တရုတ် - မြောက်ကိုရီးယား ဆက်ဆံရေး ပိုမိုခိုင်မာအောင် လုပ်ဆောင်မည်

၂၀၁၉ ခုနှစ်က ပြုံယမ်းမှာတွေ့ဆုံခဲ့ကြတဲ့ တရုတ်သမ္မတ Xi Jinping (ဝဲ) နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un. (ဇွန် ၂၁၊ ၂၀၁၉)

(Zawgyi / Unicode)

တရုတ်သမ္မတ Xi Jinping နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့က ၂ နိုင်ငံ မိတ်ဆွေအဖြစ် သဘောတူခဲ့တဲ့ နှစ် ၆၀ ပြည့် အထိမ်းအမှတ်နေ့မှာ သူတို့ရဲ့ ဆက်ဆံရေးပုံစံသစ် စတင်ဖို့ ကတိပြုခဲ့ကြကြောင်း မြောက်ကိုရီးယားအစိုးရရဲ့ KCNA သတင်းမှာ တနင်္ဂနွေနေ့က ဖော်ပြထားပါတယ်။

ကိုရီးယားစစ်ပွဲအတွင်း အမေရိကန်ဦးဆောင်တဲ့ တပ်တွေကို တိုက်ခိုက်ဖို့ သန်းနဲ့ချီတဲ့ တရုတ်နိုင်ငံသားတွေကို အဲဒီအချိန်က တရုတ်ခေါင်းဆောင် မော်စီတုံးက စေလွှတ်ပေးခဲ့ရာက တရုတ်နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံဆက်ဆံရေး ခိုင်မာလာတာဖြစ်ပြီး တရုတ်ဟာ မြောက်ကိုရီးယားရဲ့ ကာလတာရှည် မဟာမိတ်ဖြစ်ခဲ့သလို စီးပွားရေးမှာပါ အထောက်အကူပေးနေတဲ့နိုင်ငံ ဖြစ်လာတာပါ။

တရုတ်နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံဟာ နှှုတ်ခမ်းနဲ့သွားလို နီးကပ်မှုရှိတယ်လို့ မော်စီတုံးက ပြောကြားခဲ့ပြီး စစ်ရေးအကူအညီနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဖို့ ၁၉၆၁ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့မှာ မဟာမိတ်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့တာပါ။

မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်မှုတွေ တိုးလုပ်လာတဲ့နောက် ၂ နိုင်ငံဆက်ဆံရေး ပြောင်းလဲလာခဲ့ပေမယ့် မြောက်ကိုရီးယားနဲ့ အမေရိကန်တို့ကြား ညှိနှိုင်းမှုတွေ ရပ်တန့်နေချိန်မှာတော့ တရုတ်နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံ မဟာမိတ်ဖြစ်တည်မှု ခိုင်မာအောင် ၂ ဖက်စလုံးက လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

၂ နိုင်ငံ မဟာမိတ်ဖြစ်တည်တဲ့ စာချုပ်ဟာ ဒေသတွင်းအတွက်သာမက ကမ္ဘာကြီးအတွက်ပါ တည်ငြိမ်ရေးနဲ့ အေးချမ်းရေးအတွက် အာမခံပေးနိုင်တယ်လို့ Kim က ပြောသလို Xi ကလည်း ၂ နိုင်ငံဆက်ဆံရေး ပုံစံသစ်ကနေ ၂ နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရေးနဲ့ မိတ်ဆွေအဖြစ် ဦးတည်ပြီး ၂ နိုင်ငံပြည်သူတွေအတွက်ပါ ပျော်ရွှင်မှုပေးနိုင်ဖို့ စီစဉ်နေကြောင်း စာပေးပို့ခဲ့တယ်လို သတင်းမှာ ဖော်ပြထားပါတယ်။

Your browser doesn’t support HTML5

တရုတ်-မြောက်ကိုရီးယား ဆက်ဆံရေး ပိုမိုခိုင်မာအောင် လုပ်ဆောင်မည်

----------------------

(Unicode)





