ႔ အစိုးရက ယာယီၿမိဳ႕ေတာ္ အျဖစ္ တည္ေဆာက္ထားတဲ႔ ခ်ံဳကင္းၿမိဳ႕ကို ဂ်ပန္တို႔ ၀င္ေရာက္စီးနင္းခ်ိန္ ျဖစ္ပါတယ္။
ဂ်ပန္ စစ္တပ္ရဲ႕ ဗံုးက်ဲတဲ႔ ဒဏ္ကေန ကာကြယ္ဖို႔ အတြက္ ေတာင္ေစာင္းေတြမွာ လိႈင္ေခါင္းေတြ တူးခဲ႔ၾကတာ ျဖစ္ပါတယ္။ ဒီလိႈင္ေခါင္းေတြထဲမွာ အပူခ်ိန္က ၂၀ ဒီဂရီ စင္တီဂရိတ္ေလာက္ဘဲ ရွိတာေၾကာင့္ ဒီလိႈင္ေခါင္းေတြဟာ ေဟာ့ေပါ့ စားဖို႔ သင့္ေတာ္တဲ႔ ေနရာ အျဖစ္ ၁၉၇၀ ျပည့္လြန္ႏွစ္ေတြ ေနာက္ပိုင္းမွာ ကတည္းက သံုးလာတာ ျဖစ္ပါတယ္။

“ ဒီ ခုိလံႈေရး စခန္းေတြမွာ လာၿပီ ေႏြ အပူကို ေရွာင္ပါတယ္။ စစ္ အတြင္းတုန္းကေတာ့ ဒီေနရာေတြကို ဗံုးခိုဖို႔ လူေတြက သံုးၾကပါတယ္။ အခုေတာ့ ဒီေနရာေတြက ဘယ္သူမွ မသံုးေတာ့ဘဲ တခ်ိဳ႕က hot pot ဆိုင္ေတြ လာဖြင့္ထားၾကပါတယ္။ ဒီမွာက ေအးပါတယ္။ ေႏြရာသီမွာ ေနလို႔ ေကာင္းတဲ႔ ေနရာပါ။”

“ ဒီေႏြရာသီက တအား ပူျပင္းတာေၾကာင့္ တခ်ိဳ႕ ေနရာေတြမွာ ခန ခန ေရျပတ္ပါတယ္။ ဂ်န္လင္း ျမစ္မွာ ေရ တ၀က္ေလာက္ ေလ်ာ့သြားပါတယ္။ ”
ယန္ဇီ ျမစ္နဲ႔ သူ႔ရဲ႕ အဓိက ျမစ္လက္တက္ ဂ်န္လင္း ျမစ္တို႔မွာ အပူလိႈင္းဒဏ္ေၾကာင့္ အႀကီးအက်ယ္ ေရက်သြားၿပီး တခ်ိန္က ေရေအာက္မွာ ရွိခဲ႔တဲ႔ ေက်ာက္ေဆာင္ေတြ ေပၚလာပါတယ္။ စူးစမ္းခ်င္တဲ႔ ၿမိဳ႕ခံေတြကေတာ့ ျမစ္ၾကမ္းျပင္မွာ ဓာတ္ပံုသြားရိုက္၊ ေရကူး ငါးဖမ္း လုပ္ၾကပါတယ္။ ေရအားလွ်ပ္စစ္ ဓာတ္အားေပးေ၀ႏုိင္မႈလည္း မူလကထက္ ထက္၀က္ေလာက္ ေလ်ာ့က်သြားၿပီး ေလေအးစက္ အသံုးက မ်ားလာပါတယ္။ လူထု အတြက္ လွ်ပ္စစ္မီး ေပးႏုိင္ေရး အတြက္ chips ျပားေတြ၊ ေနေရာင္ျခည္သံုး ဆိုလာျပားေတြနဲ႔ ကားပစၥည္းေတြ ထုတ္လုပ္ၾကတဲ႔ စီခြ်မ္းနဲ႔ ခ်ံဳကင္းက ေထာင္နဲ႔ခ်ီတဲ႔ စက္ရံုေတြကိုလည္း ပိတ္ခိုင္းခဲ႔ပါတယ္။ Greenpeace အဖြဲ႔က ရာသီဥတု ေဘးအႏၱရာယ္ ဆိုင္ရာ သုေတသန ပညာရွင္ Li Zhao က အခုလို ေျပာပါတယ္။

“ ဒီႏွစ္မွာ ေရအားလွ်ပ္စစ္ထုတ္လုပ္ေရး စက္ရံုေတြကို ေရေပးေ၀ႏုိင္မႈက ၄၀ ရာခိုင္ႏႈန္း ေလ်ာ့က်သြားၿပီး ဒါေၾကာင့္ ဓာတ္အား ထုတ္လုပ္မႈလည္း ေလ်ာ့က်သြားပါမယ္။ ဓာတ္အား လိုအပ္ခ်က္က မ်ားလာၿပီး ဓာတ္အား ထုတ္လုပ္မႈက ေလ်ာ့သြားတာေၾကာင့္ စီခြ်မ္းက စက္ရံုေတြနဲ႔ စီးပြားေရး ဆိုင္ရာ အေဆာက္အအံုေတြကို ဓာတ္အား ကန္႔သတ္ရတဲ႔ အထိ ျဖစ္ေစခဲ႔ပါတယ္။ စက္မႈ ကုန္ထုတ္လုပ္ငန္း၊ ကုန္သြယ္မႈနဲ႔ လူေတြရဲ႕ ေနထိုင္မႈေတြ အေပၚမွာ အႀကီးအက်ယ္ ရိုက္ခတ္ သက္ေရာက္ေစပါတယ္။ ”

(Unicode)
တရုတ်ရဲ့ အနောက်တောင်ပိုင်းမှာ မိုးခေါင်ရေရှားမှုကြောင့် ပေါ်လာရတဲ့ အပြောင်းအလဲ

တရုတ်ရဲ့ ချုံကင်း မြို့ကြီးဟာဆိုရင် စိုက်ပျိုးမြေတွေနဲ့ ကုန်းမြေမြင့်တွေ၊ လှပတဲ့ တောင်တန်းတွေနဲ့ ဝိုင်းရံနေခဲ့တာပါ။ ဒါပေမယ့်လည်း ပုံမှန် မဟုတ်တဲ့ ရှည်ကြာ ပြင်းထန်တဲ့ အပူလှိုင်းနဲ့ ဆက်စပ်ပြီး မိုးခေါင်ရေရှားမှုကြောင့် အသွင်အပြင် ပြောင်းလဲသွားပါပြီ။ စတင် မှတ်တမ်းတင်ခဲ့တဲ့ ၁၉၆၁ ခုနှစ် နောက်ပိုင်း နိုင်ငံရဲ့ အပြင်းထန်ဆုံး အပူလှိုင်း ဖြစ်တယ်လို့လည်း တရုတ် မိုးလေဝသ ပညာရှင်တွေက ပြောဆိုထားပါတယ်။ AP သတင်းဆောင်းပါးကို ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။

ပက်ကြားအက်နေတဲ့ လယ်ကွင်းထဲမှာ လမ်းလျှောက်ရင်း လယ်သမား Li Siming က ဆယ်စုနှစ် ၆ ခု အတွင်း အပူဆုံးနဲ့ အခြောက်သွေ့ဆုံ နွေရာသီမှာ စပါးစိုက်ရတဲ့ အခြေအနေကို ငြီးညူနေပါတယ်။ ခံျုကင်း မြို့မြောက်ပိုင်း ကီလိုမီတာ ၃၀ လောက်မှာ ရှိတဲ့ Mu’er မြို့မှာ Li ရဲ့ ၇ ဧကခွဲလောက် ရှိတဲ့ စပါးခင်းဟာဆိုရင် ပုံမှန် မဟုတ်ဘဲ ရှည်ကြာ ပြင်းထန်တဲ့ အပူချိန်အောက်မှာ ညှိုးနွမ်းနေပါတယ်။ အပူချိန်က ၁၀၇ ဒသမ ၆ ဒီဂရီ ဖာရင်ဟိုက်ထိ မြင့်တက်ပြီး တရုတ်ပြည် အလယ်ပိုင်းက ကောက်ပဲသီးနှံ စိုက်ခင်းတွေဟာ ညှိနွမ်းနေပြီး ယန်ဇီ မြစ်ကြီးလည်း ရေလျော့နည်းသွားပါတယ်။ စပါးစိုက် တောင်သူ Li Siming က အခုလို ပြောပါတယ်။

“ မိုးခေါင်ရေရှား ဖြစ်တော့ ကျနော်တို့ လယ်သမားတွေ အတွက် ရေမရှိပါဘူး။ ဘုရားမှာ ဆုတောင်းလည်း မရ၊ ဒေသဆိုင်ရာ အစိုးရကို ပြောရင်လည်း အစိုးရက ရေ မပေးနိုင်ပါဘူး။ ”

အမေရိကန် ပြည်ထောင်စု အနောက်ပိုင်း၊ ဥရောပနဲ့ အတူ တရုတ်မှာလည်း အပူလှိုင်းဒဏ် ခံနေရပြီး ရေငွေ့ပျံမှု၊ တောမီးလောင်ကျွမ်းမှု၊ လျှပ်စစ်မီး မလုံလောက်မှု၊ ကုန်ထုတ်လုပ်မှုနဲ့ လူတွေလည်း အခက်အခဲတွေ ဖြစ်ကြရပါတယ်။ ဒီနှစ်အတွင်း ကြုံတွေ့ရတဲ့ ပူပြင်းမှုနဲ့ မိုးခေါင်ရေရှားမှုဟာ ဆိုရင် နောက်ထပ် ပိုပြီး ပြင်းထန်တဲ့ ရာသီဥတု အခြေအနေတွေ ထပ်ပြီး ကြုံရမယ့် ရှေ့ပြေးလက္ခာ ဖြစ်တယ်လို့ Greenpeace အဖွဲ့က ရာသီဥတု ဘေးအန္တရာယ် ဆိုင်ရာ သုတေသန ပညာရှင် Li Zhao က ပြောပါတယ်။

“ ရာသီဥတု ပြင်းထန် လွန်ကဲမှုတွေက ပိုပြီး ပြင်းထန်ပြီး အကြိမ်ရေလည်း ပိုပြီး တိုးလာပြီး မသေချာ မရေရာမှုတွေ ဖြစ်လာပါမယ်။ ပြင်းထန်မှု ပြောရမယ်ဆိုရင်တော့ သူ့ရဲ့ အတိုင်းအတာက သိသိသာသာ တိုးလာပါမယ်။ ဆိုလိုတာကတော့ အနာဂတ်မှာ ဖြစ်လာမယ့် လွန်ကဲတဲ့ ရာသီဥတု အခြေအနေတွေဟာ ပိုပြီး ပြင်းထန်ပြီး ပြောင်းလဲမှုတွေကလည်း ပိုပြီး မခန့်မှန်းနိုင် ဖြစ်လာပါမယ်။ ”

မိုးခေါင်ရေရှားမှု အတွင်း အနီးမှာ ရှိတဲ့ ရေလှောင်ကန်ကလည်း အကန့်အသတ်နဲ့ဘဲ ရေးပေးဝေတယ်လို့လည်း လယ်သမား Li က ပြောပါတယ်။ သူ့ စပါးခင်း အတွက် ရနေတဲ့ ရေကို သစ်သီး စိုက်ခင်းတွေဘက်ကို လွှဲပေးတာကြောင့် သူ့စပါးခင်းကို ဈေးကြီးတဲ့ တွင်းရေ သုံးရတယ်လို့လည်း သူက ပြောပါတယ်။
“ ဘုံဘိုင်ရေ သွယ်တဲ့ ပိုက်လိုင်းပါ။ ရေက အခမဲ့ မဟုတ်ပါဘူး။ ရေ တတန်ကို ၃ ယွမ်ခွဲ ကနေ ၄ ယွမ်ခွဲလောက် ပေးရပါတယ်။ တခြား နည်းလမ်းလည်း မရှိပါဘူး။ ”

“ အရင်တုန်းက မိုးခေါင်ရေရှား ဖြစ်ရင် တောင်ပေါ်မှာ ရေလှောင်ကန် ရှိပါတယ်။ ဒီမနက်ဘဲ သွားကြည့်ခဲ့ပါသေးတယ်။ တကယ်လို့ ရေလှောင်ကန်က ရေပေးမယ် ဆိုရင်တော့ အနည်းဆုံး သီးနှံ နည်းနည်းတော့ ဆွတ်ခူးနိုင်မှာပါ။ ပုံမှန်ကတော့ ၂ ဧကခွဲလောက်ကို ၄၀၀ ကီလိုဂရမ်ကနေ ၄၅၀ ကီလိုဂရမ် လောက် ရနေတာကနေ အခုဆိုရင်တော့ ၂၀၀ ကီလိုဂရမ် ဒါမှမဟုတ်လည်း ၂၅၀ ကီလိုဂရမ်လောက် တောင် ထွက်မယ့်ပုံ မရှိပါဘူး။”

၁၉၆၁ ခုနှစ်မှာ စတင် မှတ်တမ်းတင်ခဲ့ချိန် နောက်ပိုင်း တရုတ်နိုင်ငံမှာ အပြင်းထန်ဆုံး အပူလှိုင်း ဖြစ်တယ်လို့လည်း တရုတ် မိုးဇလ ပညာရှင်တွေက ပြောပါတယ်။ အခုဆိုရင် သုံးလ တာ ကာလထဲကို ရောက်လာခဲ့ပြီး ၂၀၁၃ ခုနှစ်က ၆၁ ရက်ရှည်ကြာခဲ့တဲ့ စံချိန်ကို ကျော်လွန်သွားပါပြီ။

တရုတ် တောင်ပိုင်းက ကျေးရွာတွေနဲ့ မြို့တွေမှာ အပူချိန်က ၄၀ ဒီဂရီ စင်တီဂရိတ်ကို ကျော်လွန်ပါတယ်။ ချုံကင်းမြို့ကြီးကတော့ အထူးသဖြင့် ဒဏ်ခံရပါတယ်။
ချုံကင်း မြို့စွန်ပိုင်းမှာ နေထိုင်ကြသူတွေကတော့ အပူဒဏ်ကို ရှောင်ဖို့ လေကြောင်းရန် ခိုလှုံရေး အဆောက်အအုံတွေမှာ သွားနေကြပါတယ်။

မြို့ လမ်းမကြီး တလျှောက် အမိုးခုံး ပုံစံ အဝင်ဂိတ်ကနေ အထဲကို ဝင်သွားရင်တော့ လှိုင်ခေါင်းထဲမှာ ဖွင့်ထားတဲ့ စားသောက်ဆိုင်တွေရဲ့ ဒါဇင်နဲ့ချီတဲ့ စားပွဲတွေမှာ ချွေးတလုံးလုံးနဲ့ မြို့ခံတွေဟာ ငရုတ်သီး စပ်စပ်နဲ့ ဟော့ပေါ့ စားကြပါတယ်။ ဒီ လေကြောင်းရန် ကာကွယ်ရေး ခိုလှုံရေး စခန်းတွေကို ဒုတိယ ကမ္ဘာစစ် ကာလက တည်ဆောက်ခဲ့တာပါ။ အဲဒီ အချိန်က ကူမင်တန် ဦးဆောင်တဲ့ အစိုးရက ယာယီမြို့တော် အဖြစ် တည်ဆောက်ထားတဲ့ ချုံကင်းမြို့ကို ဂျပန်တို့ ဝင်ရောက်စီးနင်းချိန် ဖြစ်ပါတယ်။
ဂျပန် စစ်တပ်ရဲ့ ဗုံးကျဲတဲ့ ဒဏ်ကနေ ကာကွယ်ဖို့ အတွက် တောင်စောင်းတွေမှာ လှိုင်ခေါင်းတွေ တူးခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလှိုင်ခေါင်းတွေထဲမှာ အပူချိန်က ၂၀ ဒီဂရီ စင်တီဂရိတ်လောက်ဘဲ ရှိတာကြောင့် ဒီလှိုင်ခေါင်းတွေဟာ ဟော့ပေါ့ စားဖို့ သင့်တော်တဲ့ နေရာ အဖြစ် ၁၉၇၀ ပြည့်လွန်နှစ်တွေ နောက်ပိုင်းမှာ ကတည်းက သုံးလာတာ ဖြစ်ပါတယ်။

“ ဒီ ခိုလှုံရေး စခန်းတွေမှာ လာပြီ နွေ အပူကို ရှောင်ပါတယ်။ စစ် အတွင်းတုန်းကတော့ ဒီနေရာတွေကို ဗုံးခိုဖို့ လူတွေက သုံးကြပါတယ်။ အခုတော့ ဒီနေရာတွေက ဘယ်သူမှ မသုံးတော့ဘဲ တချို့က hot pot ဆိုင်တွေ လာဖွင့်ထားကြပါတယ်။ ဒီမှာက အေးပါတယ်။ နွေရာသီမှာ နေလို့ ကောင်းတဲ့ နေရာပါ။”

“ ဒီနွေရာသီက တအား ပူပြင်းတာကြောင့် တချို့ နေရာတွေမှာ ခန ခန ရေပြတ်ပါတယ်။ ဂျန်လင်း မြစ်မှာ ရေ တဝက်လောက် လျော့သွားပါတယ်။ ”

ယန်ဇီ မြစ်နဲ့ သူ့ရဲ့ အဓိက မြစ်လက်တက် ဂျန်လင်း မြစ်တို့မှာ အပူလှိုင်းဒဏ်ကြောင့် အကြီးအကျယ် ရေကျသွားပြီး တချိန်က ရေအောက်မှာ ရှိခဲ့တဲ့ ကျောက်ဆောင်တွေ ပေါ်လာပါတယ်။ စူးစမ်းချင်တဲ့ မြို့ခံတွေကတော့ မြစ်ကြမ်းပြင်မှာ ဓာတ်ပုံသွားရိုက်၊ ရေကူး ငါးဖမ်း လုပ်ကြပါတယ်။ ရေအားလျှပ်စစ် ဓာတ်အားပေးဝေနိုင်မှုလည်း မူလကထက် ထက်ဝက်လောက် လျော့ကျသွားပြီး လေအေးစက် အသုံးက များလာပါတယ်။ လူထု အတွက် လျှပ်စစ်မီး ပေးနိုင်ရေး အတွက် chips ပြားတွေ၊ နေရောင်ခြည်သုံး ဆိုလာပြားတွေနဲ့ ကားပစ္စည်းတွေ ထုတ်လုပ်ကြတဲ့ စီချွမ်းနဲ့ ချုံကင်းက ထောင်နဲ့ချီတဲ့ စက်ရုံတွေကိုလည်း ပိတ်ခိုင်းခဲ့ပါတယ်။ Greenpeace အဖွဲ့က ရာသီဥတု ဘေးအန္တရာယ် ဆိုင်ရာ သုတေသန ပညာရှင် Li Zhao က အခုလို ပြောပါတယ်။

“ ဒီနှစ်မှာ ရေအားလျှပ်စစ်ထုတ်လုပ်ရေး စက်ရုံတွေကို ရေပေးဝေနိုင်မှုက ၄၀ ရာခိုင်နှုန်း လျော့ကျသွားပြီး ဒါကြောင့် ဓာတ်အား ထုတ်လုပ်မှုလည်း လျော့ကျသွားပါမယ်။ ဓာတ်အား လိုအပ်ချက်က များလာပြီး ဓာတ်အား ထုတ်လုပ်မှုက လျော့သွားတာကြောင့် စီချွမ်းက စက်ရုံတွေနဲ့ စီးပွားရေး ဆိုင်ရာ အဆောက်အအုံတွေကို ဓာတ်အား ကန့်သတ်ရတဲ့ အထိ ဖြစ်စေခဲ့ပါတယ်။ စက်မှု ကုန်ထုတ်လုပ်ငန်း၊ ကုန်သွယ်မှုနဲ့ လူတွေရဲ့ နေထိုင်မှုတွေ အပေါ်မှာ အကြီးအကျယ် ရိုက်ခတ် သက်ရောက်စေပါတယ်။ ”

XS
SM
MD
LG