ထိုင်းမြန်မာနယ်စပ်မြို့က ရှစ်လေးလုံးအခမ်းအနား

၃၆ နှစ်မြောက် (၈) လေးလုံးနေ့အခမ်းအနား ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ကျင်းပစဥ်။ (ဓာတ်ပုံ ဗွီအိုအေ/၈၊၈၊၂၀၂၄)

ရှစ်လေးလုံးအရေးတော်ပုံနှစ်ပတ်လည်နေ့ကို အထိမ်းအမှတ်ပုံစံအမျိုးမျိုးနဲ့ ပြည်တွင်းပြည်ပမှာ တက်ကြွလှုပ်ရှားသူတွေ ဦးဆောင်ပြုလုပ်နေသလို ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာလည်း အခမ်းအနားတခုပြုလုပ်ခဲ့ပါတယ်။ ထိုင်းမြန်မာနယ်စပ်ကနေ မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ်မှာ (၈) လေးလုံး အရေးတော်ပုံအထိမ်းအမှတ်ပွဲတွေကို နေရာအနှံ့မှာ မြန်မာ့အရေး တက်ကြွ လှုပ်ရှားသူတွေက ပုံသဏ္ဍန်မျိုးစုံနဲ့ ကျင်းပခဲ့ကြပါတယ်။ မဲဆောက်မြို့မှာတော့ စာသင်ကျောင်းတွေမှာလည်း ကျင်းပကြသလို အစုအဖွဲ့လေးတွေနဲ့လည်း စုစည်းကျင်းပကြတာတွေ့ရပါတယ်။ ၈၈ မျိုးဆက်တွေနဲ့ CDM ဝန်ထမ်းတွေဦးဆောင်တဲ့ပွဲမှာ ဟောပြောပွဲ၊ ကဗျာရွတ်ပွဲ၊ တော်လှန်သီချင်းများနဲ့ ဖျော်ဖြေပွဲတွေလည်း လုပ်ခဲ့ပါတယ်။

“၃၆ နှစ်မြောက် (၈) လေးလုံး အရေးတော်ပုံ နှစ်ပတ်လည်ပွဲကို တက်ရောက်ဖျော်ဖြေခဲ့တဲ့ ၈၈ မျိုးဆက် အဆိုတော်တူးတူးရဲ့ဖျော်ဖြေမှုဖြစ်ပါတယ်။ ဒီပွဲကိုဦးဆောင်ခဲ့တဲ့ ၈၈ မျိုးဆက်လည်းဖြစ်၊ သမိုင်းသုတေသန ဦးစီးဌာနက ညွှန်ကြားရေးမှူးတာဝန်နဲ့ CDM လုပ်လာတဲ့ ဒေါက်တာထားထားပါကတော့ အခုလို ပြောပြခဲ့ပါတယ်။

“အဓိကတော့ ကိုယ်တိုင်က ၈၈ ရဲ့မျိုးဆက်တွေဖြစ်တဲ့အပြင် အခု နွေဦးတော်လှန်ရေးအထိ ကျမတို့က CDM အနေနဲ့ပါဝင်လာတယ်။ ၈၈ အရေးတော်ပုံက ၃၆ နှစ်ပြည့်တာတောင် အခုချိန်အထိ မငြိမ်းချမ်းတဲ့အပြင် ပိုဆိုး လာတယ်။ ဒီအတွက် စစ်အာဏာရှင်စနစ်ကို ဒီတကြိမ်မှာ ကျမတို့ဟာ အပြီးတိုင် နောက်ဆုံးတိုက်ပွဲအနေနဲ့ တိုက်ချင်ပါတယ်။ နွေဦးတော်လှန်ရေးကလည်း ၃ နှစ်ဖြစ်လာတော့ လူတွေ အာရုံစိုက်မှုတွေ လျော့နည်းသွားမှာ ကျမတို့ကစိတ်ပူပါတယ်။ ဒီ (၈) အခမ်းအနားကနေ တပ်လှန့်နှိုးဆော်တဲ့ရည်ရွယ်ချက်တွေနဲ့ ကျမတို့လုပ်တာပါရှင်။”

(၈) လေးလုံး အရေးတော်ပုံပွဲတွေကို ထိုင်းမြန်မာနယ်စပ်မှာတော့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့၊ New Myanmar Foundation နဲ့ တက်ကြွလှုပ်ရှားသူအစုအဖွဲ့တွေက နေရာအနှံ့မှာကျင်းပပြုလုပ်ခဲ့ပါတယ်ရှင်။

Your browser doesn’t support HTML5

ထိုင်းမြန်မာနယ်စပ်မြို့က ရှစ်လေးလုံးအခမ်းအနား