သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ခ်မ္းသာရြာ ဘုရားေက်ာင္း မီး႐ႈိ႕ခံမႈအတြက္ ပုပ္ရဟန္းမင္းႀကီး ၀မ္းနည္းစကားပါး


Vatican Pope

အၾကမ္းဖက္ ပဋိပကၡေတြ ေပၚေပါက္ေနတဲ့ ျမန္မာနဲ႔ ကမာၻတလႊား ၿငိမ္းခ်မ္းေရးအတြက္ တနဂၤေႏြေန႔က က်ေရာက္တဲ့ တ႐ုတ္ႏွစ္သစ္ကူး အထိမ္းအမွတ္ ေဟာၾကားရာမွာ ပုပ္ရဟန္းမင္းႀကီးက တိုက္တြန္းလိုက္ပါတယ္။

ခ်မ္းသာရြာ ဘုရားေက်ာင္း မီး႐ႈိ႕ခံမႈအတြက္ ပုပ္ရဟန္းမင္းႀကီး ၀မ္းနည္းစကားပါး

{{Zawgyi/Unicode}}
အၾကမ္းဖက္ ပဋိပကၡေတြ ေပၚေပါက္ေနတဲ့ ျမန္မာနဲ႔ ကမာၻတလႊား ၿငိမ္းခ်မ္းေရးအတြက္ တနဂၤေႏြေန႔က က်ေရာက္တဲ့ တ႐ုတ္ႏွစ္သစ္ကူး အထိမ္းအမွတ္ ေဟာၾကားရာမွာ ပုပ္ရဟန္းမင္းႀကီးက တိုက္တြန္းလိုက္ပါတယ္။ စစ္ကိုင္းတိုင္း၊ ေရဦးၿမိဳ႕နယ္၊ ခ်မ္းသာေက်းရြာက ႏွစ္ေပါင္းရာေက်ာ္ ခရစ္ယာန္ဘုရားေက်ာင္း မီး႐ႈိ႕ဖ်က္ဆီးခံရတဲ့ သတင္းထြက္ေပၚခဲ့ၿပီးေနာက္မွာ ပုပ္ရဟန္းမင္းႀကီး မိန္႔ၾကားလိုက္တာလည္း ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ အေရးအပါဆုံးနဲ႔ ေရွးအက်ဆုံး ၀တ္ျပဳရာေနရာေတြထဲမွာ အပါအ၀င္ျဖစ္တဲ့ ခ်မ္းသာရြာက ဘုရားေက်ာင္း မီး႐ႈိ႕ဖ်က္ဆီးခံရတာ အပါအ၀င္ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္လို႔ စိတ္မေကာင္းျဖစ္ရေၾကာင္း ဗာတီကန္ေက်ာင္းေတာ္ စိန္႔ပီတာရင္ျပင္က ပရိတ္သတ္ကို တနဂၤေႏြေန႔က ပုပ္ရဟန္းမင္းႀကီး Francis မိန္႔ၾကားခဲ့တာပါ။

တျခားၿမိဳ႕ေတြမွာ အကာအကြယ္မဲ့တဲ့ အရပ္သားေတြအေပၚ ဆိုးဆိုးရြားရြား ျပဳုမူခံေနရတဲ့ အေျခအေနေတြကိုလည္း ပုပ္ရဟန္းမင္းႀကီးက အေလးထား မိန္႔ၾကားခဲ့သလို၊ ၿငိမ္းခ်မ္းေရးနဲ႔ ခြင့္လႊတ္ရမယ့္ အခ်ိန္ျဖစ္ေၾကာင္းလည္း တိုက္တြန္းသြားပါတယ္။ ျမန္မာစစ္တပ္က ခ်မ္းသာရြာ ဘုရားေက်ာင္းကို မၾကာေသးခင္က ဖ်က္ဆီးခဲ့တဲ့ လုပ္ရပ္နဲ႔ တျခားအၾကမ္းဖက္မႈေတြ ေပၚေပါက္ေနခ်ိန္မွာ ရဟန္းအမတ္ ခ်ားလ္စ္ေမာင္ဘို အပါအ၀င္ ျမန္မာႏိုင္ငံက ဘာသာေရး ေခါင္းေဆာင္ေတြကလည္း ၿငိမ္းခ်မ္းေရးကို ေရွ႕႐ႈၾကဖို႔ အႏူးအၫြတ္ပန္ၾကားေနတဲ့အေၾကာင္း ဗာတီကန္က သတင္းထုတ္ျပန္ထားပါတယ္။

ျမန္မာႏိုင္ငံမွာ ၂၀၂၁ ခုႏွစ္က အရပ္သားအစိုးရကို စစ္တပ္က ဖယ္ရွားၿပီး အာဏာသိမ္းခဲ့ရာက ေနာက္ဆက္တဲြ ႏိုင္ငံေရး အက်ပ္အတည္းေတြနဲ႔အတူ လက္နက္ကိုင္ပဋိပကၡေတြ၊ ႏိုင္ငံေရးအရ အၾကမ္းဖက္မႈေတြလည္း ေပၚေပါက္ေနတာပါ။ အၾကမ္းဖက္ တိုက္ခိုက္မႈေတြမွာ အရပ္သားေတြနဲ႔ ဘာသာေရး အေဆာက္အဦးေတြကို ပစ္မွတ္ထားခံရတာေတြ ရွိေပမဲ့ စစ္အာဏာပိုင္ေတြကေတာ့ မၾကာခဏ ျငင္းဆန္ေလ့ရွပါတယ္။

တိုက္႐ိုက္ လင့္ခ္

ချမ်းသာရွာ ဘုရားကျောင်း မီးရှို့ခံမှုအတွက် ပုပ်ရဟန်းမင်းကြီး ဝမ်းနည်းစကားပါး

{{Zawgyi/Unicode}}
အကြမ်းဖက် ပဋိပက္ခတွေ ပေါ်ပေါက်နေတဲ့ မြန်မာနဲ့ ကမ္ဘာတလွှား ငြိမ်းချမ်းရေးအတွက် တနင်္ဂနွေနေ့က ကျရောက်တဲ့ တရုတ်နှစ်သစ်ကူး အထိမ်းအမှတ် ဟောကြားရာမှာ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းလိုက်ပါတယ်။ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ချမ်းသာကျေးရွာက နှစ်ပေါင်းရာကျော် ခရစ်ယာန်ဘုရားကျောင်း မီးရှို့ဖျက်ဆီးခံရတဲ့ သတင်းထွက်ပေါ်ခဲ့ပြီးနောက်မှာ ပုပ်ရဟန်းမင်းကြီး မိန့်ကြားလိုက်တာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အရေးအပါဆုံးနဲ့ ရှေးအကျဆုံး ဝတ်ပြုရာနေရာတွေထဲမှာ အပါအဝင်ဖြစ်တဲ့ ချမ်းသာရွာက ဘုရားကျောင်း မီးရှို့ဖျက်ဆီးခံရတာ အပါအဝင် မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ စိတ်မကောင်းဖြစ်ရကြောင်း ဗာတီကန်ကျောင်းတော် စိန့်ပီတာရင်ပြင်က ပရိတ်သတ်ကို တနင်္ဂနွေနေ့က ပုပ်ရဟန်းမင်းကြီး Francis မိန့်ကြားခဲ့တာပါ။

တခြားမြို့တွေမှာ အကာအကွယ်မဲ့တဲ့ အရပ်သားတွေအပေါ် ဆိုးဆိုးရွားရွား ပြုုမူခံနေရတဲ့ အခြေအနေတွေကိုလည်း ပုပ်ရဟန်းမင်းကြီးက အလေးထား မိန့်ကြားခဲ့သလို၊ ငြိမ်းချမ်းရေးနဲ့ ခွင့်လွှတ်ရမယ့် အချိန်ဖြစ်ကြောင်းလည်း တိုက်တွန်းသွားပါတယ်။ မြန်မာစစ်တပ်က ချမ်းသာရွာ ဘုရားကျောင်းကို မကြာသေးခင်က ဖျက်ဆီးခဲ့တဲ့ လုပ်ရပ်နဲ့ တခြားအကြမ်းဖက်မှုတွေ ပေါ်ပေါက်နေချိန်မှာ ရဟန်းအမတ် ချားလ်စ်မောင်ဘို အပါအဝင် မြန်မာနိုင်ငံက ဘာသာရေး ခေါင်းဆောင်တွေကလည်း ငြိမ်းချမ်းရေးကို ရှေ့ရှုကြဖို့ အနူးအညွတ်ပန်ကြားနေတဲ့အကြောင်း ဗာတီကန်က သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်က အရပ်သားအစိုးရကို စစ်တပ်က ဖယ်ရှားပြီး အာဏာသိမ်းခဲ့ရာက နောက်ဆက်တွဲ နိုင်ငံရေး အကျပ်အတည်းတွေနဲ့အတူ လက်နက်ကိုင်ပဋိပက္ခတွေ၊ နိုင်ငံရေးအရ အကြမ်းဖက်မှုတွေလည်း ပေါ်ပေါက်နေတာပါ။ အကြမ်းဖက် တိုက်ခိုက်မှုတွေမှာ အရပ်သားတွေနဲ့ ဘာသာရေး အဆောက်အဦးတွေကို ပစ်မှတ်ထားခံရတာတွေ ရှိပေမဲ့ စစ်အာဏာပိုင်တွေကတော့ မကြာခဏ ငြင်းဆန်လေ့ရှပါတယ်။

XS
SM
MD
LG