[Zawgyi/Unicode]
တရားဝင်အလည်အပတ်ခရီးစဉ်နဲ့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဗျူရိုဖွဲ့ဝင်လည်းဖြစ်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြည်ပရေးရာလုပ်ငန်းကော်မရှင်ရုံးဥက္ကဋ္ဌ Mr Yang Jiechi ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံပါတယ်။
နိုင်ငံတကာခရီးစဉ် တစိတ်တပိုင်းအဖြစ်နဲ့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ မစ္စတာ Jiechi ရဲ့ အစီအစဉ်အသေးစိတ်ကိုတော့ တရားဝင် သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ မြန်မာ၊ စပိန် နဲ့ ဂရိနိုင်ငံတွေကို စက်တင်ဘာလ ၁ ရက်နေ့ကနေ ၄ ရက်နေ့ထိ မစ္စတာ Jiechi သွားရောက်မယ်လု့ိတော့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သြဂုတ်လ ၃၁ ရက်နေ့က သတင်းထုတ်ပြန်ထားတာပါ။
SEE ALSO: စစ်တွေမှာ COVID လူနာတွေ မနိုင်ရင် ရန်ကုန်ရွှေ့ဖို့ထိ စဉ်းစားသုံးသပ်မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ တကျော့ပြန်ဖြစ်ပွားနေသလို၊ ရွေးကောက်ပွဲ ကျင်းပဖို့ လပိုင်းလောက်သာ လိုတော့တဲ့အချိန်မှာ လာရောက်မယ့် တရုတ်ထိပ်တန်းသံတမန်ရဲ့ ခရီးစဉ်မှာတော့ ကပ်ဘေးဒဏ် ပြန်လည်ထူထောင်ရေးနဲ့ ဒေသတွင်းကိစ္စတွေ အဓိကအာရုံစိုက် ဆွေးနွေးနိုင်ခြေ ရှိတယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။
Your browser doesn’t support HTML5
[Unicode Version]