(Zawgyi/Unicode)
အရှေ့အာရှ နဲ့ အရှေ့တောင်အာရှက မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေဟာ ကိုဗစ်ကပ်ရောဂါ ကာလမှာ သူတို့ရဲ့ မူးယစ်ဆေးဝါး ဖြန့်ဖြူးမှုတွေကို တိုးမြှင့်ဖို့အတွက် နေရာမျိုးစုံကနေ ထုတ်လုပ်ဖို့ နည်းလမ်းတွေရှာဖွေနေကြပါတယ်လို့ ကုလသမဂ္ဂမူးယစ်ဆေးဝါး တိုက်ဖျက်ရေးဌာန UNODC က မနေ့က ပြောပါတယ်။
အဲဒီလိုအထဲမှာ ကမ္ဘောဒီယားနိုင်ငံမှာလည်း စိတ်ကြွဆေးပြား Methamphetamine အမြောက်အများ ထုတ်လုပ်နေတယ်လို့ပြောပါတယ်။
မြန်မာနိုင်ငံ ရွှေတြိဂံဒေသက စိတ်ကြွဆေးပြားထုတ်လုပ်မူနှုန်းကို မမှီပေမဲ့ ဒေသတွင်းမှာ ကမ္ဘောဒီယားနိုင်ငံရဲ့ ထုတ်လပ်မှုဟာလည်း အရင်ကထက် များပြားလာပါတယ်။
ဒေသတွင်း မူးယစ်ဆေးသုံးစွဲသူတွေက ကြိုက်နှစ်သက်တဲ့ အဲဒီ စိတ်ကြွဆေးပြားတွေကို ကိုဗစ်ကပ်ရောဂါအမြင့်ဆုံးဖြစ်ပွားနေတဲ့ ကာလမှာပဲ ခဏတားဆီးနိုင်ခဲ့ပေမဲ့ အဲဒီမတိုင်ခင် တနှစ်ကာလကအများဆုံးရောင်းဝယ်ခဲ့ကြတဲ့နှုန်းထက် ပိုပြီးတောင်မှ ဖြန့်ဖြူးနေကြတယ်လို့လည်း UNODC မှာ ဖော်ပြထားပါတယ်။
အာရှနိုင်ငံတွေရဲ့ အစိုးရတွေက ဖမ်းဆီးသိမ်းဆည်းမိတဲ့ စိတ်ကြွဆေးပြားတန်ချိန်ပေါင်းက မနှစ်ကဆိုရင် ၁၇ဝနီးပါးရှိပြီး ဒါဟာ ၂ဝ၁၉ခုနှစ်ကရဲ့ ၁၉ ရာခိုင်နှုန်းရှိတယ်လို့လည်း ဖော်ပြထားပါတယ်။
Your browser doesn’t support HTML5
............
(Unicode)