မြန်မာ့စီးပွားရေးအလားအလာအပေါ် ADB စိုးရိမ်

ဖေဖော်ဝါရီလ ၂ ရက်နေ့ ရန်ကုန်မြို့ရှိ ဈေးတခု မြင်ကွင်း။ (ဖေဖော်ဝါရီ ၀၂၊ ၂၀၂၁)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ကန့်ကွက်ကြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက် ပစ်ခတ်တဲ့အတွက် ရာနဲ့ချီတဲ့ အရပ်သားပြည်သူတွေ သေဆုံးခဲ့ရတဲ့ဖြစ်ရပ်တွေကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေး အလားအလာအပေါ် စိုးရိမ် ပူပန်မိကြောင်း ADB အာရှဖွံ့ဖြိုးရေးဘဏ်အကြီးအကဲ Masatsugu Asakawa က ရိုက်တာသတင်းဌာနနဲ့ ပြုလုပ်တဲ့ မေးမြန်းခန်းမှာ ပြောပါတယ်။

“မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့တဲ့ လူမှုစီးပွား ဖွံ့ဖြိုးမှုကို ကြီးမားတဲ့ ရိုက်ခတ်မှုတွေ ဖြစ်စေနိုင်တဲ့အလားအလာတွေ ဖြစ်နေတာကြောင့် ကျနော့်အနေနဲ့ မြန်မာနိုင်ငံထဲက အခြေအနေတွေအပေါ် အထူးပဲ စိုးရိမ် ပူပန်မိပါတယ်။” လို့ ADB အကြီးအကဲက ပြောပါတယ်။

SEE ALSO: PSI ဂြိုဟ်တုစလောင်းတွေ ဖြုတ်သိမ်းခံနေရ

မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေးအစီအစဉ်တွေအတွက် ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်တွေအကြား အာရှဖွံ့ဖြိုးရေးဘဏ်က အမေရိကန်ဒေါ်လာ ၂.၄ ဘီလီယံ ချေးထားပေးပြီး ဖြစ်ပါတယ်။

ဒါပေမဲ့ စစ်တပ်က ဖေဖော်ဝါရီလမှာ အာဏာသိမ်းလိုက်တာကြောင့် မြန်မာနိုင်ငံအတွက် ချထားပေးဖို့ရှိတဲ့ ရန်ပုံငွေတွေကို ဖေဖော်ဝါရီလကစလို့ ADB က ယာယီ ဆိုင်းငံ့ထားလိုက်ပါတယ်။

နိုင်ငံတကာက အလှူရှင်တွေ၊ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေး ပြောဆိုမှုတွေ လုပ်ဆောင်နေတဲ့ တချိန်ထဲမှာပဲ မြန်မာနိုင်ငံတွင်းက အခြေအနေတွေ တိုးတက်ပြောင်းလဲလာမှုအပေါ် မူတည်ပြီး သူတို့အနေနဲ့ တုံ့ပြန်သွားမယ်လို့လည်း ADB အကြီးအကဲ Masatsugu Asakawa က ပြောပါတယ်။

Your browser doesn’t support HTML5

မြန်မာ့စီးပွားရေးအလားအလာအပေါ် ADB စိုးရိမ်

[Unicode Version]




SEE ALSO: မြန်မာနိုင်ငံတွင်း အခြေခံစားကုန်ဈေးတက်ပြီး စားဝတ်နေရေးကြပ်တည်းလာ


