မြန်မာပြန်လည်တည်ငြိမ်ရေး ASEAN နဲ့ လုပ်ဆောင်မည် - တရုတ်နိုင်ငံခြားရေးဝန်ကြီး

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi. (စက်တင်ဘာ ၁၊ ၂၀၂၀)

(Zawgyi / Unicode)

မြန်မာ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို အားပေးပြီး အခြေအနေ ပြန်ပြီး တည်ငြိမ်လာစေရေး လုပ်နိုင်သမျှ အားလုံးလုပ်သွားဖို့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) နဲ့ လက်တွဲလုပ်ဆောင်သွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Teodoro Locsin နဲ့ တရုတ်နိုင်ငံအရှေ့ပိုင်း၊ Fujian ပြည်နယ်၊ Nanping မြို့မှာ သောကြာနေ့က တွေ့ဆုံဆွေးနွေးချိန်အတွင်း တရုတ် နိုင်ငံတော်ကောင်စီဝင်လည်းဖြစ်သူ Wang Yi က အဲဒီလိုပြောခဲ့တာပါ။

ဝန်ကြီး Wang Yi ဟာ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan၊ မလေးရှား နိုင်ငံခြားရေးဝန်ကြီး Hishammuddin Hussein၊ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi၊ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး Locsin တို့နဲ့ ဗုဒ္ဓဟူးနေ့ကနေ သောကြာနေ့အတွင်း နန်ပင်းမြို့မှာ သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့တာပါ။

SEE ALSO: ကန်၊ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံတော်လုံခြုံရေး အကြံပေးများ မြန်မာ့အရေး ဆွေးနွေး

မြန်မာနိုင်ငံတွင်း သက်ဆိုင်သူအားလုံး အနေနဲ့ သဘောထား ကွဲပြားမှုတွေကို အခြေခံဥပဒေနဲ့ တရားရေးမူဘောင်အတွင်းကနေ ဆွေးနွေးဖြေရှင်းပြီး နိုင်ငံရေးအဖြေရှာဖို့၊ ခက်ခက်ခဲခဲ ရယူထားရပြီး မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ရှေ့ဆက်ဖြစ်ထွန်းစေဖို့ တရုတ်နိုင်ငံက ထောက်ခံကြောင်းလည်း ဝန်ကြီး Wang Yi က ပြောပါတယ်။

မြန်မာ့အရေးဆွေးနွေးဖို့ အာဆီယံ ထိပ်သီးအစည်းအဝေး စောလျင်စွာ ကျင်းပနိုင်ရေးကိုလည်း တရုတ်က ထောက်ခံတယ်လို့ ဝန်ကြီး Wang Yi က ပြောပါတယ်။

မြန်မာ့အခြေအနေ ပိုဆိုးမလာရေး ဒါမှမဟုတ် ထိန်းမရတဲ့ အခြေအနေ ရောက်မသွားစေရေး နောက်ထပ် သွေးထွက်သံယို မဖြစ်အောင်၊ အရပ်သားတွေ ထိခိုက်သေဆုံးမှု မဖြစ်အောင် ရှောင်ရှားဖို့၊ မြန်မာ့အချုပ်အခြာ အာဏာပိုင်မှုကို ထိခိုက်စေပြီး အခြေအနေ ထပ်ပြီး ရှုပ်ထွေးသွားစေမယ့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက သင့်လျော်မှုမရှိဘဲ ဝင်ရောက်စွက်ဖက်တာမျိုးကို ရှောင်ရှားဖို့နဲ့ သူတို့ကိုယ်ပိုင် အကျိုးအမြတ် ရဖို့အတွက် မြန်မာ့အခြေအနေကို မတည်မငြိမ်ဖြစ်အောင်လုပ်ပြီး မီးလောင်ရာလေပင့်လုပ်မယ့် ပြည်ပအင်အားစု တချို့ကို တားဆီးဖို့ဆိုတဲ့ အချက်သုံးချက်ကို ဝန်ကြီး Wang Yi က ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့်လည်း အဲဒီ ပြည်ပအင်အားစုတချို့ ဆိုတာက ဘယ်သူ ဘယ်နိုင်ငံတွေဆိုတာနဲ့ ဘယ်လိုအကျိုးအမြတ်တွေအတွက် ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ပြောမသွားပါဘူး။

Your browser doesn’t support HTML5

မြန်မာပြန်လည်တည်ငြိမ်ရေး ASEAN နဲ့ လုပ်ဆောင်မည် - တရုတ်နိုင်ငံခြားရေးဝန်ကြီး

-----------------------

(Unicode)





SEE ALSO: မြန်မာ့အခြေနေ တရုတ် အထူးစိုးရိမ်



