ဥတုရာသီနဲ႔ စြမ္းအင္ဆုိင္ရာကိစၥေတြ ကုိင္တြယ္ေဆာင္ရြက္မယ့္အဖြဲ႔ Joe Biden မိတ္ဆက္

အေမရိကန္ ေရြးေကာက္ခံသမၼတ Joe Biden. (ဒီဇင္ဘာ ၁၉၊ ၂၀၂၀)

(Zawgyi / Unicode)

ကမာၻႀကီးပူေႏြးလာေစတဲ့ ျပႆနာကို ထိပ္တန္းဦးစားေပး ကိုင္တြယ္မယ္လုိ႔ ကတိျပဳခဲ့တဲ့ ေရြးေကာက္ခံသမၼတ Joe Biden က ဥတုရာသီဆိုင္ရာနဲ႔ စြမ္းအင္ဆိုင္ရာ အေရးကိစၥေတြကို ကိုင္တြယ္ဖို႔ သူေရြးခ်ယ္ထားတဲ့့ အဖြဲ႔ကို စေနေန႔မွာ ခ်ျပခဲ့ပါတယ္။

အဖြဲ႔ဝင္ ၆ ဦးပါဝင္တဲ့ ဒီ သဘာဝဝန္းက်င္ဆိုင္ရာ အဖြဲ႔ထဲမွာ လူမ်ိဳးစံုပါဝင္ၿပီး အေတြ႔အႀကံဳရင့္က်က္တဲ့ ကၽြမ္းက်င္ပညာရွင္ အမ်ားအျပား ပါဝင္္ပါတယ္။

သမၼတေဟာင္း အိုဘားမား လက္ထက္က EAP သဘာဝဝန္းက်င္ ကာကြယ္ေရးဌာန အႀကီးအကဲ Gina McCarthy ကို ရာထူးအသစ္ျဖစ္တဲ့ အေမရိကန္ႏုိင္ငံရဲ႕ ဥတုရာသီဆိုင္ရာ အႀကံေပးအျဖစ္ ခန္႔အပ္ဖို႔ ေရြးခ်ယ္ခဲ့ပါတယ္။

SEE ALSO: ဂ်ိဳးဘိုင္ဒန္ကို အႏုိင္ရသမၼတအျဖစ္ သမၼတေရြးခ်ယ္ေရးအဖြဲ႔ အတည္ျပဳ 

၂၀၁၇ ခုႏွစ္ကစၿပီး ေျမာက္ကာ႐ုိလိုင္းနားျပည္နယ္ သဘာဝဝန္းက်င္ အရည္အေသြး ထိန္းသိမ္းေရးဌာန အႀကီးအကဲအျဖစ္ တာဝန္ထမ္းေဆာင္ေနတဲ့ Michael Regan ကိုေတာ့ EAP အႀကီးအကဲအျဖစ္ အမည္စာရင္း တင္သြင္းခဲ့ပါတယ္။ Regan ဟာ သမၼတေဟာင္းေတြျဖစ္တဲ့ Bill Clinton နဲ႔ George W. Bush တို႔ လက္ထက္မွာလည္း EAP မွာ တာဝန္ထမ္းေဆာင္ခဲ့သူ ျဖစ္ပါတယ္။

အမ်ိဳးသမီးတဦးျဖစ္တဲ့ ဒီမိုကရက္တစ္ပါတီက ေအာက္လႊတ္ေတာ္အမတ္ Deb Haaland ကိုေတာ့ ျပည္ထဲေရးဝန္ႀကီးအျဖစ္ ေရြးခ်ယ္ခဲ့သလို မီရွီဂန္ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴးေဟာင္း Jennifer Granholm ကုိေတာ့ စြမ္းအင္ဌာန အႀကီးအကဲအျဖစ္ Mr. Biden က ေရြးထားတာပါ။

ဒါ့အျပင္ သဘာဝဝန္းက်င္ဆိုင္ရာ ေရွ႕ေနတဦးျဖစ္တဲ့ Brenda Mallory ကို သဘာဝဝန္းက်င္ အရည္အေသြးဆိုင္ရာေကာင္စီ အႀကီးအကဲ ရာထူးအတြက္ ေရြးခ်ယ္ခဲ့သလို ဥတုရာသီဆိုင္ရာ ကၽြမ္းက်င္သူတဦးျဖစ္တဲ့ Mr. Biden ရဲ႕ အႀကံေပးျဖစ္သူ Ali Zaidi ကိုေတာ့ အေမရိကန္အမ်ိဳးသား ဥတုရာသီဆိုင္ရာ ဒုတိယအႀကံေပးအျဖစ္ ေရြးခ်ယ္လိုက္ပါတယ္။

တကယ္လို႔ ရီပတ္ဘလစ္ကန္ေတြ ႀကီးစိုးတဲ့ အထက္လႊတ္ေတာ္က အတည္ျပဳေပးခဲ့မယ္ဆိုရင္ Deb Haaland ဟာ အေမရိကန္အစိုးရ ကက္ဘိနက္အဖြဲ႔ထဲမွာ တာဝန္ထမ္းေဆာင္တဲ့ ပထမဆံုး အေမရိကန္ ဌာေနတိုင္းရင္းသူတဦး ျဖစ္လာမယ့္အျပင္ Michael Regan ကလည္း EAP မွာ ပထမဆံုး လူမည္းအမ်ိဳးသား အႀကီးအကဲ ျဖစ္လာမွာပါ။

Your browser doesn’t support HTML5

ဥတုရာသီနဲ႔ စြမ္းအင္ဆုိင္ရာကိစၥေတြ ကုိင္တြယ္ေဆာင္ရြက္မယ့္အဖြဲ႔ Joe Biden မိတ္ဆက္

--------------------

(Unicode)

ဥတုရာသီနဲ့ စွမ်းအင်ဆိုင်ရာကိစ္စတွေ ကိုင်တွယ်ဆောင်ရွက်မယ့်အဖွဲ့ Joe Biden မိတ်ဆက်

ကမ္ဘာကြီးပူနွေးလာစေတဲ့ ပြဿနာကို ထိပ်တန်းဦးစားပေး ကိုင်တွယ်မယ်လို့ ကတိပြုခဲ့တဲ့ ရွေးကောက်ခံသမ္မတ Joe Biden က ဥတုရာသီဆိုင်ရာနဲ့ စွမ်းအင်ဆိုင်ရာ အရေးကိစ္စတွေကို ကိုင်တွယ်ဖို့ သူရွေးချယ်ထားတဲ့ အဖွဲ့ကို စနေနေ့မှာ ချပြခဲ့ပါတယ်။

အဖွဲ့ဝင် ၆ ဦးပါဝင်တဲ့ ဒီ သဘာဝဝန်းကျင်ဆိုင်ရာ အဖွဲ့ထဲမှာ လူမျိုးစုံပါဝင်ပြီး အတွေ့အကြုံရင့်ကျက်တဲ့ ကျွမ်းကျင်ပညာရှင် အများအပြား ပါဝင်ပါတယ်။

သမ္မတဟောင်း အိုဘားမား လက်ထက်က EAP သဘာဝဝန်းကျင် ကာကွယ်ရေးဌာန အကြီးအကဲ Gina McCarthy ကို ရာထူးအသစ်ဖြစ်တဲ့ အမေရိကန်နိုင်ငံရဲ့ ဥတုရာသီဆိုင်ရာ အကြံပေးအဖြစ် ခန့်အပ်ဖို့ ရွေးချယ်ခဲ့ပါတယ်။

SEE ALSO: Biden အစုိးရသစ္အတြက္ က်န္းမာေရး တာ၀န္ယူမယ့္ အဖြဲ႔၀င္ေတြ ေၾကညာ

၂၀၁၇ ခုနှစ်ကစပြီး မြောက်ကာရိုလိုင်းနားပြည်နယ် သဘာဝဝန်းကျင် အရည်အသွေး ထိန်းသိမ်းရေးဌာန အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ Michael Regan ကိုတော့ EAP အကြီးအကဲအဖြစ် အမည်စာရင်း တင်သွင်းခဲ့ပါတယ်။ Regan ဟာ သမ္မတဟောင်းတွေဖြစ်တဲ့ Bill Clinton နဲ့ George W. Bush တို့ လက်ထက်မှာလည်း EAP မှာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

အမျိုးသမီးတဦးဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီက အောက်လွှတ်တော်အမတ် Deb Haaland ကိုတော့ ပြည်ထဲရေးဝန်ကြီးအဖြစ် ရွေးချယ်ခဲ့သလို မီရှီဂန်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Jennifer Granholm ကိုတော့ စွမ်းအင်ဌာန အကြီးအကဲအဖြစ် Mr. Biden က ရွေးထားတာပါ။

ဒါ့အပြင် သဘာဝဝန်းကျင်ဆိုင်ရာ ရှေ့နေတဦးဖြစ်တဲ့ Brenda Mallory ကို သဘာဝဝန်းကျင် အရည်အသွေးဆိုင်ရာကောင်စီ အကြီးအကဲ ရာထူးအတွက် ရွေးချယ်ခဲ့သလို ဥတုရာသီဆိုင်ရာ ကျွမ်းကျင်သူတဦးဖြစ်တဲ့ Mr. Biden ရဲ့ အကြံပေးဖြစ်သူ Ali Zaidi ကိုတော့ အမေရိကန်အမျိုးသား ဥတုရာသီဆိုင်ရာ ဒုတိယအကြံပေးအဖြစ် ရွေးချယ်လိုက်ပါတယ်။

တကယ်လို့ ရီပတ်ဘလစ်ကန်တွေ ကြီးစိုးတဲ့ အထက်လွှတ်တော်က အတည်ပြုပေးခဲ့မယ်ဆိုရင် Deb Haaland ဟာ အမေရိကန်အစိုးရ ကက်ဘိနက်အဖွဲ့ထဲမှာ တာဝန်ထမ်းဆောင်တဲ့ ပထမဆုံး အမေရိကန် ဌာနေတိုင်းရင်းသူတဦး ဖြစ်လာမယ့်အပြင် Michael Regan ကလည်း EAP မှာ ပထမဆုံး လူမည်းအမျိုးသား အကြီးအကဲ ဖြစ်လာမှာပါ။