သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္း ၂ ႏွစ္ျပည့္ ျမန္မာျပည္အတြက္ ၃ ရက္ဆက္တိုက္ ဆုေတာင္းၾကဖို႔ ပုပ္ရဟန္းမင္းႀကီးေတာင္းဆို


ပုပ္ရဟန္မင္းႀကီး ဖရန္႔စစ္ (ဇန္နဝါရီ ၂၅၊ ၂၀၂၃)

ခရစ္ယာန္ေတြနဲ႔ ဘုရားေက်ာင္းေတြကို စစ္ေကာင္စီရဲ႕ တိုက္ခိုက္မႈ မၾကာမီက ျမင့္တက္လာၿပီးတဲ့ေနာက္ စစ္အာဏာသိမ္းမႈ ၂ ႏွစ္ျပည့္ မွာ ျမန္မာႏိုင္ငံအတြက္ ၃ ရက္ ဆက္တိုက္ ဆုေတာင္းၾကဖို႔ ပုပ္ရဟန္းမင္းႀကီးက ေတာင္းဆိုလိုက္ပါတယ္။

ဒီဆုေတာင္းပြဲကို ပုပ္ရဟန္းမင္းႀကီး တည္ေထာင္ထားတဲ့ "လိုအပ္တဲ့ ဘုရားေက်ာင္းေတြကို ကူညီေပးေရး" Aid to the Church in Need (ACN) အဖြဲ႕က ဦးေဆာင္ၿပီး ခရစ္ယာန္မ်ား ေသြးစည္းညီၫြတ္ေရး ဆုေတာင္းပြဲတစ္ရပ္ကို က်င္းပမွာ ျဖစ္ပါတယ္။ ကမာၻအႏွံ႔ သုံးရက္ ဆုေတာင္းပြဲကို ဒီေန႔ ဇန္နဝါရီ လ ၃၀ ကေန စစ္အာဏာသိမ္းတဲ့ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔အထိ ျပဳလုပ္မွာ ျဖစ္ပါတယ္။

“ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ ႏွစ္ႏွစ္ျပည့္ေတာ့မွာျဖစ္တဲ့အတိုင္း၊ ျမန္မာႏိုင္ငံက ေၾကကြဲစရာ ျဖစ္ရပ္ေတြကို ရပ္တန႔္ေပးႏိုင္တဲ့ ႏွလုံးသားေတြ ႏိုးထလာေအာင္ ဘုရားသခင္ကို ကြၽန္ေတာ္တို႔ ဆုေတာင္း ေတာင္းဆိုၾကမွာ ျဖစ္ပါတယ္” လို႔ ACN အဖြဲ႕ ရဲ႕ အလုပ္အမႈေဆာင္ အရာရွိ Thomas Heine-Geldern က ေျပာပါတယ္။

စစ္ေၾကာင့္ ထြက္ေျပးေနၾကရတဲ့ ကေလးေတြ၊ အမ်ိဳးသမီးေတြ၊ သက္ႀကီး႐ြယ္အိုေတြနဲ႔ မက်န္းမာၾကတဲ့သူေတြ အပါအဝင္ အိုးအိမ္ စြန႔္ခြါ ထြက္ေျပးသြားၾကရတဲ့ သူေတြအားလုံး အတြက္လည္း ဆုေတာင္းၾကမွာ ျဖစ္တယ္လို႔ ဇန္နဝါရီလ ၂၆ ရက္ေန႔က ထုတ္ျပန္ခဲ့တဲ့ ထုတ္ျပန္ခ်က္မွာThomas Heine-Geldern က ေျပာထားပါတယ္။ အၾကမ္းဖက္တိုက္ခိုက္ေနတာေတြရပ္ၿပီး၊ ေဆြးေႏြးပြဲကို ျပန္သြားၾကဖို႔အတြက္ ဆုေတာင္းၾကပါစို႔ လို႔လည္း သူက ဆိုပါတယ္။ ဇန္နဝါရီလ ၁၅ ရက္က ခ်မ္းသာ႐ြာမွာ လူေနအိမ္ေျခ ၅၀၀ နဲ႔အတူ ႏွစ္ ၁၀၀ သက္တမ္းရွိ ခရစ္ယာန္ ဘုရားေက်ာင္း ျပာက်သြားခဲ့ၿပီးတဲ့ေနာက္ ပုပ္ရဟန္းမင္းႀကီးက သူ႔ အေတြးေတြဟာ နာက်င္စြာနဲ႔ ျမန္မာႏိုင္ငံကို ေရာက္ရွိေနပါတယ္လို႔ ဇန္နဝါရီ ၂၂ ရက္ေန႔က ဆုေတာင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။

အာဏာသိမ္း ၂ ႏွစ္ ျပည့္ အာဏာရွင္ ဆန႔္က်င္ ကန႔္ကြက္ပြဲတစ္ရပ္ကို အီတလီႏိုင္ငံ ပါးမားလ္ၿမိဳ႕မွာလည္း ဇန္နဝါရီလ ၂၈ ရက္ က ျပဳလုပ္ခဲ့ၾကပါတယ္။ ဒီပြဲ ကို လႊတ္ေတာ္အမတ္ Albertina Soliani ၊ ၿမိဳ႕ေတာ္ဝန္ Michele Guerra နဲ႔ ေဒသဆိုင္ရာ အႀကီးအကဲေတြ၊ ဘာသာေရးဆိုင္ရာ တာဝန္ရွိသူေတြ၊ ပါးမားတကၠသိုလ္က ပါေမာကၡေတြ၊ အထက္တန္းေက်ာင္းသူ၊ ေက်ာင္းသားေတြ၊ ၿငိမ္းခ်မ္းေရးစင္တာဥကၠ႒နဲ႔ အီတလီေရာက္ျမန္မာေတြ တက္ေရာက္ခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

စစ်အာဏာသိမ်း ၂ နှစ်ပြည့် မြန်မာပြည်အတွက် ၃ ရက်ဆက်တိုက် ဆုတောင်းကြဖို့ ပုပ်ရဟန်းမင်းကြီးတောင်းဆို

ခရစ်ယာန်တွေနဲ့ ဘုရားကျောင်းတွေကို စစ်ကောင်စီရဲ့ တိုက်ခိုက်မှု မကြာမီက မြင့်တက်လာပြီးတဲ့နောက် စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့် မှာ မြန်မာနိုင်ငံအတွက် ၃ ရက် ဆက်တိုက် ဆုတောင်းကြဖို့ ပုပ်ရဟန်းမင်းကြီးက တောင်းဆိုလိုက်ပါတယ်။

ဒီဆုတောင်းပွဲကို ပုပ်ရဟန်းမင်းကြီး တည်ထောင်ထားတဲ့ "လိုအပ်တဲ့ ဘုရားကျောင်းတွေကို ကူညီပေးရေး" Aid to the Church in Need (ACN) အဖွဲ့က ဦးဆောင်ပြီး ခရစ်ယာန်များ သွေးစည်းညီညွတ်ရေး ဆုတောင်းပွဲတစ်ရပ်ကို ကျင်းပမှာ ဖြစ်ပါတယ်။ ကမ္ဘာအနှံ့ သုံးရက် ဆုတောင်းပွဲကို ဒီနေ့ ဇန်နဝါရီ လ ၃၀ ကနေ စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ ပြုလုပ်မှာ ဖြစ်ပါတယ်။

“ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ နှစ်နှစ်ပြည့်တော့မှာဖြစ်တဲ့အတိုင်း၊ မြန်မာနိုင်ငံက ကြေကွဲစရာ ဖြစ်ရပ်တွေကို ရပ်တန့်ပေးနိုင်တဲ့ နှလုံးသားတွေ နိုးထလာအောင် ဘုရားသခင်ကို ကျွန်တော်တို့ ဆုတောင်း တောင်းဆိုကြမှာ ဖြစ်ပါတယ်” လို့ ACN အဖွဲ့ ရဲ့ အလုပ်အမှုဆောင် အရာရှိ Thomas Heine-Geldern က ပြောပါတယ်။

စစ်ကြောင့် ထွက်ပြေးနေကြရတဲ့ ကလေးတွေ၊ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ မကျန်းမာကြတဲ့သူတွေ အပါအဝင် အိုးအိမ် စွန့်ခွါ ထွက်ပြေးသွားကြရတဲ့ သူတွေအားလုံး အတွက်လည်း ဆုတောင်းကြမှာ ဖြစ်တယ်လို့ ဇန်နဝါရီလ ၂၆ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်မှာThomas Heine-Geldern က ပြောထားပါတယ်။ အကြမ်းဖက်တိုက်ခိုက်နေတာတွေရပ်ပြီး၊ ဆွေးနွေးပွဲကို ပြန်သွားကြဖို့အတွက် ဆုတောင်းကြပါစို့ လို့လည်း သူက ဆိုပါတယ်။ ဇန်နဝါရီလ ၁၅ ရက်က ချမ်းသာရွာမှာ လူနေအိမ်ခြေ ၅၀၀ နဲ့အတူ နှစ် ၁၀၀ သက်တမ်းရှိ ခရစ်ယာန် ဘုရားကျောင်း ပြာကျသွားခဲ့ပြီးတဲ့နောက် ပုပ်ရဟန်းမင်းကြီးက သူ့ အတွေးတွေဟာ နာကျင်စွာနဲ့ မြန်မာနိုင်ငံကို ရောက်ရှိနေပါတယ်လို့ ဇန်နဝါရီ ၂၂ ရက်နေ့က ဆုတောင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

အာဏာသိမ်း ၂ နှစ် ပြည့် အာဏာရှင် ဆန့်ကျင် ကန့်ကွက်ပွဲတစ်ရပ်ကို အီတလီနိုင်ငံ ပါးမားလ်မြို့မှာလည်း ဇန်နဝါရီလ ၂၈ ရက် က ပြုလုပ်ခဲ့ကြပါတယ်။ ဒီပွဲ ကို လွှတ်တော်အမတ် Albertina Soliani ၊ မြို့တော်ဝန် Michele Guerra နဲ့ ဒေသဆိုင်ရာ အကြီးအကဲတွေ၊ ဘာသာရေးဆိုင်ရာ တာဝန်ရှိသူတွေ၊ ပါးမားတက္ကသိုလ်က ပါမောက္ခတွေ၊ အထက်တန်းကျောင်းသူ၊ ကျောင်းသားတွေ၊ ငြိမ်းချမ်းရေးစင်တာဥက္ကဋ္ဌနဲ့ အီတလီရောက်မြန်မာတွေ တက်ရောက်ခဲ့ကြပါတယ်။

XS
SM
MD
LG