"လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင် အာဖရိကတနိုင်ငံရဖို့ မျှော်လင့်" ကုလအတွင်းရေးမှူးချုပ်

Africa UN Security Council

Africa UN Security Council

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အမြဲတမ်းနေရာတနေရာကို အာဖရိကတနိုင်ငံက မကြာမီ ရရှိမယ်လို့မျှော်လင့်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က တနင်္ဂနွေနေ့မှာ ပြောပါတယ်။ အမြဲတမ်းအဖွဲ့ဝင်ငါးနိုင်ငံက အဆိုပြုချက်ကို ထောက်ခံလိုက်ပြီးတဲ့နောက် မစ္စတာ အင်န်တိုနီယို ဂူတားရက်စ်က ခုလို ပြောလိုက်တာပါ။

လုံခြုံရေးကောင်စီမှာ အာဖရိကတနိုင်ငံ အဖွဲ့ဝင်နိုင်ငံအဖြစ် မပါဝင်တာဟာ ပြောင်ပြောင်တင်းတင်း မတရားမှုဖြစ်တယ်လို့ ယူဂန္ဓာနိုင်ငံ ကမ်ပါလာမြို့မှာ သတင်းထောက်တွေကို အတွင်းရေးမှူးချုပ်က ပြောပါတယ်။ အမြဲတမ်းအဖွဲ့ဝင်အဖြစ် အနည်းဆုံး အာဖရိကတနိုင်ငံရှိဖို့ တခြား အမြဲတမ်းအဖွဲ့ဝင်တွေက လိုလားကြပါတယ်လို့လည်း သူက ဆိုပါတယ်။ ဒီလိုရမယ်ဆိုတာ အာမခံချက်တော့ မရှိသေးပါဘူးလို့လည်း သူက ပြောလိုက်ပြီး ခုလို ပြောင်ပြောင်တင်းတင်း မတရားတာကိုပြင်ဖို့အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ပြုပြင်ပြောင်းလဲရေးက တစိတ်တပိုင်းဖြစ်နိုင်ပါတယ်လို့ မစ္စတာ အင်န်တိုနီယို ဂူတားရက်စ်က ပြောပါတယ်။

လုံခြုံရေးကောင်စီကို ပိုမိုကျယ်ပြန့်စွာဖွဲ့စည်းဖို့ အာဖရိကနိုင်ငံတွေက တွန်းအားပေးနေခဲ့တာပါ။ လုံခြုံရေးကောင်စီဟာ စစ်ရေးအရ အရေးယူနိုင်သလို ပိတ်ဆို့အရေးယူတာကိုလည်း ဆုံးဖြတ်ချမှတ်နိုင်တဲ့ ကုလသမဂ္ဂရဲ့ တခုတည်းသော လုပ်ပိုင်ခွင့်နေရာဖြစ်ပါတယ်။

Your browser doesn’t support HTML5

"လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင် အာဖရိကတနိုင်ငံရဖို့ မျှော်လင့်" ကုလအတွင်းရေးမှူးချုပ်