သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွိုင်ကော် ကက်သလစ်သာသနာပိုင် ဆရာတော် ပုပ်ရဟန်းမင်းကြီးခန့်အပ်


ကယားပြည်နယ် လွိုင်ကော် ကက်သလစ်ဂိုဏ်းအုပ်သာသနာတော်ရဲ့ သာသနာပိုင် ဆရာတော်အဖြစ် ပုပ်ရဟန်းမင်းကြီးဖရန်စစ် ခန့်အပ်လိုက်တဲ့ ဘုန်းတော်ကြီး ချဲလ်ဆိုဘရွှေ (ဓါတတ်ပုံ - Union of Catholic Asian News)
ကယားပြည်နယ် လွိုင်ကော် ကက်သလစ်ဂိုဏ်းအုပ်သာသနာတော်ရဲ့ သာသနာပိုင် ဆရာတော်အဖြစ် ပုပ်ရဟန်းမင်းကြီးဖရန်စစ် ခန့်အပ်လိုက်တဲ့ ဘုန်းတော်ကြီး ချဲလ်ဆိုဘရွှေ (ဓါတတ်ပုံ - Union of Catholic Asian News)

စစ်မက်ပဋိပက္ခဖြစ်ပွားဖြစ်နေတဲ့ ကယားပြည်နယ် လွိုင်ကော် ကက်သလစ် ဂိုဏ်းအုပ်သာသနာတော်ရဲ့ သာသနာပိုင် ဆရာတော်အဖြစ် ဘုန်းတော်ကြီး ချဲလ်ဆိုဘရွှေကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မနေ့က ခန့်အပ်လိုက်ပါတယ်။ သာသနာပိုင် ဂိုဏ်းအုပ်ဆရာတော် တာဝန်ဟာ ကယားပြည်နယ် အတွင်း အိုးမဲ့အိမ်မဲ့ အတိဒုက္ခ ရောက်နေသူတွေကို လူသားချင်း စာနာမှု အကူအညီ ပေးအပ်ရေး ဦးစီးဦးဆောင် လုပ်ကိုင်သွားမယ့် တာဝန်ဖြစ်တဲ့ အကြောင်း Union of Catholic Asian News သတင်းမှာ ဖေါ်ပြပါတယ်။
ဘုန်းတော်ကြီး ချဲလ်ဆိုဘရွှေဟာ၊ လွိုင်ကော် ကက်သလစ်သာသနာ၏ ဘဏ္ဍာထိန်း၊ ဖားဆောင်းတိုက်နယ် ကျောင်းထိုင်ဘုန်းတော်ကြီး စတဲ့ တာဝန်တွေကို ယူခဲ့သူ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်က ဂိုဏ်းအုပ်ဆရာတော်ကြီး စတီးဖင်းတျေးဖဲ Stephen Tjephe ကွယ်လွန်ပြီးတဲ့နောက် လွိုင်ကော်ကက်သလစ် ဂိုဏ်းအုပ်သာသနာ၏ တာဝန်ခံ ဘုန်းတော်ကြီး အဖြစ် တာဝန်ယူခဲ့ပါတယ်။ အသက် ၅၈ နှစ်အရွယ် ဘုန်းတော်ကြီး ချဲလ်ဆို ဘရွှေကို မနေ့က သာသနာပိုင် ဆရာတော်အဖြစ် ကြေညာချိန်မှာ လွိုင်ကော်မြို့က Christ the King Cathedra ဘုရားကျောင်းမှာ ခေါင်းလောင်းတွေထိုး ကြိုဆိုခဲ့သလို၊ ပြည်တွင်း အိုးအိမ့်စွန့်ခွာ ထွက်ပြေးနေရတဲ့ IDP တွေ အပါအဝင်၊ ကက်သစ်လစ်ဘာသာဝင်တွေ စုဝေးခဲ့ကြပါတယ်။
လူပေါင်း တသိန်းခွဲလောက် အိုးမဲ့အိမ်မဲ့ ထွက်ပြေးနေရတဲ့ ကယားပြည်နယ်မှာ စစ်နဲ့အကြမ်းဖက်မှုတွေကြောင့် ခရစ်ယာန် အသင်းတော်နယ်ပယ် ၃၈ ခု ရှိတဲ့အထဲ နယ်ပယ် ၁၆ ခု ဆိုးဆိုးရွားရွား ထိခိုက်ပျက်ဆီးနေတယ်လို့လည်း Union of Catholic Asian News သတင်းမှာ ဖော်ပြပါတယ်။ ကယားပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း ဘာသာရေး အဆောက်အအုံတွေကို ပစ်ခတ်တာတွေ မလုပ်ကြဖို့ တောင်းဆိုခဲ့တဲ့ ကက်သလစ်ခရစ်ယာန် ဘုန်းတော်ကြီးတွေထဲမှာ ဘုန်းတော်ကြီး ချဲလ်ဆို ဘရွှေလည်း ပါဝင်ခဲ့ပါတယ်။

XS
SM
MD
LG