(Zawgyi/Unicode)
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို အရေးပေါ် ဒါမှမဟုတ် အပြည့်အဝ ထုတ်လုပ်သုံးစွဲခွင့် ပြု-မပြု ဆုံးဖြတ်ချက်ကို သိပ္ပံရလဒ်တွေ ပေါ် အခြေခံပြီး ချမှတ်သွားမယ်လို့ အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန FDA အကြီးအကဲက ပြော ပါတယ်။
“ကာကွယ်ဆေးကို သုံးစွဲဖို့ ခွင့်ပြုချက်ပေးရာမှာပွင့်လင်းမြင်သာပြီး လွတ်လပ်တဲ့ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်သွားမှာ ဖြစ်ပြီး FDA ဝန်ထမ်းမိသားစုတွေကို ကိုယ်တိုင် စိတ်ချလက်ချ မထိုးပေးနိုင်တဲ့ ဆေးမျိုးကို ခွင့်ပြုပေးသွားမှာ မဟုတ်ဘူး”လို့ FDA အကြီးအကဲ Dr. Stephen Hahn က ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့အထက်လွှတ်တော် ကြားနာပွဲမှာ ကတိပြု ပြော ကြားလိုက်တာ ဖြစ်ပါတယ်။
FDA ရဲ့ ဘေးကင်းလုံခြုံရေးနဲ့ ထိရောက်မှုဆိုင်ရာ စည်းမျဉ်းတွေနဲ့အညီ FDA က သိပ္ပံပညာရှင်တွေက ကာကွယ်ဆေးတွေ သုံးစွဲသင့် မသင့်ကို အဆုံးအဖြတ်ပေးသွားမှာလို့လည်းDr. Hahn က ပြောပါတယ်။
အဲဒီကြားနာပွဲမှာပဲ အမေရိကန်ကူးစက်ရောဂါကာကွယ်ရေးဌာန ကျွမ်းကျင်ပညာရှင် Dr. Anthony Fauci က အခုလောလောဆယ် အလားအလာရှိတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေကို ကျယ်ကျယ်ပြန့်ပြန့်စမ်းသပ်နေပြီး လာမယ့် နိုဝင် ဘာလ ဒါမှမဟုတ် ဒီဇင်ဘာလအရောက်မှာ ဘေးကင်းပြီးထိရောက်တဲ့ ကာကွယ်ဆေးတခုရနိုင်၊ မရနိုင် သိရမယ်လို့ ခန့်မှန်းထား ကြောင်းပြောပါတယ်။
ကာကွယ်ဆေးနဲ့ ပတ်သက်လို့ အကောင်းမြင်မျှော်လင့်ထားပေမဲ့ ထိရောက်တဲ့ ဆေးရမယ်လို့ ကြိမ်းသေပေါက် အာမခံလို့တော့ မရဘူး လို့ Fauci က သတိပေးပြောကြားခဲ့ပါတယ်။ဒါ့အပြင် ကာကွယ်ဆေးရရင်တောင်မှ နှာခေါင်းစည်း ဝတ်ဆင်ဖို့နဲ့ လူချင်းခပ်ခွါခွါ နေကြ ဖို့ဆိုတဲ့ ရောဂါ ကူးစက်မှုကို ကာကွယ်တဲ့ ကျန်းမာရေး အကြံပေးချက်တွေကို ဆက်လက်လိုက်နာသွားဖို့ လိုအပ်ကြောင်း၊ ကာကွယ်ဆေး နဲ့ အတူ လူထုကျန်းမာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာသွားမယ်ဆိုရင် ဒီကပ်ရောဂါကြီးကိုကျော်လွှားနိုင်မှာ ဖြစ်ကြောင်းDr.Fauci က ပြောပါတယ်။
အမေရိကန်နိုင်ငံထဲ စမ်းသပ်ဆဲ ကာကွယ်ဆေးတချို့ သုံးစွဲခွင့် အတည်ပြုချက်ရတဲ့ အခါ ပြည်သူလူထုကြား အလျင်အမြန်သုံးစွဲနိုင်ဖို့ အတွက် ဆေးတချို့ကို လောလောဆယ် ထုတ်လုပ်ထားနိုင်ဖို့ အမေရိကန်တို့ ပြင်ဆင်နေပါတယ်။
Your browser doesn’t support HTML5
...............
(Unicode)