ဗြိတိန်ပါလီမန်ရွေးကောက်ပွဲ ကနဦးမဲစစ်တမ်းအရ Labor ပါတီအနိုင်ရနေ

ဗြိတိန်ပါလီမန်ရွေးကောက်ပွဲ လက်ရှိမဲရလဒ်အရ လေဘာပါတီအနိုင်ရမဲစာရင်း။ (ဇူလိုင် ၄၊ ၂၀၂၄)

ဗြိတိန်မှာ ပါလီမန်ရွေးကောက်ပွဲ ကနဦးမဲစစ်တမ်းတွေအရ Labor ပါတီက အများစုနဲ့ နိုင်ရနေတာမို့ လေဘာပါတီခေါင်းဆောင် Keir Stamer က ဗြိတိန်ဝန်ကြီးချုပ်ဖြစ်လာဖို့ ရှိနေပါတယ်။ လက်ရှိဝန်ကြီးချုပ် Rishi Sunak ရဲ့ Conservatives ပါတီကတော့ သမိုင်းမှာ မှတ်တမ်းဝင် ရှုံးနိမ့်ဖွယ်ရှိနေပါတယ်။

မဲစစ်တမ်းတွေမှာတော့ ဗြိတိန်ပါလီမန်နေရာ ၆၅၀ မှာ လေဘာပါတီက ၄၁၀ ရရှိထားပါတယ်။ ဒါကြောင့် ၁၄ နှစ်ကြာ ကွန်ဆာဗေးတစ်တွေဦးဆောင်တဲ့ အစိုးရသက်တမ်း အဆုံးသတ်သွားတော့မှာပါ။ ဝန်ကြီးချုပ် Sunak ရဲ့ ကွန်ဆာဗေးတစ်ပါတီဟာ နေရာ ၁၃၁ နေရာပဲ ရတယ်လို့ မဲစစ်တမ်းတွေမှာ ဖော်ပြပါတယ်။

ဗြိတိန်ပါလီမန်ရွေးကောက်ပွဲ လက်ရှိရလဒ်တွေအရ လက်ရှိအာဏာရ ကွန်ဆာဗေးတစ်ပါတီရဲ့ မဲရလဒ်။ (ဇူလိုင် ၄၊ ၂၀၂၄)