(Zawgyi / Unicode)
အေမရိကန္ေရြးေကာက္ခံသမၼတ Joe Biden က ဗုိင္းရပ္စ္ကူးစက္မႈေတြကို မျပန္႔ပြားရေအာင္ သူ႔ရဲ႕ သမၼတက်မ္းသစၥာက်ိန္ဆုိပဲြ အခမ္းအနားကို လူဦးေရေလွ်ာ့ၿပီး က်င္းပသြားဖို႔ စီစဥ္ေနတယ္လို႔ ေသာၾကာေန႔က ေျပာလိုက္ပါတယ္။
ၿပီးခဲ့တဲ့ ၄ ႏွစ္တုန္းကေတာ့ သမၼတ Trump က သူ႔ရဲ႕ သမၼတက်မ္းသစၥာက်ိန္ဆုိပဲြ လာတက္တဲ့ လူအေရအတြက္နဲ႔ ပတ္သက္ၿပီး အေခ်အတင္ အျငင္းအခုန္ေတြ ျဖစ္ခဲ့ဖူးတာေၾကာင့္ အခုတႀကိမ္က အဲဒါနဲ႔ သိသိသာသာ ကဲြျပားေနတာ ျဖစ္ပါတယ္။
SEE ALSO: Joe Biden ရာထူးလက္ခံၿပီး ျပည္သူေတြ ရက္ ၁၀၀ ႏွာေခ ါင္းစည္းတပ္ဖိို႔ ေျပာၾကားမည္အေမရိကန္လႊတ္ေတာ္မွာလည္း က်မ္းသစၥာက်ိန္ဆုိပဲြ အခမ္းအနား လုပ္ဖို႔အတြက္ စင္ျမင့္တည္ေဆာက္ေနၿပီး သူ႔အေနနဲ႔ လာမယ့္ ဇန္နဝါရီ ၂၀ ရက္ေန႔မွာ က်မ္းသစၥာက်ိန္ဆုိဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ Joe Biden က ေျပာပါတယ္။ ဒါေပမယ့္လည္း အစဥ္အလာအတုိင္း လႊတ္ေတာ္အေနာက္ဘက္ အမ်ိဳးသားရင္ျပင္နဲ႔ ပန္ဆယ္လ္ေဗးနီးယား လမ္းမတေလွ်ာက္မွာ က်မ္းသစၥာက်ိန္ဆုိပဲြ အခမ္းအနားနဲ႔ စီတန္းလွည့္လည္တာေတြကို ၾကည့္ဖို႔အတြက္ လူထုစုေဝးမႈေတြ လုပ္တာကို ေရွာင္ရွားခ်င္တယ္လို႔ ေျပာပါတယ္။
"က်ေနာ္ခန္႔မွန္းတာကေတာ့ ပန္ဆယ္လ္ေဗးနီးယား လမ္းတေလွ်ာက္မွာ က်မ္းသစၥာက်ိန္ဆုိပဲြအတြက္ ႀကီးႀကီးမားမား စီတန္းလွည့္လည္တာေတြ မရွိဖို႔ မ်ားပါတယ္၊ ဒါေပမယ့္လည္း အေမရိကန္ႏုိင္ငံတဝန္းမွာေတာ့ အင္တာနက္အြန္လိုင္းေတြ ႐ုပ္သံေတြကေနတဆင့္ ၾကည့္ၿပီးေတာ့ ပါဝင္ဆင္ႏႊဲတာေတြကို အမ်ားအျပား ေတြ႔ရမွာျဖစ္ၿပီး အရင္ကထက္ လူေတြ ပိုမ်ားမယ္လို႔ ထင္ပါတယ္" လို႔ Joe Biden က Delaware ျပည္နယ္ Wilminton ကေန ေျပာၾကားလိုက္ပါတယ္။
Your browser doesn’t support HTML5
ကန္သမၼတ က်မ္းသစၥာက်ိန္ဆိုပြဲ လူစုလူေဝးနဲ႔မလုပ္ဖို႔ စီစဥ္ေန
--------------------
(Unicode)
ကန်သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ လူစုလူဝေးနဲ့မလုပ်ဖို့ စီစဉ်နေ
အမေရိကန်ရွေးကောက်ခံသမ္မတ Joe Biden က ဗိုင်းရပ်စ်ကူးစက်မှုတွေကို မပြန့်ပွားရအောင် သူ့ရဲ့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို လူဦးရေလျှော့ပြီး ကျင်းပသွားဖို့ စီစဉ်နေတယ်လို့ သောကြာနေ့က ပြောလိုက်ပါတယ်။
ပြီးခဲ့တဲ့ ၄ နှစ်တုန်းကတော့ သမ္မတ Trump က သူ့ရဲ့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲ လာတက်တဲ့ လူအရေအတွက်နဲ့ ပတ်သက်ပြီး အချေအတင် အငြင်းအခုန်တွေ ဖြစ်ခဲ့ဖူးတာကြောင့် အခုတကြိမ်က အဲဒါနဲ့ သိသိသာသာ ကွဲပြားနေတာ ဖြစ်ပါတယ်။
SEE ALSO: Biden အစုိးရသစ္အတြက္ ဘ႑ာေရးအဖြဲ႔၀င္ေတြ တရား၀င္ေၾကညာအမေရိကန်လွှတ်တော်မှာလည်း ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနား လုပ်ဖို့အတွက် စင်မြင့်တည်ဆောက်နေပြီး သူ့အနေနဲ့ လာမယ့် ဇန်နဝါရီ ၂၀ ရက်နေ့မှာ ကျမ်းသစ္စာကျိန်ဆိုဖို့ မျှော်လင့်ထားတယ်လို့ Joe Biden က ပြောပါတယ်။ ဒါပေမယ့်လည်း အစဉ်အလာအတိုင်း လွှတ်တော်အနောက်ဘက် အမျိုးသားရင်ပြင်နဲ့ ပန်ဆယ်လ်ဗေးနီးယား လမ်းမတလျှောက်မှာ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားနဲ့ စီတန်းလှည့်လည်တာတွေကို ကြည့်ဖို့အတွက် လူထုစုဝေးမှုတွေ လုပ်တာကို ရှောင်ရှားချင်တယ်လို့ ပြောပါတယ်။
"ကျနော်ခန့်မှန်းတာကတော့ ပန်ဆယ်လ်ဗေးနီးယား လမ်းတလျှောက်မှာ ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် ကြီးကြီးမားမား စီတန်းလှည့်လည်တာတွေ မရှိဖို့ များပါတယ်၊ ဒါပေမယ့်လည်း အမေရိကန်နိုင်ငံတဝန်းမှာတော့ အင်တာနက်အွန်လိုင်းတွေ ရုပ်သံတွေကနေတဆင့် ကြည့်ပြီးတော့ ပါဝင်ဆင်နွှဲတာတွေကို အများအပြား တွေ့ရမှာဖြစ်ပြီး အရင်ကထက် လူတွေ ပိုများမယ်လို့ ထင်ပါတယ်" လို့ Joe Biden က Delaware ပြည်နယ် Wilminton ကနေ ပြောကြားလိုက်ပါတယ်။