COVID-19 ရောဂါ နောက်ဆက်တွဲခံစားရမှု အသေအချာနားမလည်နိုင်သေး

ကိုဗစ်ကာကွယ်ဆေး ထိုးဖို့ပြင်ဆင်နေစဉ် ( ဓာတ်ပုံ - AFP)

(Zawgyi/Unicode)

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး ပြန်လည်သက်သာ ပျောက်ကင်းသွားသူတဦးမှာ ရောဂါလက္ခဏာတွေ ဆက်တွေ့နေရတဲ့အပေါ် ဆေးပညာအသိုင်းအဝိုင်းက အနည်းအကျဉ်းလောက်ပဲ နားလည်ထားတာကို နောက်ဆုံးထုတ်ပြန်တဲ့ ထိပ်တန်းဆေးပညာဂျာနယ်တခုမှာ ဖော်ပြထားပါတယ်။

ဒီဖြစ်ရပ်ဟာ ဆေးပညာအတွက် ခေတ်ပေါ်စိန်ခေါ်ချက်တခုဖြစ်ပြီး သင့်တော်မှန်ကန်စွာကိုင်တွယ်နိုင်ဖို့ အရင်လေ့လာဖို့ လိုသေးတယ်လို့လည်း The Lancet ဆေးပညာဂျာနယ်မှာ ဖော်ပြထားပါတယ်။ ဒီရောဂါလက္ခဏာတွေကို ကာလရှည် ကိုဗစ်ရောဂါ “long COVID” ဆိုပြီး လူသိများလာသလို ရောဂါလက္ခဏာပျောက်သွားဖို့ တနှစ်လောက်ကြာနိုင်တယ်လို့လည်း The Lancet ဆေးပညာဂျာနယ်မှာ ဖော်ပြထားပါတယ်။

နောက်ဆက်တွဲခံစားရတဲ့ ရောဂါလက္ခဏာတွေထဲမှာ မောပန်းနွမ်းနယ်တာ၊ အသက်ရှုရခက်တာ၊ မေ့လွယ်တာနဲ့ စိတ်ဓာတ်ကျတာတွေလည်းပါဝင်ပါတယ်။ ပဟေဋိဆန်တဲ့ ဒီလိုနောက်ဆက်တွဲရောဂါလက္ခဏာရဲ့အဖြေကိုရှာတဲ့နေရာမှာ သိပ္ပံပညာအရရော ဆေးပညာအရပါ အပြည့်အ၀ အာရုံစိုက်ပြီး အင်တိုက်အားတိုက်လုပ်ကိုင်ဖို့ိလိုတယ်လို့လည်း ဆိုထားပါတယ်။

ဒီအချိန်မှာပဲကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကလည်း ကာကွယ်ဆေး အလုံအလောက်မထိုးနိုင်ရင် ကြုံလာရမယ့်အကျိုးဆက်တွေအကြောင်း ဒီသီတင်းပတ်အစောပိုင်းမှာပဲ ထပ်ပြီး သတိပေးခဲ့ပါတယ်။ ကမ္ဘာ့တချို့နိုင်ငံတွေမှာ ပိုးကူးစက်မှုကျဆင်းလာပေမယ့် ပိုးကူးစက်မှုမြင့်တက်နေတဲ့ နိုင်ငံတွေလည်းရှိနေဆဲပါ။ ဒီလို ဗိုင်းရပ်စ်ပိုး တွေဆက်ပြီး ကူးစက်နေသမ ျှ ဘယ်နေရာမှာမှ အန္တရာယ်မကင်းဘူးလို့လည်း WHO အကြီးအကဲက သတိပေးပါတယ်။

အမေရိကန် Johns Hopkins တက္ကသိုလ်၊ ကိုဗစ်သုတေသနဌာနစစ်တမ်းအရ ကမ္ဘာတဝန်း ပိုးကူးခံရသူ ၂၁၄ သန်းကျော်နဲ့ သေဆုံးသူ ၄ သန်းခွဲကျော်ထိရှိပါတယ်။ ကမ္ဘာတဝန်း ကာကွယ်ဆေးထိုးပြီးသူက ၅ ဘီလီယံကျော်ရှိပါတယ်။

...........................................................................................

Your browser doesn’t support HTML5

COVID-19 ရောဂါ နောက်ဆက်တွဲခံစားရမှု အသေအချာနားမလည်နိုင်သေး



(Unicode)




