ဘောလိဝုဒ် အကျော်အမော် မင်းသမီး Aishwarya Rai တို့သားအမိ ကိုဗစ် ကူးစက်ခံရ

မနှစ်က ပြင်သစ် Cannes ရုပ်ရှင်ပွဲတော် တက်ရောက်လာတဲ့ ဘောလိဝုဒ် အကျော်အမော် မင်းသမီး Aishwarya Rai Bachchan. (မေ ၁၉၊ ၂၀၁၉)

(Zawgyi / Unicode)

ဘောလိဝုဒ် အကျော်အမော် မင်းသမီး၊ မယ်ကမ္ဘာ အလှမယ်ဟောင်း Aishwarya Rai Bachchan နဲ့ ၈ နှစ်အရွယ် သမီးလေးတို့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိတယ်လို့ ပြည်နယ်အာဏာပိုင်တွေက တနင်္ဂနွေနေ့မှာ အတည်ပြုပါတယ်။

ယောက္ခမဖြစ်သူ ဘောလိဝုဒ်မင်းသားကြီး Amitabh Bachchan နဲ့ ခင်ပွန်းဖြစ်သူ Abhishek တို့ဟာလည်း COVID-19 ကူးစက်ခံရကြောင်း တွေ့ရှိပြီး စနေနေ့က ဆေးရုံတက်နေကြကြောင်း အသိပေး ထုတ်ပြန်ခဲ့တာပါ။

SEE ALSO: ဘောလိဝုဒ်မင်းသားကြီး Amitabh Bachchan ကိုဗစ်ကုဖို့ ဆေးရုံတက်

ဆေးရုံတက်နေရတဲ့ အသက် ၇၇ နှစ်ရှိပြီဖြစ်တဲ့ ရုပ်ရှင်မင်းသားကြီး Amitabh Bachchan ကတော့ အခြေအနေ တည်တည်ငြိမ်ငြိမ် ရှိကြောင်းနဲ့ ရောဂါလက္ခဏာ သိပ်ပြီး မပြင်းထန်ကြောင်း မဟာရပ်ရှ်ထရာပြည်နယ် လူထုကျန်းမာရေးဝန်ကြီး Rajesh Tope က တနင်္ဂနွေနေ့မှာပဲ တွစ်တာ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

၁၉၇၀ ခုနှစ် အစောပိုင်းကာလတွေအတွင်း ရုပ်ရှင်ကားပေါင်း ၂၀၀ ကျော်မှာ ပါဝင်ခဲ့တဲ့ အထင်ကရ မင်းသားကြီး Amitabh Bachchan က စနေနေ့က သူ့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရကြောင်း သူ့ရဲ့ တွစ်တာ လူမှုကွန်ရက်ကနေတဆင့် ပြောကြားလိုက်ပါတယ်။

Your browser doesn’t support HTML5

ဘောလိဝုဒ် အကျော်အမော် မင်းသမီး Aishwarya Rai တို့သားအမိ ကိုဗစ် ကူးစက်ခံရ

-----------------------------

(Unicode)




SEE ALSO: အိန္ဒိယမှာ COVID-19 ကူးစက်သူ ၈ သိန်းကျော်သွားပြီ

