ကမ္ဘာတဝန်း ခရစ်ယာန်တွေ ကြာသပတေးနေ့ကြီး ဘာသာရေးပွဲတွေဆင်နွဲ 

Maundy Thursday သန့်ရှင်းသော ကြာသပတေးနေ့ကြီးအတွင်း ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကက်သလစ်ဘုန်းကြီး Flavie Villanueva က အမျိုးသမီးတဦးရဲ့ ခြေထောက်ကို ဆေးကြောသန့်စင်ပေးနေစဉ် (ဧပြီ ၆၊ ၂၀၂၃)

ဒီနေ့ဟာ ခရစ်ယာန်ဘာသာဝင်တွေအတွက် ဘာသာရေးအရ အရေးကြီးတဲ့ Maundy Thursday "သန့်ရှင်းသော ကြာသပတေးနေ့ကြီး" ဖြစ်တာကြောင့် ကမ္ဘာတလွှားက ခရစ်ယာန်ဘာသာဝင်တွေ ဘာသာရေးပွဲတွေလုပ်နေကြပါတယ်။ ဂျေရူစလင်မှာရှိတဲ့ Holy Sepulchre (ဆက်ပိုကာလ်) ဘုရားရှိခိုးကျောင်းမှာ ခရိယာန်ဘာသာဝင်တွေ ဆုတောင်းဝတ်ပြုပွဲလုပ်ခဲ့ကြသလို ဗာတီကန် (Vatican) မှာလည်း ဝတ်ပြုပွဲတွေ ကျင်းပပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့စတင်ပြီး၊ သခင်ယေရှု ရှင်ပြန်ထမြောက်ခြင်း အီစတာပွဲတော်မရာက်ခင်အထိ သန့်ရှင်းသော ရက်သတ္တပတ်အတွင်း ဒီနေ့ဟာ သန့်ရှင်းသော ကြာသပတေးနေ့ကြီးဖြစ်ပါတယ်။

သခင်ယေရှု ကားစင်တင်ကွပ်မျက်ခံရတဲ့ Good Friday မတိုင်ခင် နောက်ဆုံးညစာ စားခဲ့တဲ့နေ့ဖြစ်တာကြောင့် ဖိလစ်ပိုင်နိုင်ငံက ကက်သလစ်ဘာသာဝင်အမျိုးသား ရာနဲ့ချီဟာ ကားစင်ပေါ်မှာ သခင်ယေရှုခံစားခဲ့ရသလို နာကျင်အောင် ကိုယ့်ကိုကိုယ်လုပ်ခဲ့ကြပါတယ်။ Mandaluyong မြို့က ဘာသာတရားကိုင်းရှိုင်းသူတွေဟာ ကိုယ့်အသားကိုနာကျင်အောင် ကြာပွတ်တွေ၊ ချိန်းကြိုးတွေနဲ့ ရိုက်နှက်ခဲ့ကြတာပါ။ အဲဒီလို လုပ်တာမျိုးကို ဖိလစ်ပိုင်က ကက်သလစ်ဂိုဏ်းအုပ်ဆရာတော်တွေကတော့ အားမပေးပါဘူး။ ဘာသာဝင်တွေအနေနဲ့ အခုထက်ပိုပြီး အလယ်အလတ်ကျတဲ့ နည်းလမ်းမျိုးနဲ့ လုပ်ကြဖို့ တိုက်တွန်းထားတာပါ။ ဖိလစ်ပိုင်နိုင်ငံဟာ အာရှမှာ ကက်သလစ်ဘာသာ အများစုကိုးကိုယ်ကြတဲ့ နိုင်ငံဖြစ်ပါတယ်။

Your browser doesn’t support HTML5

ကမ္ဘာတဝန်း ခရစ်ယာန်တွေ ကြာသပတေးနေ့ကြီး ဘာသာရေးပွဲတွေဆင်နွဲ