(Zawgyi/Unicode)
COVID-19 ကာကွယ်ဆေးကို ကမ္ဘာတလွှား ဆင်းရဲချမ်းသာမရွေး ဖြန့်ဝေပေးနိုင်ရေးအတွက် ရည်ရွယ်တဲ့ COVAX အဖွဲ့ထဲမှာ ပါဝင်လာတဲ့ နိုင်ငံပေါင်းဟာ အခုဆို ၁၈၄ နိုင်ငံ ရှိလာပြီလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ Tedros Adhanom Ghebreyesus က တနင်္လာနေ့ Geneva သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒီရောဂါကာကွယ်ဆေး ဖြန့်ဝေပေးရေးအတွက် GAVI, CEPI နဲ့ WHO တို့ ဦးဆောင်တဲ့ COVAX အဖွဲ့ ထဲမှာ အောက်တိုဘာလ ၉ ရက်နေ့မှာ ၁၇၁ နိုင်ငံ ပဲ ရှိရာကနေ အခုနိုင်ငံပေါင်း ၁၈၄ နိုင်ငံရှိလာပြီ ဆိုတာကို ကြေညာခဲ့တာပါ။
ရလာမယ့် ကာကွယ်ဆေးကို တန်းတူညီမ ျှ မ ျှဝေပေးတာဟာ ကမ္ဘာ့လူမှု အသိုင်းဝိုင်း တခုလုံး အတွက် အန္တရာယ်မရှိအောင်နဲ့ ကျန်းမာရေးစနစ်တွေ
တည်ငြိမ်မှုရှိလာအောင်အပြင် ကမ္ဘာ့စီးပွါးရေး ပြန်နလံထူလာရေးတွေ အတွက် အမြန်ဆုံး လုပ်နိုင်တဲ့ နည်းလမ်း တခု ဖြစ်ကြောင်းလည်း ပြောပါတယ်။
ဒါ့အပြင် ဒီ ကပ်ရောဂါမပြန့်ပွါးအောင် ချမှတ်ထားတဲ့ စည်းကမ်းသတ်မှတ်ချက်တွေ ဖြေလေ ျှာ့ ပေးလိုက်တာနဲ့ တဟုန်ထိုး ပြန်ဖြစ်ပွား လာနိုင်တယ် ဆိုတာကို ဒီဗိုင်းရပ်စ်က ပြနေသလို ဆေးရုံတွေနဲ့ ကျန်းမာရေးစနစ်တွေကိုပါ ခြိမ်းခြောက်လာတာ တွေ့ရကြောင်းလည်း ပြောပါတယ်။
ကမ္ဘာတလွှား COVID-19 အကူးစက်ခံရသူဟာ တနင်္လာနေ့မှာ သန်း ၄၀ ကျော်သွား ပြီလို့ ဒီကပ်ရောဂါဆိုင်ရာ စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ အမေရိကန် Johns Hopkins တက္ကသိုလ် စစ်တမ်းမှာ ဖေါ်ပြထားပါတယ်။ သေဆုံးရသူကလည်း ၁.၁ သန်းကျော်သွားပြီ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံက အကူးစက်ခံရသူ ၈.၁ သန်းနဲ့ ကမ္ဘာမှာ အများဆုံး ဖြစ်နေပြီး သေဆုံးရသူကလည်း ၂ သိန်း ၂ သောင်း နီးပါး ဖြစ်နေပါပြီ။
ဥရောပ တလွှားမှာ COVID-19 ဒုတိယလှိုင်း ကြောင့် ကူးစက်မှုနဲ့ သေဆုံးမှုတွေ တိုးလာနေတဲ့ အတွက် အီတလီ၊ ပြင်သစ်နဲ့ ဗြိတိန် အပါအဝင် နိုင်ငံအတော်များများမှာ စည်းကမ်းသတ်မှတ် တားမြစ်ချက် အသစ်တွေ ထုတ်ပြန်နေပါတယ်။
Your browser doesn’t support HTML5
..........
(Unicode)