အစ္စရေး အလယ်ပိုင်း ဟက်ဇ်ဘိုလာတွေ တိုက်ခိုက်

An Israeli policeman stands guard in front of a damaged building following a rocket attack from southern Lebanon that targeted the central Israeli-Arab city of Tira, on November 2, 2024, amid the ongoing war between Israel and Hezbollah. (Photo by JACK GUEZ / AFP) နိုဝင်ဘာ ၂ ရက်က လက်ဘနွန်တောင်ပိုင်းက ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေ ကျရောက်ခဲ့တဲ့ အစ္စရေး အလယ်ပိုင်း တီရာမြို့က ပျက်စီးသွားတဲ့ အဆောက်အအုံ

ပြီးခဲ့တဲ့ သီတင်းပတ်က အစ္စရေးရဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်မယ်လို့ အီရန်ခေါင်းဆောင်ကြီးက ကတိပြုထားချိန်မှာပဲ စနေနေ့က အစ္စရေး အလယ်ပိုင်းဒေသ အတိုက်ခိုက်ခံခဲ့ရပြီး Tira မြို့ကလေးမှာတော့ ၁၁ ဦး ဒဏ်ရာရခဲ့ပါတယ်။

စနေနေ့ အရုဏ်မတက်ခင်မှာ အစ္စရေး အလယ်ပိုင်းဒေသကို လက်ဘနွန်ဘက်ကနေ တရစပ် ပစ်ခတ်တာခံခဲ့ရပြီး လေကြောင်း အချက်ပေးသံတွေ ဆူညံသွားခဲ့တာပါ။ ပစ်ခတ်မှု အများအပြားကို အစ္စရေး လေကြောင်းကာကွယ်ရေး စနစ်က ဖျက်ချနိုင်ခဲ့ပြီး တချို့က လူနေကြဲတဲ့ နေရာတွေမှာ ကျရောက်ခဲ့တာ ဖြစ်ပါတယ်။

အာရပ် - အစ္စရေးတွေ အများစုနေထိုင်တဲ့ Tira မြို့က ၃ ထပ်တိုက် အဆောကအအုံတခုကို တိုက်ရိုက်ထိမှန်တာကြောင့် မှန်ကွဲတွေလွင့်စင် ထိမှန်ပြီး ၁၁ ဦးဒဏ်ရာရခဲ့တယ်လို့ MDA အရေးပေါ်ကူညီရေးဌာနက ပြောပါတယ်။

လက်ဘနွန်က အီရန်အထောက်အပံ့ ပေးထားတဲ့ ဟက်ဇ်ဘိုလာ (Hezbollah) အဖွဲ့ကတော့ သူတို့ဟာ အစ္စရေး အလယ်ပိုင်းနဲ့ မြောက်ပိုင်းက စစ်တပ်နဲ့ ထောက်လှန်းရေး အဆောက်အအုံတွေကို ပစ်မှတ်ထားပြီး ဖောက်ခွဲရေး ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ စနေနေ့မှာ ပြောပါတယ်။

Tel Aviv မြို့ စွန်က အစ္စရေး စစ်တပ်အခြေစိုက်စခန်း အပါအဝင် စစ်တပ် အဆောက်အအုံတွေ ကိုရော အစ္စရေး အလယ်ပိုင်းက Palmachim လေတပ် အခြေစိုက်စခန်းကိုပါ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ တယ်လို့လည်း ပြောပါတယ်။

အစ္စရေး စစ်တပ်ကတော့ ဟက်ဇ်ဘိုလာ တွေ ပြောကြားတဲ့ ပစ်မှတ်တွေ ထိမှန်မှု ရှိမရှိ အတည်ပြု ပြောဆိုတာ မရှိပါဘူး။ ဟက်ဇ်ဘိုလာ တွေက အစ္စရေး မြောက်ပိုင်းက မြို့တွေကို ရော့ကက်နဲ့ ပစ်ခတ်ခဲ့တယ်လို့လည်း ပြောပါတယ်။

တချိန်ထဲမှာပဲ အစ္စရေးက ဘေရွတ်တောင်ပိုင်း ဆင်ခြေဖုံး ဒေသကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အတွက် ၁၁ ဦး ဒဏ်ရာရခဲ့တယ်လို့ လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

Your browser doesn’t support HTML5

အစ္စရေး အလယ်ပိုင်း ဟက်ဇ်ဘိုလာတွေ တိုက်ခိုက်