သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားအတိုက်အခံလှုပ်ရှားမှု ဦးဆောင်သွားမယ်လို့ Navalny ဇနီး ကြုံးဝါး


 ဝေးလံခေါင်ဖျားက အကျဥ်းထောင်ထဲမှာကွယ်လွန်သွားတဲ့ ရုရှားအတိုက်အခံခေါင်းဆောင် Alexey Navalny ရဲ့ ကျန်ရစ်သူဇနီးသည် Yulia Navalnaya ကို ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့ လုံခြုံရေးကောင်စီညီလာခံမှာ တွေ့ရစဥ်။ (ဖေဖေါ်ဝါရီ ၁၆၊ ၂၀၂၄)
ဝေးလံခေါင်ဖျားက အကျဥ်းထောင်ထဲမှာကွယ်လွန်သွားတဲ့ ရုရှားအတိုက်အခံခေါင်းဆောင် Alexey Navalny ရဲ့ ကျန်ရစ်သူဇနီးသည် Yulia Navalnaya ကို ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့ လုံခြုံရေးကောင်စီညီလာခံမှာ တွေ့ရစဥ်။ (ဖေဖေါ်ဝါရီ ၁၆၊ ၂၀၂၄)

ကွယ်လွန်သွားပြီဖြစ်တဲ့ရုရှားအတိုက်အခံခေါင်းဆောင် Alexey Navalny ရဲ့ကျန်ရစ်သူဇနီးသည် Yulia Navalnaya က သူ့ခင်ပွန်းရဲ့ အလုပ်တွေဆက်ပြီး လုပ်ကိုင်သွားမှာဖြစ်သလို ရုရှားနိုင်ငံလွတ်လပ်မှုအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ တနင်္လာနေ့မှာပြောပါတယ်။ သူနဲ့အတူရပ်တည်ကြပါလို့လည်း Yulia က တိုက်တွန်းတောင်းဆိုသွားပါတယ်။

"ကျမ ခင်ပွန်းကို ဗလာဒီမီယာ ပူတင်က သတ်ဖြတ်ခဲ့တာပါ" လို့လည်း အွန်လိုင်းဗွီဒီယိုမှာ ပြောထားပါတယ်။ အရေးအကြီးဆုံးကတော့ Alexey နဲ့ကျမတို့အားလုံး အရင်ကထက်ပိုပြီး ရဲရဲဝံ့ဝံ့ ဆက်လက်တိုက်ပွဲဝင်သွားကြဖို့ပဲလိုတယ်လို့လည်း ပြောဆိုထားပါတယ်။ အာတိတ်စက်ဝိုင်းအနီးက အကျဥ်းထောင်မှာ ပြီးခဲ့တဲ့သောကြာနေ့က အတိုက်အခံခေါင်းဆောင် Navalny သေဆုံးခဲ့တဲ့အပေါ် ပြည်တွင်းမှာရော နိုင်ငံတကာကပါ စိတ်ဆိုးဒေါသထွက်ခဲ့ကြတာပါ။

Navalny သေဆုံးမှုအတွက် အနောက်နိုင်ငံခေါင်းဆောင်တွေက ရုရှားအစိုးရကို လက်ညှိုးထိုးကြသလို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကတော့ Navalny သေဆုံးမှုမှာ သမ္မတပူတင်တာဝန်ရှိတယ်လို့ သောကြာနေ့က ပြောပါတယ်။ Navalny ကြုံခဲ့ရဖြစ်ရပ်ဟာ ပူတင်ရဲ့ ရက်စက်ကြမ်းကြုတ်မှုရဲ့ သက်သေပဲလို့ပြောပါတယ်။ ဥရောပသမဂ္ဂနိုင်ငံခြားရေးမူဝါဒအကြီးအကဲ Josep Borrell ကလည်း Navalny ကွယ်လွန်ခဲ့ရတဲ့အပေါ် အလွန်ဝမ်းနည်းမိကြောင်း၊ Vladimir Putin နဲ့ သူ့ရဲ့အာဏာရှင်အစိုးရအဖွဲ့က တာဝန်ခံရလိမ့်မယ်လို့ X လူမှုစာမျက်နှာမှာ တနင်္လာနေ့က ဖော်ပြထားပါတယ်။

ရုရှားအစိုးရကတော့ စွပ်စွဲချက်ကို ပြင်းပြင်းထန်ထန်ငြင်းဆိုပါတယ်။ ရုရှားအစိုးရပြောခွင့်ရ Dmitry Peskov ကလည်း အဲဒီစွပ်စွဲချက်တွေကို လက်မခံနိုင်ကြောင်း၊ Navalny သေဆုံးမှုကို စုံစမ်းစစ်ဆေးနေတယ်လို့ ပြောပါတယ်။

ရုရှားအတိုက်အခံလှုပ်ရှားမှု ဦးဆောင်သွားမယ်လို့ Navalny ဇနီး ကြုံးဝါး
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG