မြန်မာစစ်ခေါင်းဆောင်တွေအပေါ် သြစတြေးလျ အရေးယူမှာ မဟုတ်

ဖေဖော်ဝါရီလ ၂ ရက်နေ့က ရန်ကုန်မြို့ရှိ နေရာတခုတွင် လုံခြုံရေးယူနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တဦး။ (ဖေဖော်ဝါရီ ၀၂၊ ၂၀၂၁)

[Zawgyi/Unicode]

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Marise Payne။ (သြဂုတ် ၀၁၊ ၂၀၁၉)

မြန်မာစစ်တပ် ခေါင်းဆောင်တွေအပေါ် အရေးယူပိတ်ဆို့မှုတွေ ထပ်ပြီးချမှတ်သွားမှာ မဟုတ်ဘူးလို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Marise Payne က ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီအပေါ် အနောက်နိုင်ငံအစိုးရတွေက ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ တိုးမြှင့်ချမှတ်လာနေကြတဲ့အချိန်မှာ သြစတြေးလျနိုင်ငံက အခုလိုပြောလိုက်တာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ မြန်မာ စစ်တပ်နဲ့ သူတို့နဲ့ ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် သြစတြေးလျရဲ့ မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ ကနေဒါနဲ့ ဥရောပသမဂ္ဂတို့ကတော့ ပိတ်ဆို့ ဒဏ်ခတ် အရေးယူမှုတွေ တိုးမြှင့် ချမှတ်ထားပါတယ်။

SEE ALSO: မြန်မာ့အကျပ်အတည်း အာစီယံဖြေရှင်းနိုင်ခြေ အားနည်း

သြစတြေးလျနိုင်ငံအနေနဲ့လည်း အာဏာသိမ်း စစ်ခေါင်းဆောင်တွေကို ပစ်မှတ်ထား အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်ဖို့ ဖိအားပေး တိုက်တွန်းမှုတွေ ရှိနေချိန်မှာ နိုင်ငံခြားရေးဝန်ကြီး Payne က ခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အရေးယူဒဏ်ခတ်မှုတွေ ချမှတ်လိုက်မယ်ဆိုရင် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ကနေတဆင့် မြန်မာ့အရေး ဖြေရှင်းကိုင်တွယ်မှုတွေကို ထိခိုက်နိုင်သလို သြစတြေးလျအစိုးရအနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို နားချ ပြောဆိုရာမှာ အကန့်အသတ်တွေ ဖြစ်လာလိမ့်မယ်လို့ ဝန်ကြီး Payne က ပြောပါတယ်။

Your browser doesn’t support HTML5

မြန်မာစစ်ခေါင်းဆောင်တွေအပေါ် သြစတြေးလျ အရေးယူမှာ မဟုတ်

[Unicode Version]





SEE ALSO: အမေရိကန်နိုင်ငံသား သတင်းထောက်နှစ်ဦး လွှတ်ပေးဖို့ ကန်ဒုနိုင်ငံခြားရေးဝန်ကြီး တောင်းဆို

