ကပ်ရောဂါကန့်သတ်ချက်များ ကမ္ဘာတဝန်း တိုးမြှင့်ချမှတ်

Austria နိုင်ငံ Vienna မြို့မှာ ကိုဗစ်ရောဂါ စစ်ဆေးနေတဲ့ မြင်ကွင်း။ (နိုဝင်ဘာ ၃၀၊ ၂၀၂၀)

[Zawgyi/Unicode]

ကမ္ဘာ့ဒေသအတော်များများမှာ နေ့စဉ် COVID-19 ရောဂါကူးစက်မှု စံချိန်တင်တိုးလာနေတဲ့အတွက် ရောဂါထိန်းချုပ်နိုင်ဖို့ အစိုးရအဖွဲ့တွေဘက်က ကန့်သတ်တားမြစ်ချက်တွေဆက်ပြီးချမှတ်နေရပါတယ်။

ဥရောပဘက်မှာတော့ ပိုးကူးသူ ၁.၃ သန်းကျော်နဲ့ သေဆုံးသူ ၂၂,၀၀၀ ကျော်ရှိ ဂျာမဏီနိုင်ငံမှာ တနင်္လာနေ့ကစပြီး ဒုတိယအကျော့ ကန့်သတ်မှုတွေ ပြန်ချမှတ်ထားပါတယ်။ အမေရိကန် John Hopkins တက္ကသိုလ်စစ်တမ်းအရ ဥရောပထဲမှာ ကိုဗစ်ကြောင့်သေဆုံးသူအများဆုံးရှိတဲ့ ဗြိတိန်နိုင်ငံကိုကျော်ပြီး အီတလီနိုင်ငံက သေဆုံးသူ ၆၄,၀၀၀ ကျော်ထိရှိလာပါတယ်။

SEE ALSO: အမေရိကန်မှာ COVID-19 ကာကွယ်ဆေး ထိုးနှံရေး စတင်

အာရှဘက်မှာတော့ ပိုးကူးစက်မှု ပြန်တိုးလာတဲ့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တဝိုက်မှာ ပိုးစစ်ဆေးတဲ့နေရာ ၂၁၀ ရှိထားသလို နောက်ထပ်ပိုးစစ်ဆေးတဲ့နေရာ ၁၅၀ တိုးချဲ့ဖွင့်လှစ်မယ်လို့အစိုးရက ပြောပါတယ်။ တောင်ကိုရီးယားမှာ တနင်္ဂနွေနေ့က ပိုးကူးသူသစ် ၁,၀၀၀ ကျော်ရှိပြီး ဒီကနေ့မှာတော့ ၇၁၈ ဦးရှိပါတယ်။ တောင်ကိုရီးယားမှာ တနင်္လာနေ့ထိ ပိုးကူးသူစုစုပေါင်း ၄၃,၀၀၀ ကျော်နဲ့ သေဆုံးသူ ၅၈၇ ဦးရှိကြောင်း ကိုရီးယားကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာနကပြောပါတယ်။

ကမ္ဘာမှာ ပိုးကူးသူရော၊ သေဆုံးသူပါ အများဆုံးရှိတဲ့ အမေရိကန်နိုင်ငံမှာ ပိုးကူးသူ ၁၆ သန်းကျော်နဲ့ သေဆုံးသူက ၃၀၀,၀၀၀ ကျော်ပါပြီ။ အမေရိကန်ပြီးရင်ပိုးကူးသူ ဒုတိယအများဆုံးရှိတဲ့ အိန္ဒိယမှာတော့ ပိုးကူးသူ ၁၀ သန်းနား ကပ်နေပါပြီ။ အမေရိကန် John Hopkins တက္ကသိုလ်စစ်တမ်းအရ ကမ္ဘာတဝန်း ပိုးကူးခံရသူ ၇၂ သန်းကျော်နဲ့ သေဆုံးသူ ၁.၆ သန်းကျော်ရှိပါတယ်။

Your browser doesn’t support HTML5

ကပ်ရောဂါကန့်သတ်ချက်များ ကမ္ဘာတဝန်း တိုးမြှင့်ချမှတ်

[Unicode Version]




SEE ALSO: အာရှတလွှား ကပ်ဘေးကန့်သတ်မှုတွေ တိုးလုပ်

