Alexey Navalny နောက်ဆုံးခရီး လူ ထောင်ချီ လိုက်ပါပို့ဆောင်

Alexey Navalny နောက်ဆုံးခရီးလာရောက်ပို့ဆောင်ကြသူများ (မတ် ၁၊ ၂၀၂၄)

ရုရှားအကျဉ်းထောင်ထဲမှာ လွန်ခဲ့တဲ့ သီတင်း ၂ ပတ်က သေဆုံးသွားတဲ့ အတိုက်အခံခေါင်းဆောင် Alexey Navalny ရဲ့ အသုဘအခမ်းအနားကို မိသားစုက မော်စကိုမြို့တော်မှာ ဒီ‌နေ့ကျင်းပခဲ့ပါတယ်။ အသုဘအခမ်းအနားကျင်ပတဲ့ ဘုရားရှိခိုးကျောင်းအပြင်မှာရော သူ့ရဲ့ရုပ်အလောင်းကို မြှုပ်နှံတဲ့ သင်္ချိုင်းအပြင်မှာပါ လုံခြုံရေးတွေ အထူအထပ်ချထားတဲ့ကြားက သူ့ရဲ့နောက်ဆုံးခရီးကို လာရောက်နှုတ်ဆက်သူ ထောင်နဲ့ချီရှိခဲ့ပါတယ်။

မော်စကို အရှေ့တောင်ပိုင်း အရင် Navalny နေထိုင်ခဲ့တဲ့နေရာနားက ဘုရားရှိခိုးကျောင်းထဲမှာ ဝတ်ပြုပွဲအခမ်းအနားကို နိုင်ငံခြားသံတမန်တချို့တက်ရောက်ခဲ့ကြတဲ့ထဲမှာ အမေရိကန် သံအမတ်ကြီးလည်းပါတယ်လို့ ဘုရားကျောင်းအပြင်မှာရှိနေတဲ့ နိုင်ငံခြားသတင်းထောက်တွေက ပြောပါတယ်။ ဝတ်ပြုပွဲအခမ်းအနားအပြီး သူ့ရဲ့ရုပ်အလောင်းကို အနားက သင်္ချိုင်းကို သယ်ယူသွားပြီး မမြှုပ်နှံခင် အခေါင်းကို မိသားစုက ဖွင့်ပေးထားတဲ့အတွက် လာရောက်နှုတ်ဆက်ကြတဲ့ အများပြည်သူ ရုပ်အလောင်းကို မြင်တွေ့ခွင့်ရခဲ့ကြပါတယ်။

Alexey Navalny နောက်ဆုံးခရီးလာရောက်ပို့ဆောင်ကြသူများ (မတ် ၁၊ ၂၀၂၄)

အာတိတ်စက်ဝိုင်းမြောက်ပိုင်းမှာရှိတဲ့ ရုရှားအကျဉ်းစခန်းကြီးထဲမှာ Navalny သေဆုံးသွားခဲ့ပြီးနောက်၊ သူ့ရုပ်အလောင်းကို သူ့အမေကို အာဏာပိုင်တွေက ချက်ချင်း ကြည့်ရှုခွင့် မပေးခဲ့သလို၊ အစပိုင်းမှာလည်း အကျဉ်းရုံးအသုဘချဖို့ မိခင်ဖြစ်သူကို အကျပ်ကိုင်ခဲ့တယ်လို့ မိသားစုကပြောပါတယ်။ သူဘာကြောင့် သေဆုံးခဲ့သလဲဆိုတာ ခုချိန်ထိ ရှင်းရှင်လင်းလင်း မသိရသေးပါဘူး။ အရင် Navalny နေသွားခဲ့တဲ့ Maryino ခရိုင်ထဲမှာ အသုဘချခွင့် အာဏာပိုင်တွေဆီက မရခင် သူ့ရဲ့အသုဘအခမ်းအနားကျင်းပဖို့ မော်စကိုမြို့တော်မှာရှိတဲ့ ဘုရားရှိခိုးကျောင်းတချို့က လက်မခံခဲ့ကြဘူးလို့ သူ့လုပ်ဖော်ကိုင်ဖက်တွေက ပြောပါတယ်။

Alexey Navalny သေဆုံးကြောင်းသတင်းထွက်လာခဲ့ပြီးနောက် မော်စကိုမြို့ထဲမှာ ပန်းတွေ ဖယောင်းတိုင်တွေထွန်းပြီး ဝမ်းနည်းကြောင်း ပြသခဲ့သူ ၁၀၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။ ဒီနေ့လည်း ဖမ်းခံရနိုင်တဲ့ အန္တရာယ်ကြားကနေ ထောင်နဲ့ချီ သူ့ရဲ့နောက်ဆုံးခရီးကို ပို့ဆောင်ခဲ့ကြပါတယ်။

Alexey Navalny နောက်ဆုံးခရီးလာရောက်ပို့ဆောင်ကြသူများ (မတ် ၁၊ ၂၀၂၄)

Your browser doesn’t support HTML5

Alexey Navalny နောက်ဆုံးခရီး လူ ထောင်ချီ လိုက်ပါပို့ဆောင်