ဖိလစ်ပိုင် နိုင်ငံမှာ ဒီသတင်းပတ် အတွင်း ကျင်းပမယ့် အရှေ့တောင် အာရှ နိုင်ငံများအသင်း အာဆီယံ ထိပ်သီး ညီလာခံ အတွက် လုံခြုံရေး တပ်ဖွဲ့တွေ ပြင်ဆင်နေကြပါပြီ။
မြို့တော် မနီလာနဲ့ Clark တို့မှာ နိုဝင်ဘာလ ၁၁ ရက်နေ့ကနေ ၁၆ ရက်နေ့ အထိ ကျင်းပမယ့် အာဆီယံ ထိပ်သီးညီလာခံမှာတော့ အရှေ့တောင်အာရှ နိုင်ငံများ အသင်းဝင် နိုင်ငံ ခေါင်းဆောင်တွေ တက်ရောက်ပြီး ဒေသတွင်းအရေးတွေကို အမေရိကန် သမ္မတ Donald Trump အပါအဝင် မိတ်ဖက်တွေနဲ့ တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။
အာဆီယံ ထိပ်သီး ညီလာခံ တက်ရောက်မယ့် ပြည်ပ ခေါင်းဆောင်တွေရဲ့ လုံခြုံရေး အတွက် တပ်ဖွဲ့ဝင် ၅ သောင်း ၉ ထောင်ချထားမှာ ဖြစ်ပြီး အရေးပါတဲ့ လမ်းမကြီးတွေနဲ့ ဒေသတွကိုလည်း ယာယီ ပိတ်ထားမယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။
Your browser doesn’t support HTML5