ဒုက္ခသည် ၂ သိန်းကျော်ကို ဘင်္ဂလားဒေ့ရှ်မှာ Biometric မှတ်ပုံတင်ပြီး

Kutuplaong ဒုက္ခသည်စခန်းတွေ အကူအညီပစ္စည်းများ ရယူရန် တန်းစီ စောင့်ဆိုင်းနေသည့် ရိုဟင်ဂျာ ဒုက္ခသည်များ။ အောက်တိုဘာလ ၁၂၊ ၂၀၁၇။

Kutuplaong ဒုက္ခသည်စခန်းတွေ အကူအညီပစ္စည်းများ ရယူရန် တန်းစီ စောင့်ဆိုင်းနေသည့် ရိုဟင်ဂျာ ဒုက္ခသည်များ။ အောက်တိုဘာလ ၁၂၊ ၂၀၁၇။

ရခိုင်ပြည်နယ်ကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ၂၂၄,၀၀၀ ကို Biometric ခေါ် ဇီ၀ အချက်အလက် ထည့်သွင်းတဲ့မှတ်ပုံတင် လုပ်ပြီးကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောပါတယ်။ Ukhiya နဲ့ Teknaf ဒေသမှာရှိတဲ့ မှတ်ပုံတင်ဌာန ၆ခု မှာ လက်ခံတဲ့နေရာပေါင်း ၁၀၀ ဖွင့်ထား တာမို့ နေ့စဉ် လူပေါင်း ၁၂,၀၀၀ ကနေ ၁၃,၀၀၀ လောက်အထိ မှတ်ပုံတင်ပေးနိုင်ခဲ့တယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပတ်စပို့ဌာန ညွှန်ကြားရေးမှုးချုပ် ဗိုလ်ချုပ် Md Masud Rezwan ရဲ့ ပြောကြားချက်ကို Dhaka Tribune သတင်းမှာ ဖော်ပြထားပါတယ်။

ဒီလိုလုပ်ဆောင်မှုကနေ အမျိုးသားမှတ်ပုံတင် လက်မှတ်ဖြစ်စေ၊ ကားမောင်းလိုင်စင် ဒါမှမဟုတ် ပတ်စပို့ဖြစ်စေ လုပ်ဖို့ကြိုးစားတဲ့ ရိုဟင်ဂျာဟာ ဘယ်သူလဲဆိုတာကို ဘင်္ဂလားဒေ့ရှ်အစိုးရက သိလာနိုင်မယ့်အပြင် သူတို့ကို ပြန်ပို့ဖို့ လုပ်ရာမှာပါ အထောက်အကူ ရစေမယ်လို့လဲ ပြောပါတယ်။

စက်တင်ဘာလ ၁၂ ရက်နေ့က စတင်ပြီး မှတ်ပုံတင် လုပ်ပေးနေတာဖြစ်ပြီး ဒီနှုန်းအတိုင်း လုပ်နိုင်မယ်ဆိုရင် တလအတွင်းမှာပဲ ပြီးနိုင်တယ်လို့ Kutupalang နဲ့ Balukhali ဒုက္ခသည် စခန်းတွေက မှတ်ပုံတင်လုပ်ပေးတဲ့ နေရာတွေကို သောကြာနေ့ သွားရောက်စဉ်မှာ ပြောကြား ခဲ့တာပါ။ ဒါ့အပြင် မှတ်ပုံတင် လက်ခံတဲ့နေရာ ပိုတိုးပေးဖို့ လုပ်နေကြောင်းနဲ့ အချက်လက်တွေ ခုထက် ပိုပြည့်စုံမယ်ဆိုရင် ကယ်ဆယ်ရး ပစ္စည်းတွေ ပေးဝေရာမှာ ပိုပြီး စည်းကမ်းရှိလာနိုင် တယ်လို့ ဆိုပါတယ်။

ဒုက္ခသည်တွေဟာ လိုလိုလားလားပဲ မှတ်ပုံတင်တဲ့ကိစ္စကို လုပ်နေကြတယ်လို့ Cox’s Bazar ဒေသ အစိုးရတာဝန်ရှိသူကပြောသလို ပြဿနာတွေ ဖြေရှင်းပြီးချိန်လောက်မှာ သူတို့ကိုပြန်ပို့ဖို့ အခုထုတ်ပေးတဲ့ မှတ်ပုံတင်တွေကို သုံးနိုင်တယ်လို့ မှတ်ပုံတင်အတွက် နည်းပညာအကူအညီ ပေးနေတဲ့ Tiger IT အဖွဲ့က ပြောပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့ကစပြီး မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလာတဲ့ ဒုက္ခသည်ပေါင်းက ၅၈၂,၀၀၀ ရှိသွားပြီဖြစ်ပြီး သူတို့ထဲက ၄၀% ကို Kutupalong, Balukhali နဲ့ Leda အရပ်တွေမှာ နေရာချထားပေးတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

Your browser doesn’t support HTML5

ဒုက္ခသည် ၂ သိန်းကျော်ကို ဘင်္ဂလားဒေ့ရှ်မှာ Biometric မှတ်ပုံတင်ပြီး