COVID-19 ကူးစက်သူတွေထဲ ကမ္ဘာ့ခေါင်းဆောင်တွေလည်းပါ

Monaco နိုင်ငံရဲ့ ဥသျှောင် Prince Albert II နဲ့ ဇနီးဖြစ်သူ Princess Charlene (သတင်းဓာတ်ပုံ - ဇန်နဝါရီ ၂၇၊ ၂၀၂၀)

(Zawgyi/Unicode)

Coronavirus ပိုး ကူးစက်နေကြသူတွေထဲမှာ ကမ္ဘာ့အကြီးအကဲတချို့လည်း ပါဝင်နေပါတယ်။

Monaco နိုင်ငံရဲ့ ဥသျှောင် Prince Albert မှာ coronavirus ပိုးကူးစက်နေတယ်လို့ သူ့နန်းတော်က ကြေညာချက်ထုတ်ပြန်ပါတယ်။ Princess Grace ဆေးရုံက ဆရာဝန်တွေက Albert ဘုရင်ကြီးကို ကုသပေးနေပြီး အသက် ၆၂ နှစ်အရွယ် ဘုရင်ကြီးရဲ့ ကျန်းမာရေးအခြေအနေ စိုးရိမ်စရာ မရှိဘူးလို့လည်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

❒ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုမရှိရင် COVID-19 ကြောင့် လူသန်းချီ သေဆုံးနိုင်ဆိုတဲ့ သတင်းလည်း ဒီမှာ ဖတ်နိုင်ပါပြီ။

Monaco ဘုရင်ဟာ Coronavirus ပိုးကူးစက်နေတယ်လို့ လူသိရှင်ကြား ကြေညာတဲ့ ပထမဆုံး နိုင်ငံ့ခေါင်းဆောင်ဖြစ်ပါတယ်။ Albert ဘုရင်ကြီးဟာ နန်းတော်ထဲက သူ့ရုံးခန်းမှာ အလုပ်တွေ ဆက်လုပ်နေသလို အစိုးရအဖွဲ့ဝင်တွေနဲ့လည်း ပုံမှန် အဆက်အသွယ်ရှိတယ်လို့ နန်းတော်ရဲ့ ကြေညာချက်ထဲမှာ ပြောထားပါတယ်။

ဒီသတင်းနဲ့ တဆက်ထဲပဲ EU ဥရောပကော်မရှင်အကြီးအကဲ တယောက်လည်း Coronavirus ပိုးကူးစက်နေတယ်လို့ EU ကော်မရှင် ပြောခွင့်ရသူက အတည်ပြုပါတယ်။ EU နဲ့ EU ထဲက နုတ်ထွက်သွားတဲ့ ဗြိတိန်နိုင်ငံကြား သဘောတူညီမှုတွေ ရရှိရေး အဓိကဆွေးနွေးနေတဲ့ ညှိနှိုင်းရေးမှူးချုပ် Michael Barnier မှာ Coronavirus ပိုးကူးစက်နေတယ်ဆိုတာကို ကြာသပတေးနေ့က ပြောကြားခဲ့တာပါ။

EU ကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen

သူ့နဲ့ လူချင်းတေ့ွဆုံခဲ့တဲ့ EU ကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen အနေနဲ့ Coronavirus ပိုး ရှိ၊ မရှိ စစ်ဆေးမယ်လို့ ပြောခွင့်ရ Eric Mamer ကပြောပါတယ်။ Michael Barnier နဲ့ von der Leyen တို့ သီတင်း နှစ်ပတ်က တွေ့ဆုံခဲ့ပေမဲ့ von der Leyen ဆီမှာ ရောဂါလက္ခဏ္ဍာ တစုံတရာ မပြသဘူးလို့ပြောပါတယ်။

ညှိနှိုင်းရေးမှူးချုပ် Barnier COVID-19 ရောဂါဖြစ်နေပေမဲ့ EU နဲ့ UK ကြား ညှိနှိုင်းမှုတွေကို ဆက်လုပ်သွားမယ်လို့ EU ကော်မရှင်တာဝန်ရှိသူတွေက ပြောပါတယ်။

Republican ပါတီအမတ် Mario Diaz-Balart နဲ့ Democrat အမတ် Ben McAdams

အမေရိကန်ပြည်ထောင်စုမှာလည်း အောက်လွှတ်တော်အမတ် နှစ်ယောက်ဖြစ်တဲ့ Republican ပါတီအမတ် Mario Diaz-Balart နဲ့ Democrat အမတ် Ben McAdams တို့ Coronavirus ပိုးကူးစက်နေတဲ့အတွက် တခြားသူတွေနဲ့ မထိတွေ့ဘဲ သီးခြားခွဲနေနေကြပါတယ်။

Your browser doesn’t support HTML5

COVID-19 ကူးစက်သူတွေထဲ ကမ္ဘာ့ခေါင်းဆောင်တွေလည်းပါ

[Unicode Version]







သူ့နဲ့ လူခငြျးတှေ့ဆုံခဲ့တဲ့ EU ကောျမရှငျဥက်ကဋ်ဌ Ursula von der Leyen အနနေဲ့ Coronavirus ပိုး ရှိ၊ မရှိ စဈဆေးမယျလို့ ပွောခှင့ျရ Eric Mamer ကပွောပါတယျ။ Michael Barnier နဲ့ von der Leyen တို့ သီတငျး နှဈပတျက တှေ့ဆုံခဲ့ပမေဲ့ von der Leyen ဆီမှာ ရောဂါလက်ခဏ်ဍာ တစုံတရာ မပွသဘူးလို့ပွောပါတယျ။

