ဗြိတိန် ပါလီမန်အတွင်း အင်္ဂါနေ့မှာ မဲခွဲဆုံးဖြတ်မှု တစ်ရပ် ပြုလုပ်ပြီးတဲ့နောက် ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် Boris Johnson က ရွေးကောက်ပွဲ စောကျင်းပဖို့ တောင်းဆို လိုက်ပြီဖြစ်ပါတယ်။ ဝန်ကြီးချုပ် Johnson က သူ့မှာ တစ်ခြား ရွေးစရာ လမ်းမရှိတော့ဘူး လို့လည်း ပြောပါတယ်။
အင်္ဂါနေ့က မဲခွဲ ဆုံးဖြတ်မှုအရ ထောက်ခံမဲ ၃၂၈ မဲ ကန့်ကွက်မဲ ၃၀၁ မဲ ရလဒ် ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် ဥရောပသမဂ္ဂ EUအတွင်းက ဗြိတိန်နိုင်ငံ နုတ်ထွက်ဖို့ Brexit ကိစ္စ ထပ်မံ ဆိုင်းငံ့ထားဖို့ အဆိုပြုချက်ကို ဥပဒေပြု အမတ်တွေက အောက်လွှတ်တော်ကို တင်သွင်းနိုင်တော့မှာ ဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံရဲ့ အတိုက်အခံ ပါတီတွေက အမတ်တွေနဲ့ အာဏာရ ကွန်ဆားဗေးတစ်ပါတီအတွင်းက ဝန်ကြီးချုပ် Boris Johnson ကို ဆန့်ကျင်တဲ့ အမတ်တွေက သဘောတူညီချက်မပါဘဲ EU ကနေ ဗြိတိန်နိုင်ငံ နုတ်ထွက်မယ့် ဝန်ကြီးချုပ် Johnson ရဲ့ ရည်ရွယ်ချက်ဟာ ဗြိတိန်နိုင်ငံကို အန္တရာယ် ကျရောက်စေမှာဖြစ်တယ်လို့ ပြောပါတယ်။
ဗြိတိန်နိုင်ငံရဲ့ အတိုက်အခံ လေဘာပါတီ ခေါင်းဆောင် Jeremy Corbyn က အောက်တိုဘာလ ၃၁ ရက်နေ့မှာ သဘောတူညီချက် မရဘဲ ဗြိတိန်နိုင်ငံ အီးယူက နုတ်ထွက်မယ့်ကိစ္စကို တားဆီးဖို့ လေဘာပါတီနဲ့ ကွန်ဆားဗေးတစ် သူပုန် အမတ်တွေအကြား ပူးပေါင်း ဆောင်ရွက် နေကြာင်း ပြောပါတယ်။
အခုလို ဥပဒေပြု အမတ်တွေက ဝန်ကြီးချုပ် Johnson ရဲ့ ရည်မှန်းချက်ကို တားဆီးနိုင်ရင်တောင် Brexit ကိစ္စ ပြီးဆုံးဖို့ အလှမ်းဝေး နေပါသေးတယ်။ ဒီ အပတ် ပါလီမန် အတွင်းက ပါတီတွေအကြားက ကစားကွက်တွေရဲ့ ရလဒ်ဟာ ဒီနှစ် အတွင်း ကျင်းပဖွယ် ရှိတဲ့ ရွေးကောက်ပွဲ သာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5