မြန်မာနိုင်ငံအတွက် အာဆီယံ စာနာမှုအကူအညီပေးရေး အစီအစဉ် ရှေ့သီတင်းပတ်စတင်မည် 

ထိုင်း-မြန်မာ နယ်စပ် မြန်မာဒုက္ခသည်များ (ဇန်နဝါရီ ၇၊ ၂၀၂၂)

မြန်မာနိုင်ငံအတွင်းက ထွက်ပြေးလာတဲ့ ဒုက္ခသည် နှစ်သောင်းအတွက် မဲဆောက်နဲ့ မြဝတီ အမှတ် ၂ ချစ်ကြည်ရေးတံတားကနေ ကြက်ခြေနီအသင်းတွေကတဆင့် လူသားချင်းစာနာမှုအကူအညီပေးမယ့် အစီအစဉ်တွေ ရှေ့သီတင်းပတ် တနင်္လာနေ့ မတ်လ ၂၅ ရက်နေ့မှာ စတင်မယ့်အကြောင်း ထိုင်းတာဝန်ရှိသူတွေ ပြောဆိုတာကို Bangkok Post သတင်းစာမှာ ရေးသားထားပါတယ်။

လူသားချင်းစာနာမှု အကူအညီပေးအပ်တဲ့ အခမ်းအနားကို လာအိုနိုင်ငံက မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ် Mr. Alounkeo Kittikhoun တက်ရောက်ဖို့ရှိပြီး အကူအညီပေးအပ်တာတွေကို အာဆီယံ အဖွဲ့အစည်းက ကြီးကြပ်သွားမယ့်အကြောင်း သတင်းစာမှာရေးပါတယ်။ မြန်မာနိုင်ငံအတွင်း ပဋိပက္ခအခြေအနေ ပိုပြီး ဆိုးလာတဲ့အတွက် ဒီနှစ်အတွင်း ထိုင်းနိုင်ငံကို နောက်ထပ် မြန်မာနိုင်ငံသား ခြောက်သောင်းနဲ့ ရှစ်သောင်းအကြား ထပ်ရောက်လာနိုင်တယ်လို့လည်း ထိုင်းလုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတွေက ခန့်မှန်းထားပါတယ်။

လောလောဆယ် မြန်မာနယ်ခြားမှာ လူပေါင်း ရှစ်သောင်းလောက်အထိ လက်ခံကြိုဆိုနိုင်တဲ့ ယာယီခိုလှုံရေးစခန်း ၁၂၃ ခု ဖွင့်ထားတဲ့အကြောင်း Bagkok Post သတင်းစာမှာ ရေးပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ လူငယ်တွေ စစ်မှု မထမ်းမနေရ အမိန့်ကို အသက်သွင်းလာတာ၊ လက်နက်ကိုင် တိုက်ပွဲတွေ ပိုများလာတာကြောင့်လည်း ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတဲ့ လူငယ်တွေနဲ့ ဒုက္ခသည်တွေ ပိုများလာနေတာပါ။ ထိုင်းနိုင်ငံရဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး အစပျိုး အစီအစဉ်နဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေ ရှိနေသလို စစ်ကောင်စီကို တရားဝင်မှုပေးဖို့ လမ်းခင်းပေးတာမျိုး မဖြစ်သင့်ဘဲ၊ တိုင်းရင်းသားအဖွဲ့တွေ၊ အကူအညီပေးရေးအဖွဲ့တွေနဲ့ လက်တွဲဆောင်ရွက်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေ တောင်းဆိုနေကြပါတယ်။

Your browser doesn’t support HTML5

မြန်မာနိုင်ငံအတွက် အာဆီယံ စာနာမှုအကူအညီပေးရေး အစီအစဉ် ရှေ့သီတင်းပတ်စတင်မည်